Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန် (၅)မျိုးလှူဒါန်းမည်

Unicode >>>>>

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန် (၅)မျိုးလှူဒါန်းမည်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ နိုင်ငံအနှံ့အပြားမှ ပြည်သူများ၏ တင်ပြချက်များကို စိစစ်၍ နိုင်ငံတော်အစိုးရက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှာဖွေသုံးသပ်ခဲ့ပါသည်။


Confectionary မုန့်မျိုးစုံလုပ်ငန်းများ (၅၇) ခုကိုရှာရန်နှိပ်ပါ။


COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု (၁) စုလျှင် ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ပဲ (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာ၊ စုစုပေါင်း ထောက်ပံ့ကူညီမှု (၅)မျိုးစီကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၀ ရက်နေ့မှ စတင်၍ အခမဲ့ဖြန့်ဖြူးထောက်ပံ့ပေးမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မလိုလားအပ်သော လေလွင့်မှုများ၊ ကြန့်ကြာမှုများ၊ အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေး အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ကြီးကြပ်မှုဖြင့် စာရင်းကောက်ယူခြင်း၊ ထုပ်ပိုးခြင်း၊ ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း စသည်တို့ကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတလူငယ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။


Read More >>>>>     ကုန်သည်စက်မှုအသင်းချုပ်မှ အခြေခံလူတန်းစားများကို အစားအသောက်ထောက်ပံ့ပေးရန် ရန်ပုံငွေ ထူထောင်မည်


ထို့အပြင် ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့ အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမပါ) အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁၅၀) ယူနစ်အထိကို ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့် (အခမဲ့) ဧပြီလကုန်အထိ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

co

Home Page Food

COVID 19

Zawgyi >>>>>





 


 


 


 


co

#MFID

Read times Last modified on Tuesday, 07 April 2020 10:39
Rate this item
(0 votes)