Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မရမ်းသီး အထွက်နှုန်းနည်းတဲ့အတွက် အရောင်းအဝယ်ပြုလုပ်သူများ တွက်ခြေမကိုက်

မွန်ပြည်နယ် ပေါင်မြို့နယ်၌ အခုနှစ် မရမ်းသီးအခြောက်လုပ် ရာသီမှာ ထုတ်လုပ်မှုကုန်ကျစရိတ်

များလာသကဲ့သို့ ရာသီဥတု အခြေအနေကြောင့် မရမ်းသီးအထွက်နှုန်း နည်းပါးလာကာ တွက်ခြေမကိုက် ဖြစ်နေကြောင်း မရမ်းသီးအခြောက်လုပ်ငန်း လုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။

 

ပေါင်မြို့နယ်ကနေ ထွက်ရှိတဲ့ မရမ်းပြားခြောက်တွေကို ဒေသတွင်း ရောင်းချမှု၊ စားသုံးမှုတွေအပြင် မော်လမြိုင်မြို့၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ကို အဓိကတင်ပို့ ရောင်းချလျက်ရှိကြောင်း သိရပါတယ်။

 

''ဒီနှစ်က ကိုယ့်နယ်မှာ မရမ်းပွင့်ခါနီး မိုးရွာလိုက်၊ နှင်းခါး ရိုက်လိုက်နဲ့ အပွင့်တွေ ပျက်စီးတော့ အသီးအထွက်နှုန်းက နည်းသွားတယ်။ ဒါကြောင့် ကရင်ပြည်နယ်ဘက်ကိုပဲ နယ်ကျော်ပြီး ဝယ်ယူရတော့ အရင်နှစ်တွေထက်ကို ဈေးပိုပေးပြီး ဝယ်ရပါတယ်။ လုပ်သားငှားရမ်းခကျတော့ ခါတိုင်းနှစ်တွေထက်ကို ဈေးပိုပေးရတယ်။ ကိုယ့်အတွက် ကျန်ဖို့က မလွယ်လောက်တော့ဘူး။ မိုးတွင်းရောက်ရင်တော့ ဈေးပြန်တက်မယ့်အချိန်ကိုပဲ မျှော်လင့်နေရတာပေါ့။ ငွေနိုင်တဲ့သူတွေကတော့ လှောင်ထားမယ်။ ဈေးအလွန်ကောင်းတဲ့အခါမှ ပြန်ရောင်းတော့ အမြတ်က ပိုကျန်တာပေါ့'' လို့ မရမ်းခြောက်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ယင်းလုပ်ငန်းကို ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ကာ ဧပြီလအတွင်း တစ်လခွဲကာလသာ လုပ်ကိုင်ကြပြီး မရမ်းပြားအခြောက်ကို ရရှိရန် မရမ်းသီးအစိမ်းကို ထက်ခြမ်းခွဲ ဆားရေစိမ်ပေးကာ ဆားရေစိမ်ပြီး နွမ်းလာသော မရမ်းပြားတွေကို အခြောက်လှန်းခြင်း၊ ပေါင်းခံခြင်းတွေ ဆောင်ရွက်ရပြီးမှ ရရှိလာတာဖြစ်ပါတယ်။ မရမ်းခြောက်ရရှိစေဖို့ အစိမ်းခွဲ ပြုလုပ်ရတဲ့ ရက်က ၁ဝ ရက်ခန့် ကြာမြင့်တယ်လို့ သိရပါတယ်။

 

ထို့အပြင် မရမ်းသီးအစိမ်း ၄ ပိဿာကို အခြောက်လှန်းရင် မရမ်းအခြောက် ၁ ပိဿာခန့်သာ ရရှိပြီး ၂ဝ၁၇ ခုနှစ်မှာ မရမ်းသီးအစိမ်း ၁ ပိဿာကို ငွေကျပ် ၄ဝဝ ခန့် ပေးဝယ်ရပြီး အလုပ်သမားငှားရမ်းခက တစ်ဦးကို ငွေကျပ် ၅ဝဝဝ ခန့် ပေးနေရတာဖြစ်ပါတယ်။ အခုနှစ်မှာတော့ မရမ်းသီးအစိမ်း ၁ ပိဿာကို ငွေကျပ် ၆ဝဝ ခန့်ရှိပြီး အလုပ်သမားတစ်ဦးကိုတော့ ငွေကျပ် ၅၅ဝဝ အထိ ဈေးပေးနေရတယ်လို့ သိရပါတယ်။

 

Source: Myanmaalinn

Read times Last modified on Tuesday, 18 September 2018 13:47
Rate this item
(2 votes)