Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကယားပြည်နယ်မှ ထွက်ရှိသည့် ပြောင်း၊ ငရုတ်သီးခြောက်နှင့် ကြက်သွန်နီတို့ကို ထိုင်းနိုင်ငံသို့ တင်ပို့မှု မြင့်တက်လာ

ကယားပြည်နယ်မှ ထွက်ရှိသည့် ပြောင်း၊ ငရုတ်သီးခြောက်နှင့် ကြက်သွန်နီတို့ကို မယ်စဲ့နယ်စပ် ကုန်သွယ်ရေး စခန်းမှ  ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်သို့ တင်ပို့မှု မြင့်တက်လာကြောင်း လွိုင်ကော်မြို့နယ်ရှိ ကုန်သည်များထံမှ သိရသည်။

 

''ထိုင်းနိုင်ငံ  မယ်ဟောင်ဆောင်ဘက်ကို  ငရုတ်သီးခြောက် တင်ပို့နေသလို  သွင်းကုန်အနေနဲ့ လူသုံးကုန် (ဆပ်ပြာ)နဲ့ ဟင်းခတ်ပစ္စည်း မျိုးစုံ တင်သွင်းပါတယ်။

 

ငရုတ်သီးခြောက်ဆိုရင်  ထိုင်းဘက်ကို စမ်းသပ်တင်ပို့ခဲ့တာ အရည်အသွေးကောင်းလို့ တင်ပို့တာ အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်။ ပြောင်းတင်ပို့ရာမှာလည်း ကယားပြည်နယ်က ထွက်တဲ့ပြောင်းက အခုနောက်ပိုင်း အခြောက်ခံမှု စနစ်အားကောင်းကောင်းနဲ့  တင်ပို့တော့ ထိုင်းနိုင်ငံက ကုန်သည်တွေကြိုက်ကြတယ်''ဟု လွိုင်ကော်မြို့နယ်မှ ကုန်သည် ဦးခရင်က ပြောသည်။

 

လက်ရှိ တစ်ပတ်လျှင် ထိုင်းနိုင်ငံသို့ ငရုတ်သီးခြောက် ကီလို ၆၄ဝဝဝ ကျော်၊ ကြက်သွန်နီ ၁ဝဝဝ ကီလိုဂရမ်၊ ပြောင်းတန်ချိန်  ၁ဝဝဝ ကျော် အသီးသီး တင်ပို့ထားကြောင်း သိရသည်။

 

ကယားပြည်နယ်၌ ရာသီဥတု ကောင်းမွန်၍ စိုက်ပျိုး ဖြစ်ထွန်းသော်လည်း ဈေးကွက်ရှာဖွေရေးတွင် အကန့်အသတ်များ ရှိနေသဖြင့် ဈေးကွက်ရှာဖွေ ပေးနိုင်သော တခြားလုပ်ငန်းများနှင့် ပူးပေါင်း လုပ်ကိုင်မည်ဆိုပါက စိုက်ပျိုးရေး လုပ်ငန်းသည် အလားအလာကောင်းသော   လုပ်ငန်းတစ်ခုဖြစ်သည်။

 

'' အဓိကက ဈေးကွက်လိုတယ်။ ဒီမှာတော့ စားသုံးသူ ဈေးကွက်ကနည်းတယ်။   တခြားဈေးကွက်တွေရှာပြီး လုပ်ဖို့လိုတယ်။ မြေယာနဲ့ ပတ်သက်ရင်တော့ ဒေသခံတွေ ဘက်ကလည်း စိတ်ဝင်စားမယ့် ပုံစံမျိုးရှိတယ်။ Contract Farming လို ပုံစံမျိုးတွေဆိုရင် အဆင်ပြေမယ်လို့ ထင်ပါတယ်''  ဟု  ကယားပြည်နယ်  ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသိန်းမြင့် ကပြောသည်။

 

လက်ရှိ ကယားပြည်နယ်အတွင်း ငရုတ်သီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၅၅ဝဝ၊ ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၇၅ဝနှင့် ပြောင်း(ခြောက်) တစ်ပိဿာလျှင် ငွေကျပ် ၄ဝဝ မှ ၅၂ဝ ကြား ရှိကြောင်း သိရသည်။

 

Source: Myawaddy

Read times
Rate this item
(1 Vote)