Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နာနတ်သီးများ ထွက်ရှိလာသော်လည်း ပြည်ပဈေးကွက် မရှိ၍ ရောင်းအား ကျဆင်းလျက်ရှိ


ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့အတွင်း စိုက်ပျိုးထားရှိသော နာနတ်သီးများ ထွက်ရှိလာသော်လည်း ပြည်ပဈေးကွက် မရှိ၍ ဒေသတွင်း၌သာ  ရောင်းချနေရခြင်းကြောင့်ရောင်းအား ကျဆင်းလျက်ရှိကြောင်း သိရသည်။



''အခုထွက်ရှိလာတဲ့   နာနတ်သီးတွေက   သီပေါမြို့နယ် နမ့်ပျဉ်ကျေးရွာနဲ့ ဘန်မုံကျေးရွာက ထွက်တဲ့ အသီးတွေပါ။ နာနတ်သီးတွေ အထွက်များလာပေမယ့် တရုတ်ပြည်က အဝယ်ပိတ်ထားတဲ့အတွက် ရောင်းအားကျပါတယ်။

 

 

ပြီးခဲ့တဲ့နှစ်တုန်းကတော့ တရုတ်နိုင်ငံကို အဓိကထား တင်ပို့တာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ငွေကျပ် ၂ဝဝ၊ ၃ဝဝပါ။



ပြည်ပဝယ်အား     မရှိတဲ့အတွက် ဒေသတွင်းမှာပဲ လက်လီလက်ကား ရောင်းနေရပါတယ်။ အခုဆိုရင် တစ်နေ့ကို အလုံး ၁၅ဝဝ၊ ၂ဝဝဝ ကုန်အောင် တော်တော်လေး ရောင်းနေရပါတယ်။

 

Read More >>>>>>  ပြည်ပသို့ သင်္ဘောဖြင့် ဆန်တင်ပို့ရန် အထက်ပိုင်းဒေသမှ တိုက်ရိုက်ရောင်းချမှုများရှိလာ



ရောင်းအားကတော့  မနှစ်ကထက် တစ်ဝက်ကျဆင်းသွားပါတယ်။ ဝါဝင်ခါနီးရင်တော့ ရောင်းအားပြန်ကောင်း လာနိုင်တယ်လို့တော့ မျှော်လင့်မိပါတယ်''ဟု ကိုအောင်   နာနတ်သီးအဝယ်ဒိုင်မှ ပြောသည်။



ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း မြို့နယ်အသီးသီးရှိ   တောင်သူများ အနေဖြင့်    နာနတ်သီးများကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ယခုနှစ်တွင် ပြည်ပဈေးကွက် မရှိခြင်းကြောင့် သစ်သီးဝလံ အရောင်းဆိုင်များ၌  ရောက်ရှိလာသော နာနတ်သီး များမှာ  နေ့ချင်းမကုန်၍   အသီးများ ပုပ်ကာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ကြောင်း  သိရသည်။   



Source: Myawaddy

 

Read times Last modified on Friday, 05 July 2019 17:35
Rate this item
(1 Vote)