Food & Livestock



ဖိလစ်ပိုင် သကြားတန်ချိန် တစ်သိန်းခွဲအထိ တင်သွင်းရန် သမ္မတ အတည်ပြု

ဖိလစ်ပိုင် သကြားတန်ချိန် တစ်သိန်းခွဲအထိ တင်သွင်းရန် သမ္မတ အတည်ပြု

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ပြည်တွင်းစျေးနှုန်းများ တည်ငြိမ်စေရန်နှင့် ပြတ်လပ်မှု မပေါ်ပေါက်စေရန်အတွက် သကြားတန်ချိန် ၁၅၀,၀၀၀ အထိ တင်သွင်းရန် တနင်္လာနေ့ (မေ ၁၅)တွင် အတည်ပြု‌ပေးခဲ့သည်။

.

"စျေးနှုန်းတည်ငြိမ်ဖို့အတွက် သကြားထပ်တိုးတင်သွင်းဖို့ သဘောတူညီခဲ့ပါတယ်။ အများဆုံးပမာဏကတော့ မက်ထရစ်တန်ချိန် တစ်သိန်းခွဲ ဖြစ်ပေမယ့် အဲဒီထက်နည်းပါလိမ့်မယ်" ဟု သမ္မတက ပြောကြားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

.

သန့်စင်ပြီး သကြားတန်ချိန် ၄၄၀,၀၀၀ အထိ တင်သွင်းရန် အစိုးရက ကြိုးပမ်းနေသည်ဟု အစိုးရမှ ပြောကြားပြီး သုံးလအကြာတွင် ယခု အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဖိလစ်ပိုင်သည် ထိုင်းသကြားကို များသောအားဖြင့် တင်သွင်းလေ့ရှိသည်။

.

Sugar Regulatory Administration (SRA) က ပြည်တွင်း သကြားဖူလုံရန် တန်ချိန် တစ်သိန်းမှ တစ်သိန်းခွဲအထိ တင်သွင်းရန် လိုအပ်မည်ဟု ခန့်မှန်းထားသည်။

.

 Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Wednesday, 17 May 2023 09:18
Rate this item
(0 votes)