Food & Livestock



ကမ္ဘာ့သကြား စျေးနှုန်းမြင့်တက်ခြင်းကြောင့် ပြည်တွင်းသကြားစျေးနှုန်းပါမြင့်တက်နေ

ကမ္ဘာ့သကြားစျေးနှုန်းမြင့်တက်ခြင်းကြောင့် ပြည်တွင်းသကြားစျေးနှုန်းပါ မြင့်တက်နေသည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်

ပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဌ၏ ပြောဆိုချက်အရ သိရသည်။

 

ယခုနှစ်ကြံရာသီစတင်ချိန်က ကမ္ဘာ့သကြားစျေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၀ မှ လက်ရှိတွင် အမေရိကန်ဒေါ်လာ ၇၈၀ ဝန်းကျင် မြင့်တက်လာကာ ပြည်တွင်းသကြားစျေးနှုန်းမှာလည်း တစ်ပိဿာလျှင် ငွေ ကျပ် ၂,၉၆၀ အထိရှိလာပြီး ငွေကျပ် ၆၀၀ မြင့်တက်လာသည်။

 

“ကမ္ဘာ့သကြားစျေးလည်း တက်တယ်။ နောက်ပြီး ကြံထုတ်လုပ်မှုကလည်း ဒီနှစ်နည်းတယ်။ တချို့စက်ရုံတွေက စောသိမ်းတာတွေတောင်ရှိတယ်။ ကြံက ရာသီဥတုကြောင့် မှန်းထားတာထက် အထွက်နှုန်းလျော့သွားတယ်။”ဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဌကပြောသည်။

United Pacific

Click Here >>> United Pacific Co., Ltd.

 

ထို့ပြင် ယခုနှစ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမတိုင်မီက ပြည်တွင်းသကြားလက်ကျန်နည်းပါးနေခြင်းနှင့် ပြည်ပနိုင်ငံမှ သကြားဝင်ရောက်မှုမရှိခြင်းတို့ကြောင့် ပြည်တွင်းသကြားစျေးနှုန်းများ ယခင်နှစ်များကထက် မြင့်တက်ခဲ့ ပြီး ပြည်တွင်း၌ ကြံကြိတ်ခွဲရာသီချိန်အတွင်း သကြားစျေးနှုန်းများ စံချိန်တင်ဆက်လက်မြင့်တက်နေသည်။

 

ထိုသို့မြင့်တက်နေခြင်းကြောင့် ကြံတစ်တန် ကြမ်းခင်းစျေးနှုန်းများကိုလည်း သကြားစက်များအလိုက် တိုးမြှင့် သတ်မှတ်ပေးလျက်ရှိရာ အမြင့်ဆုံးအဖြစ် တစ်တန်လျှင် ငွေကျပ် တစ်သိန်းဝန်းကျင်အထိ ရရှိလာသည်။

 

ကြံကြိတ်ခွဲရာသီသည် ဒီဇင်ဘာလမှစတင်၍ မတ်လကုန်နှင့် ဧပြီလဆန်းပိုင်းများအတွင်း ပြီးဆုံးလေ့ရှိပြီး တစ် နိုင်ငံလုံးအတွင် သကြားစက်ရုံပေါင်း ၂၃ ရုံရှိကာ အဓိကအားဖြင့် ကြံစိုက်ပျိုးရာနေရာများအနီး၌ စက်ရုံများ တည်ဆောက်ထားလေ့ရှိသည်ဟု သိရသည်။

 

မြန်မာနိုင်ငံသည် တစ်နှစ်လျှင် သကြားတန်ချိန် ငါးသိန်းခွဲခန့်ကို ပြည်တွင်း၌ စားသုံးလေ့ရှိကြောင်း၊ ကြံကို စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနှင့် အနောက်ခြမ်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် (မြောက်ပိုင်း) တို့၌ အဓိကစိုက်ပျိုးသည်ဟု သိရသည်။

 

Source: DNP

Myanmar Food Industry Guide

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Tuesday, 21 February 2023 12:43
Rate this item
(0 votes)