Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာကြက်သွန်နီဝယ်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက သတင်းအချက်အလက် စုဆောင်းနေ

Unicode


မြန်မာကြက်သွန်နီဝယ်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက သတင်းအချက်အလက် စုဆောင်းနေ


မြန်မာနိုင်ငံမှ ကြက် သွန်နီဝယ်ယူရန် ဘင်္ဂလားဒေ့ရှ် သံအမတ် ဦးဆောင်သည့် ကိုယ် စားလှယ်အဖွဲ့က ပခုက္ကူနှင့် မြင်း ခြံမြို့များရှိ ကုန်စည်ဒိုင်တာဝန်ရှိသူများ၊ ကြက်သွန်ကုန်သည်များ နှင့် တွေ့ဆုံပြီး သတင်းအချက် အလက် စုဆောင်းနေကြောင်း ဒေသခံကုန်သည်များကပြောသည်။

 

ဒီဇင်ဘာ ၁၃ ရက်တွင် မြင်း ခြံမြို့ရှိ ကုန်စည်ဒိုင်သို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် ဦးဆောင်ပြီး စီးပွားရေးသံမှူးများ အပါအဝင် ကိုယ်စားလှယ်အဖွဲ့ က ကြက်သွန်ကုန်သည်များကို လာရောက် တွေ့ဆုံမည်ဖြစ် ကြောင်း မန္တလေးတိုင်းကြက်သွန် နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင် သီးနှံများအသင်းဥက္ကဋ္ဌ ဦးဇော်မျိုး ဦးက ပြောသည်။

 

ယင်းအဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာလကုန်ကလည်း ပခုက္ကူ မြို့နယ်တွင် ကြက်သွန်ကုန်သည် များနှင့် သွားရောက်တွေ့ဆုံခဲ့ သည်။ အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံမှ ကြက်သွန်ဝယ်ယူရေး ဆွေးနွေးခဲ့သော်လည်း ဈေးနှုန်း၊ ပမာဏကို အတိအကျသတ်မှတ်နိုင်ခြင်း မရှိကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ပခုက္ကူမြို့ကုန်သည်ပွဲစားများအသင်း အ တွင်းရေးမှူး ဦးစိန်လွင်က ပြော သည်။

 

‘‘လာတဲ့လူတွေက အစိုးရ ပိုင်းဆိုတော့ သူတို့က ဝယ်မှာ မဟုတ်ဘူး၊ သူတို့နိုင်ငံက ကုန် သည်တွေက ဝယ်မှာပါ။ ဒီဒေသ မှာ ဘယ်လောက်ထွက်နိုင်တယ်၊ အခြေအနေ ဘယ်လိုရှိတယ်ဆို တာ လာပြီးတော့ ကြည့်တာပါ။ ကုန်စည်ဒိုင်တွေနဲ့ ချိတ်ဆက်ပြီး ဆွေးနွေးတဲ့အဆင့်ပါ’’ဟု ဦးစိန် လွင်က ပြောသည်။

 

Read More >>>>>  ၾကက္၊ ငါးတြဲဖက္ေမြးျမဴေရးစနစ္ေၾကာင့္ စားသံုးသူထိခိုက္ႏိုင္မႈရွိ/မရွိ ေလ့လာဆန္းစစ္ေပးရန္တင္ျပ

 

 ဘင်္ဂလားဒေ့ရှ်အစိုးရသည် ကုန်သည်အသင်းများ၊ ကြက်သွန် ကုန်သည်များထံ သတင်းအချက် အလက် စုဆောင်းနေသော်လည်း အစိုးရကို တရားဝင်ကမ်းလှမ်းမှု မရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်က ပြောသည်။

 

 မြန်မာနိုင်ငံတွင် နှစ်စဉ် ဆောင်းရာသီ၌ ဈေးကွက်အတွင်းသို့ ကြက်သွန်နီအသစ် တန်ချိန်ရှစ်သောင်းခန့်သာ ထုတ်လုပ်နိုင်သည်။ တစ်နှစ်ပတ်လုံး တန်ချိန် လေးသိန်းကိုးသောင်းခန့် ထုတ် လုပ်သည်။

 

 ၂၀၁၉ စက်တင်ဘာတွင် စတင်အသစ်ပေါ်ထွက်သော အိန္ဒိ ယ မိုးကြက်သွန်နီသည် ရာသီဥတု ဖောက်ပြန်သဖြင့် ကြက်သွန်နီအထွက်နှုန်း လျော့ခြင်းကြောင့် အိန္ဒိယအစိုးရက ပြည်ပသို့ ကြက်သွန်တင်ပို့မှုကို တားဆီးခဲ့သည်။

 

အိန္ဒိယမှ ကြက်သွန်နီတန် ချိန် ငါးသိန်းခန့် နှစ်စဉ်တင်သွင်း နေရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအ တွက် အိန္ဒိယအစိုးရ၏ ဆုံးဖြတ် ချက်က အကျပ်အတည်းဖြစ်စေခဲ့၍ မြန်မာကြက်သွန်နီကို ဝယ်ယူ ရန် ကြိုးစားလာခြင်းဖြစ်သည်။

