Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ပြည်တွင်းဈေးကွက်၌ ပဲပုပ်အစာဈေးကွက် မြင့်တက်လာ

SunSirs ၏ စောင့်ကြည့်လေ့လာသည့် အချက်အလက်များအရ သြဂုတ် ၄ ရက်မှစတင်၍ အမေရိကန်ပဲပုပ်များက

ပြင်ပဈေးကွက်ကို ပံ့ပိုးပေးခဲ့သဖြင့် ဟောင်ကောင်မှ တင်သွင်းသည့် ပဲပုပ်ပမာဏလျော့နည်းသွားခဲ့ရာ တရုတ်ပြည်တွင်းပဲပုပ်အစာဈေးကွက် ဆက်လက်မြင့်တက်ခဲ့ပါသည်။ ဩဂုတ်လ ၄ ရက်နေ့တွင် ပဲပုပ်အစာဈေး ပျမ်းမျှဈေးမှာ တစ်တန်လျှင် ၄,၂၀၂ ယွမ်ဖြစ် ခဲ့ပြီး၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် ပျမ်းမျှဈေးနှုန်း တစ်တန်လျှင် ၄,၃၁၂ ယွမ်ဖြစ်ခဲ့ရာ ၂.၆၂ % မြင့် တက်လာခြင်း ဖြစ်ပါသည်။

 

Mega Global Green 


အမေရိကန်ပြည်ထောင်စုဘက်မှ ပဲပုပ်များကို တင်ပို့ရန် စစ်ဆေးမှုပမာဏတက်လာသော် လည်း အကောင်းဆုံးဖွံ့ဖြိုးမှုနှုန်း ကျဆင်းလာခဲ့သဖြင့် ဩဂုတ်လ ၄ ရက်နေ့မှစတင်၍ ပဲပုပ်အစာ ဈေးနှုန်းမှာ အထက်သို့ ပြန်လည်တက်လာခဲ့ပါသည်။ ဝယ်လိုအားမှာ အတော်လေးနှေးကွေးနေ ပြီး ပဲပုပ်အစာရရှိနိုင်မှုကို အတိုင်းအတာတစ်ခုအထိ အကန့်အသတ်ဖြစ်ပေါ်စေသဖြင့် ပဲပုပ်အစာ ဈေးကွက်တစ်ခုလုံး မြင့်တက်လာခြင်း ဖြစ်ပါသည်။

 

 

ယခုနှစ်လယ်ပိုင်းတွင် ဟောင်ကောင်မှ တင်သွင်းသည့် ပဲပုပ်ပမာဏကျဆင်းခဲ့ပြီး ပဲပုပ် အစာဈေးကွက် ဆက်လက်မြင့်တက်လာခဲ့ရာ၊ ဩဂုတ် ၁၇ ရက်အထိကာလတွင် တရုတ်ပြည် တွင်း ပဲပုပ်အစာဈေးနှုန်းမှာ ၂ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်ကို တွေ့ရပါသည်။

 

 

SunSirs မှ စိုက်ပျိုးရေးထွက်ကုန် ဆန်းစစ်လေ့လာသူက ဈေးနှုန်းတက်စေသည့်အချက်မျာ ရှိနေခြင်းးကြောင့် တရုတ်နိုင်ငံ၏ ပဲပုပ်အစာဈေးကွက်မှာ အနာဂတ်တွင် ဈေးနှုန်းဆက်လက် မြင့်တက်လာနိုင်ခြေရှိသေးကြောင်း ခန့်မှန်းထားပါသည်။

 

Source: SunSirs
Market Information Service- DOP- MOALI

Read times Last modified on Wednesday, 21 September 2022 11:32
Rate this item
(0 votes)