Food & Livestock
မုံရွာတွင် ကြက်သွန်နီတစ်ပိဿာ ကျပ် ၅၀၀ အောက်ကျဆင်း၍ တောင်သူများ ရောင်းလိုအားနည်းဟုဆို
မုံရွာမြို့နယ်အတွင်း စိုက် ပျိုးသော ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၅၀၀ အောက် ကျဆင်းသွား၍ တောင်သူများ ရောင်းလို အားနည်းနေကြောင်း ဒေသခံ
တောင်သူများက ပြောသည်။ဧပြီတွင် မုံရွာမြို့နယ်အ တွင်း စိုက်ပျိုးသော ကြက်သွန်နီ များဈေးကွက်သို့ ဝင်ရောက်လာ ပြီးနောက် ကြက်သွန်နီတစ် ပိဿာလျှင် ကျပ် ၅၀၀ အောက် ကျဆင်းသဖြင့် ဈေးကွက်မျှော် တောင်သူများ ရောင်းလိုအား နည်းပါးခဲ့သည်။
‘‘ကြက်သွန်နီဈေးက တစ် ပိဿာ ၄၀၀ နဲ့ ၄၅၀ ဈေး ဖြစ်သွားတယ်။ ကြက်သွန်နီအရည်အသွေး က ကောင်းတယ်။ ဈေးကွက်မှာ လှိုင်လှိုင်ဝင်နေတော့ ဈေးကျနေတာပါ။ တစ်ပိဿာထုတ်လုပ်မှု ဈေးအောက် ရောက်သွားတာ ပေါ့။
အထွက်ကောင်းတဲ့တောင် သူတွေက တစ်ပိဿာထုတ်လုပ်မှု စရိတ် ကျပ် ၄၀၀ ဝန်းကျင်ရှိတယ်။ အထွက်မကောင်းတဲ့ တောင်သူတွေက တစ်ပိဿာထုတ်လုပ်မှု စရိတ် ကျပ် ၅၀၀ ဝန်းကျင်အထိ ရှိတယ်’’ဟု မုံရွာမြို့နယ် မြေနဲ ကျေးရွာဒေသခံ တောင်သူ ဦးအောင်ထူးက ပြောသည်။
ယခုနှစ် ကြက်သွန်နီစိုက်ပျိုး ချိန် ရာသီဥတုကောင်းမွန်ခြင်း ကြောင့် အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်ကြောင်း ဦးအောင်ထူးက ပြောသည်။
‘‘ကြက်သွန်နီဈေးကျတော့ ကုန်သည်တွေက အဝယ်နည်း သလို တောင်သူတွေကလည်း မရောင်းနိုင်ဘူး။ ကုန်သည်တွေ လှောင်တာမရှိလည်း မရှိဘူး။ ဒီ ဈေးအတိုင်း ရောင်းမယ်ဆိုရင် တောင်သူရှုံးတာပေါ့။ တကယ် အသုံးလိုတဲ့သူလောက်ပဲ ရောင်း ရတယ်’’ ဟု မုံရွာမြို့နယ် သမန္တာ ကျေးရွာနေ ကိုဝင်းမြို့ဦးက ပြော သည်။
ပြီးခဲ့သည့်နှစ်အတွင်း မုံရွာ ဈေးကွက်တွင် ကြက်သွန်နီတစ် ပိဿာလျှင် အမြင့်ဆုံး ကျပ် ၃,၀၀၀ ခန့်အထိ အရောင်းအဝယ် ဖြစ်ခဲ့ပြီးနောက် ယခုနှစ်၌ စိုက်ပျိုးသူ ပိုမိုများပြားလာသဖြင့် အထွက်နှုန်းပိုများလာကာ ဈေးကျ ဆင်းကြောင်း ဒေသခံကုန်သည် များက ပြောသည်။
Source: 7 days new