 

‘‘လက်ရှိမှာလည်း ဘင်္ဂလား ဒေ့ရှ်က ရခိုင်ကနေတစ်ဆင့် တင် သွင်းနေပါတယ်’’ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင် သီးနှံများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်ကပြောသည်။

 

ပခုက္ကူနှင့် မြင်းခြံ ကုန်စည် ဒိုင်များသို့ မိုးကြက်သွန်နီများ ဝင် နေပြီး တစ်ရက်လျှင် ပိဿာချိန် ငါးသောင်းမှ ခြောက်သောင်းအ ကြား(တန် ၈၀ ဝန်းကျင်)ကို ရခိုင် ပြည်နယ် နယ်စပ်မှတစ်ဆင့် ဘင်္ဂ လားဒေ့ရှ်က ဝယ်ယူနေသည်။

 

ဘင်္ဂလားဒေ့ရှ်၏ ဝယ်လို အားရှိနေခြင်းကြောင့် နယ်ဈေး ကွက်များတွင် ကြက်သွန်နီဈေး နှုန်း တစ်ပိဿာ ကျပ် ၂,၄၀၀ ခန့် ရှိနေပြီး ရန်ကုန်ဘုရင့်နောင်လက် ကားဈေးကွက်၌ အမြင့်ဆုံး ကြက်သွန်နီတစ်ပိဿာ ကျပ် ၃,၃၀၀ ရှိကြောင်း ကြက်သွန်ကုန်သည်အချို့က ပြောသည်။

 

Source: 7 day news

 

 

 

ျမန္မာၾကက္သြန္နီဝယ္ရန္ ဘဂၤလားေဒ့ရွ္အစိုးရက သတင္းအခ်က္အလက္ စုေဆာင္းေန

 

ျမန္မာနိုင္ငံမွ ၾကက္ သြန္နီဝယ္ယူရန္ ဘဂၤလားေဒ့ရွ္ သံအမတ္ ဦးေဆာင္သည့္ ကိုယ္ စားလွယ္အဖြဲ႕က ပခုကၠဴႏွင့္ ျမင္း ၿခံၿမိဳ႕မ်ားရွိ ကုန္စည္ဒိုင္တာဝန္ရွိသူမ်ား၊ ၾကက္သြန္ကုန္သည္မ်ား ႏွင့္ ေတြ႕ဆုံၿပီး သတင္းအခ်က္ အလက္ စုေဆာင္းေနေၾကာင္း ေဒသခံကုန္သည္မ်ားကေျပာသည္။

 

ဒီဇင္ဘာ ၁၃ ရက္တြင္ ျမင္း ၿခံၿမိဳ႕ရွိ ကုန္စည္ဒိုင္သို႔ ျမန္မာနိုင္ငံဆိုင္ရာ ဘဂၤလားေဒ့ရွ္သံအမတ္ ဦးေဆာင္ၿပီး စီးပြားေရးသံမႉးမ်ား အပါအဝင္ ကိုယ္စားလွယ္အဖြဲ႕ က ၾကက္သြန္ကုန္သည္မ်ားကို လာေရာက္ ေတြ႕ဆုံမည္ျဖစ္ ေၾကာင္း မႏၲေလးတိုင္းၾကက္သြန္ နီ၊ ၾကက္သြန္ျဖဴႏွင့္ စားဖိုေဆာင္ သီးႏွံမ်ားအသင္းဥကၠ႒ ဦးေဇာ္မ်ိဳး ဦးက ေျပာသည္။

 

ယင္းအဖြဲ႕သည္ ၿပီးခဲ့သည့္ နိုဝင္ဘာလကုန္ကလည္း ပခုကၠဴ ၿမိဳ႕နယ္တြင္ ၾကက္သြန္ကုန္သည္ မ်ားႏွင့္ သြားေရာက္ေတြ႕ဆုံခဲ့ သည္။ အဆိုပါေတြ႕ဆုံမႈတြင္ ျမန္မာနိုင္ငံမွ ၾကက္သြန္ဝယ္ယူေရး ေဆြးေႏြးခဲ့ေသာ္လည္း ေဈးႏႈန္း၊ ပမာဏကို အတိအက်သတ္မွတ္နိုင္ျခင္း မရွိေၾကာင္း ေဆြးေႏြးပြဲတက္ေရာက္ခဲ့သည့္ ပခုကၠဴၿမိဳ႕ကုန္သည္ပြဲစားမ်ားအသင္း အ တြင္းေရးမႉး ဦးစိန္လြင္က ေျပာ သည္။

 

