Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းနိုင်ငံက လာမည့်နှစ်တွင် မြန်မာ့ပြောင်းများကို ဝယ်ယူရန် ကမ်းလှမ်းထား

Unicode

ထိုင်းနိုင်ငံက လာမည့်နှစ်တွင် မြန်မာ့ပြောင်းများကို ဝယ်ယူရန် ကမ်းလှမ်းထား

ထိုင်းနိုင်ငံက လာမယ့်နှစ်တွင် မြန်မာ့ပြောင်းတန်ချိန် ခြောက်သိန်းခွဲကို ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းထံမှ သိရပါတယ်။

 

၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် (၄၇၀၀၀၀) ကျော်တင်ပို့ခဲ့ပြီး လာမယ့်နှစ်တွင် ၎င်းတို့နိုင်ငံ၏ ပြောင်းလိုအပ်ချက် မြင့်တက်လာနိုင်တဲ့အတွက် ပြောင်းတန်ချိန်ပမာဏ တိုးမြှင့်ကမ်းလှမ်းလာခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Tea Leaves Warehouses  လက္ဖက္ရြက္ကုန္ေလွာင္ရံုေပါင္း ၄၃ ခုကိုရွာရန္ႏွိပ္ပါ။

 

လက်ရှိတွင် ထိုင်းနိုင်ငံသို့ မြဝတီ၊ မဲဆောက် နယ်စပ်လမ်းကြောင်းမှတဆင့် ပြောင်းကို တရားဝင်တင်ပို့နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ပြောင်းကို တရုတ်၊ ထိုင်းနှင့် လာအိုနိုင်ငံများသို့ ပုံမှန်တင်ပို့နေပေမယ့်လည်း တရုတ်နိုင်ငံ၏ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်ကြောင့် တရုတ်သို့ တင်ပို့မှုရပ်နားခဲ့ရပြီး ယခုအခါ ပြည်တွင်း ပြောင်းတင်ပို့မှုမှာ ထိုင်းနိုင်ငံကို အဓိကမှီခိုလာရခြင်းဖြစ်ပါတယ်။

 

Read More >>>   ေအာ္ဂဲနစ္ႏွမ္းနက္ တန္ခ်ိန္ ၈ဝ ေက်ာ္ကို ျပည္ပေစ်းကြက္သို႕ ေရာင္းခ်ထား

 

လက်ရှိ တရုတ်သို့ ပြောင်းတရားဝင် တင်ပို့ခွင့်ရရှိရေးအတွက် တရုတ်နိုင်ငံ၏ မူဝါဒ လုပ်ထုံးလုပ်နည်းများနဲ့အညီ ညှိနှိုင်းထားပြီးဖြစ်တာကြောင့် မကြာမီ နှစ်ဖက် သဘောတူစာချုပ် ချုပ်ဆိုနိုင်မှာဖြစ်သလို ကိုရီးယားနိုင်ငံသို့လည်း ပြောင်းတင်ပို့နိုင်ရေးအတွက် ဆွေးနွေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

တရုတ်နိုင်ငံသို့ လက်ရှိတွင် ပြောင်းအပါအဝင် ဆန်၊ သကြားတို့မှာ ခွဲတမ်းဖြင့် တင်ပို့နေရခြင်းဖြစ်ပြီး ၎င်းပမာဏထက် ပိုမိုတင်ပို့လာနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Source: The Farmer Myanmar

 

 

ထိုင္းႏုိင္ငံက လာမည့္ႏွစ္တြင္ ျမန္မာ့ေျပာင္းမ်ားကို ဝယ္ယူရန္ ကမ္းလွမ္းထား

 

ထိုင္းႏုိင္ငံက လာမယ့္ႏွစ္တြင္ ျမန္မာ့ေျပာင္းတန္ခ်ိန္ ေျခာက္သိန္းခြဲကို ဝယ္ယူရန္ ကမ္းလွမ္းထားေၾကာင္း ျမန္မာႏုိင္ငံ ေျပာင္းလုပ္ငန္းရွင္မ်ားအသင္းထံမွ သိရပါတယ္။

 

၂၀၁၈ ခုႏွစ္တြင္ ထိုင္းႏိုင္ငံသို႔ ေျပာင္းတန္ခ်ိန္ (၄၇၀၀၀၀) ေက်ာ္တင္ပုိ႔ခဲ့ၿပီး လာမယ့္ႏွစ္တြင္ ၎တုိ႔ႏုိင္ငံ၏ ေျပာင္းလိုအပ္ခ်က္ ျမင့္တက္လာႏုိင္တဲ့အတြက္ ေျပာင္းတန္ခ်ိန္ပမာဏ တိုးျမွင့္ကမ္းလွမ္းလာျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

Tea Leaves Warehouses  လက္ဖက္ရြက္ကုန္ေလွာင္ရံုေပါင္း ၄၃ ခုကိုရွာရန္ႏွိပ္ပါ။

 

လက္ရွိတြင္ ထိုင္းႏိုင္ငံသို႔ ျမဝတီ၊ မဲေဆာက္ နယ္စပ္လမ္းေၾကာင္းမွတဆင့္ ေျပာင္းကို တရားဝင္တင္ပို႔ေနျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံသည္ ေျပာင္းကို တ႐ုတ္၊ ထိုင္းႏွင့္ လာအိုႏိုင္ငံမ်ားသို႔ ပံုမွန္တင္ပို႔ေနေပမယ့္လည္း တ႐ုတ္ႏိုင္ငံ၏ တရားမဝင္ ကုန္သြယ္မႈတိုက္ဖ်က္ေရး လုပ္ငန္းစဥ္ေၾကာင့္ တ႐ုတ္သို႔ တင္ပို႔မႈရပ္နားခဲ့ရၿပီး ယခုအခါ ျပည္တြင္း ေျပာင္းတင္ပို႔မႈမွာ ထိုင္းႏိုင္ငံကို အဓိကမွီခိုလာရျခင္းျဖစ္ပါတယ္။

 
Read More >>>     ေအာ္ဂဲနစ္ႏွမ္းနက္ တန္ခ်ိန္ ၈ဝ ေက်ာ္ကို ျပည္ပေစ်းကြက္သို႕ ေရာင္းခ်ထား


လက္ရွိ တ႐ုတ္သို႔ ေျပာင္းတရားဝင္ တင္ပို႔ခြင့္ရရွိေရးအတြက္ တ႐ုတ္ႏိုင္ငံ၏ မူဝါဒ လုပ္ထံုးလုပ္နည္းမ်ားနဲ႔အညီ ညႇိႏိႈင္းထားၿပီးျဖစ္တာေၾကာင့္ မၾကာမီ ႏွစ္ဖက္ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္မွာျဖစ္သလုိ ကုိရီးယားႏုိင္ငံသုိ႔လည္း ေျပာင္းတင္ပို႔ႏုိင္ေရးအတြက္ ေဆြးေႏြးေနေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရပါတယ္။

 

တ႐ုတ္ႏိုင္ငံသို႔ လက္ရွိတြင္ ေျပာင္းအပါအဝင္ ဆန္၊ သၾကားတို႔မွာ ခြဲတမ္းျဖင့္ တင္ပို႔ေနရျခင္းျဖစ္ၿပီး ၄င္းပမာဏထက္ ပိုမိုတင္ပို႔လာႏိုင္ရန္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက ညႇိႏိႈင္းေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

Source: The Farmer Myanmar

 

 

Read times Last modified on Thursday, 13 February 2020 08:59
Rate this item
(1 Vote)