Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရှမ်းကြက်သွန်ဖြူ ကြိုရောင်းဈေး တစ်ပိဿာ ငွေကျပ် ၁ဝဝဝ ဖြင့် ဈေးဖြတ် ဝယ်ယူလျက်ရှိ

ဇွန်လဒုတိယပတ်တွင် စတင်ထွက်ရှိလာမည့်  ရှမ်းကြက်သွန်ဖြူ   ကြိုရောင်းဈေး တစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝ ဖြင့် ဈေးဖြတ် ဝယ်ယူလျက်ရှိကြောင်း   ကုန်သည်များထံမှ  သိရသည်။

 

''ဈေးကွက်ထဲမှာတော့  အဟောင်းရော အသစ်ပါ စုပုံနေတယ်။ ရှမ်းပြည်နယ်မှာတင် အဟောင်းလက်ကျန် ပိဿာချိန် သိန်းချီ ရှိနေတယ်။  ဒါတွေကို  ဖြည်းဖြည်းချင်း ရောင်းချနေကြတယ်။  လဲချားနဲ့  မိုင်းပန် ဘက်က  ကြက်သွန်ဖြူတွေ  ဈေးကွက်ထဲ စတင်ဝင်ရောက်လာပါပြီ။ ခရမ်းစွဲကြက်သွန်ဖြူကိုတော့  ထိုင်းနိုင်ငံဘက်ကို  အများဆုံး တင်ပို့နေတယ်'' ဟု မိုင်းပန်မြို့နယ်ရှိ  ကြက်သွန်ဖြူကုန်သည် ဦးစိုင်းဖြိုး ကပြောသည်။

 

ခရမ်းစွဲကြက်သွန်ဖြူကို  ရှမ်းပြည်နယ် အရှေ့ပိုင်းမှ ထိုင်းနိုင်ငံသို့ အဓိကထား တင်ပို့နေပြီး လက်ကားဈေး  တစ်ပိဿာလျှင်  ငွေ ကျပ် ၃ဝဝဝ ဖြင့် ရောင်းချလျက်ရှိသည်။

 

''ဒီနှစ် ကြက်သွန်ဖြူအထွက်နှုန်း နည်း နိုင်တယ်။ အရင်နှစ်က ဈေးကွက်မကောင်းခဲ့တော့ လျှော့စိုက်လာကြတယ်။ ရန်ကုန်ဝယ် လက်တွေကတော့ ပုံမှန်ဝယ်ယူကြတယ်။ ပြည်ပကနေ တရားမဝင် ဝင်ရောက်တာတွေ ကိုလည်း  တားဆီးပေးဖို့လိုပါတယ်''  ဟု အောင်ပန်းမြို့နယ်ရှိ ကုန်သည် ဦးစိုင်းလွင်ခန့် ကပြောသည်။

 

Read More >>>>>   ဘယ်အစားအသောက်တွေက ကလေးမှတ်ဥာဏ်တွေကို ထိခိုက်စေနိုင်သလဲ

 

မြန်မာနိုင်ငံ၌    ကြက်သွန်ဖြူစိုက်ဧက ခုနစ်သိန်းကျော်ရှိပြီး ရှမ်းပြည်နယ် တောင်ကြီး၊  ပင်လောင်းနှင့် ဟိုပုံးမြို့နယ်တို့၌ ကြက်သွန် ဖြူအဓိကစိုက်ပျိုးပြီး   တခြားမြို့နယ်များ၌ လည်း အနည်းငယ်စီ စိုက်ပျိုးကြသည်။

 

တောင်သူများအနေဖြင့်လည်း ကြက်သွန် ဖြူစိုက်ပျိုးရာတွင် စုပေါင်း၍ အထွက်ကောင်း မျိုးများကို နှစ်စဉ်ရွေးချယ်စိုက်ပျိုးရန်၊ အရည်အသွေး စံချိန်မီသည့် မြေသြဇာများကို  ဖြန့်ဖြူး ရောင်းချနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးရန်၊ တစ်ဧက    ထုတ်လုပ်မှု ကုန်ကျစရိတ်များ လျှော့ချနိုင်ရန်နှင့် ကြက်သွန်ဖြူပြည်ပဈေးကွက် ချိတ်ဆက် ရောင်းဝယ်နိုင်ရေး ဈေးကွက် သစ်ရှာဖွေပေးရန် လိုအပ်ကြောင်း သိရသည်။   

 

Source: Myawaddy

Read times Last modified on Tuesday, 11 June 2019 12:01
Rate this item
(1 Vote)