Food & Livestock



၂၀၂၄ နှစ်ဆန်းပိုင်း အာရှဆန် အထွက်လျော့မည် ခန့်မှန်း

၂၀၂၄ နှစ်ဆန်းပိုင်း အာရှဆန် အထွက်လျော့မည် ခန့်မှန်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ခြောက်သွေ့ရာသီစပါး အထွက်နှုန်း အာရှမှာ လျော့ကျမည်ဟု ခန့်မှန်းထားသည်။ လယ်မြေများ မြေဆီလွှာ ခန်းခြောက်ခြင်း၊ ဆည်များ ရေနည်းနေခြင်း၊ အယ်နီညိုရာသီဥတု ဆက်လက်ဖြစ်ပေါ်နိုင်မည်ဟု ခန့်မှန်းထားခြင်းတို့ကြောင့် ၂၀၂၄ ခုနှစ် အစောပိုင်း စပါးပေါ်ချိန်တွင် အထွက်နှုန်း လျော့ကျမည် ဖြစ်သည်။

 

အယ်နီညို ခြောက်သွေ့ရာသီဥတုသည် ၂၀၂၄  ဧပြီလမှ ဇွန်လအထိ ဆက်လက်ရှိနေဦးမည်ဖြစ်သည်။

 

ကမ္ဘာ့အများဆုံး ဆန်တင်ပို့သူ အိန္ဒိယနှင့် ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်ပို့သူ ထိုင်းတို့၏ ခြောက်သွေ့ရာသီ စပါးပေါ်ချိန် ၂၀၂၄ ခုနှစ် ပထမ၃လပတ်တွင် အထွက်လျော့ကျမည်ဟု ခန့်မှန်းထားသည်။

ဆန်တင်သွင်းမှု များပြားသည့် အင်ဒိုနီးရှားတွင်လည်း ယခုအထိ မိုးခေါင်နေဆဲ ဖြစ်သည်။ ဆည်များတွင် ရေနည်းနေသဖြင့် လယ်များကို လုံလုံလောက်လောက် ရေပေးဖို့ အခက်အခဲ ရှိနေသည်။ 

 

ကမ္ဘာ့ဆန်တင်ပို့မှု အများစုသည် အာရှမှ ဖြစ်သည်။ ဆန်အများဆုံး တင်ပို့သည့် အိန္ဒိယက ပြည်တွင်း ဖူလုံစေရေးအတွက် ဆန်တင်ပို့မှုများကို ကန့်သတ်ပိတ်ပင်ခြင်း၊ ပို့ကုန်ခွန် စည်းကြပ်ခြင်းတို့ကြောင့် ကမ္ဘာ့ဈေးကွက်ထဲ  ဆန်လျော့နည်းသွားပြှီး အာရှဆန် ဈေးနှုန်းသည် ၂၀၂၃ ခုနှစ်တွင် ၃၀%-၄၀% မြင့်တက်ခဲ့သည်။ 

 

စပါးအထွက် နည်းပါးခြင်းနှင့် စားသောက်ကုန် ကုန်ဈေးနှုန်း မြင့်တက်မည့်အရေး ရှိနေခြင်းများကြောင့် အိန္ဒိယသည် အနည်းဆုံး အနေဖြင့် လာမည့်နှစ်လယ်အထိ ဆန်တင်ပို့မှုအပေါ် ကန့်သတ်ချက်များ ဆက်လက်ထားရှိနိုင်သည်။ 

 

အိန္ဒိယဆန် ပြည်ပတင်ပို့မှု မရှိလျှင် ထိုင်းဆန်နှင့် ဗီယက်နမ်ဆန် ကမ္ဘာ့ဈေးကွက်ထဲ ပိုမိုရောက်ရှိလာမည် ဖြစ်သည်။ အိန္ဒိယဆန်ထက် ထိုင်းဆန်နှင့် ဗီယက်နမ်ဆန်တို့က မူလကတည်းက ဈေးပိုမြင့်သည်။ ဝယ်လိုအား မြင့်တက်ခြင်းသည် ထိုင်းဆန်နှင့် ဗီယက်နမ်ဆန် ဈေးနှုန်းများ မြင့်တက်အောင် ဆွဲတင်ပေးလိမ့်မည် ဖြစ်သည်။ 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 03 December 2023 12:21
Rate this item
(1 Vote)