‘‘လာတဲ့လူေတြက အစိုးရ ပိုင္းဆိုေတာ့ သူတို႔က ဝယ္မွာ မဟုတ္ဘူး၊ သူတို႔နိုင္ငံက ကုန္ သည္ေတြက ဝယ္မွာပါ။ ဒီေဒသ မွာ ဘယ္ေလာက္ထြက္နိုင္တယ္၊ အေျခအေန ဘယ္လိုရွိတယ္ဆို တာ လာၿပီးေတာ့ ၾကည့္တာပါ။ ကုန္စည္ဒိုင္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး ေဆြးေႏြးတဲ့အဆင့္ပါ’’ဟု ဦးစိန္ လြင္က ေျပာသည္။

 

Read More >>>>>  ၾကက္၊ ငါးတြဲဖက္ေမြးျမဴေရးစနစ္ေၾကာင့္ စားသံုးသူထိခိုက္ႏိုင္မႈရွိ/မရွိ ေလ့လာဆန္းစစ္ေပးရန္တင္ျပ

 

 ဘဂၤလားေဒ့ရွ္အစိုးရသည္ ကုန္သည္အသင္းမ်ား၊ ၾကက္သြန္ ကုန္သည္မ်ားထံ သတင္းအခ်က္ အလက္ စုေဆာင္းေနေသာ္လည္း အစိုးရကို တရားဝင္ကမ္းလွမ္းမႈ မရွိေသးေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီး ဌာန လက္ေထာက္အတြင္းဝန္ဦးခင္ေမာင္လြင္က ေျပာသည္။

 

 ျမန္မာနိုင္ငံတြင္ ႏွစ္စဥ္ ေဆာင္းရာသီ၌ ေဈးကြက္အတြင္းသို႔ ၾကက္သြန္နီအသစ္ တန္ခ်ိန္ရွစ္ေသာင္းခန႔္သာ ထုတ္လုပ္နိုင္သည္။ တစ္ႏွစ္ပတ္လုံး တန္ခ်ိန္ ေလးသိန္းကိုးေသာင္းခန႔္ ထုတ္ လုပ္သည္။

 

 ၂၀၁၉ စက္တင္ဘာတြင္ စတင္အသစ္ေပၚထြက္ေသာ အိႏၵိ ယ မိုးၾကက္သြန္နီသည္ ရာသီဥတု ေဖာက္ျပန္သျဖင့္ ၾကက္သြန္နီအထြက္ႏႈန္း ေလ်ာ့ျခင္းေၾကာင့္ အိႏၵိယအစိုးရက ျပည္ပသို႔ ၾကက္သြန္တင္ပို႔မႈကို တားဆီးခဲ့သည္။

 

အိႏၵိယမွ ၾကက္သြန္နီတန္ ခ်ိန္ ငါးသိန္းခန႔္ ႏွစ္စဥ္တင္သြင္း ေနရေသာ ဘဂၤလားေဒ့ရွ္နိုင္ငံအ တြက္ အိႏၵိယအစိုးရ၏ ဆုံးျဖတ္ ခ်က္က အက်ပ္အတည္းျဖစ္ေစခဲ့၍ ျမန္မာၾကက္သြန္နီကို ဝယ္ယူ ရန္ ႀကိဳးစားလာျခင္းျဖစ္သည္။

 

‘‘လက္ရွိမွာလည္း ဘဂၤလား ေဒ့ရွ္က ရခိုင္ကေနတစ္ဆင့္ တင္ သြင္းေနပါတယ္’’ဟု ျမန္မာနိုင္ငံ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴႏွင့္ စားဖိုေဆာင္ သီးႏွံမ်ားအသင္း ဥကၠ႒ ဦးခင္ဟန္ကေျပာသည္။

 

ပခုကၠဴႏွင့္ ျမင္းၿခံ ကုန္စည္ ဒိုင္မ်ားသို႔ မိုးၾကက္သြန္နီမ်ား ဝင္ ေနၿပီး တစ္ရက္လၽွင္ ပိႆာခ်ိန္ ငါးေသာင္းမွ ေျခာက္ေသာင္းအ ၾကား(တန္ ၈၀ ဝန္းက်င္)ကို ရခိုင္ ျပည္နယ္ နယ္စပ္မွတစ္ဆင့္ ဘဂၤ လားေဒ့ရွ္က ဝယ္ယူေနသည္။

 

ဘဂၤလားေဒ့ရွ္၏ ဝယ္လို အားရွိေနျခင္းေၾကာင့္ နယ္ေဈး ကြက္မ်ားတြင္ ၾကက္သြန္နီေဈး ႏႈန္း တစ္ပိႆာ က်ပ္ ၂,၄၀၀ ခန႔္ ရွိေနၿပီး ရန္ကုန္ဘုရင့္ေနာင္လက္ ကားေဈးကြက္၌ အျမင့္ဆုံး ၾကက္သြန္နီတစ္ပိႆာ က်ပ္ ၃,၃၀၀ ရွိေၾကာင္း ၾကက္သြန္ကုန္သည္အခ်ိဳ႕က ေျပာသည္။

 

Source: 7 day news

 

Read times Last modified on Tuesday, 04 February 2020 11:32
Rate this item
(0 votes)