Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံမှ မွေးမြူရေးငါးများ ဥရောပသမဂ္ဂ နိုင်ငံများသို့ မေ ၁ ရက်မှ စတင်တင်ပို့ခွင့် ရရှိ

မြန်မာနိုင်ငံမှ မွေးမြူရေးငါးများကို ဥရောပသမဂ္ဂ နိုင်ငံများသို့ မေ ၁ ရက်မှစ၍   တင်ပို့ခွင့် ရရှိမည်ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန  အရည်အသွေး ထိန်းသိမ်းရေးနှင့် သုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်၏ ပြောပြချက်အရ သိရသည်။

 

''မြန်မာနိုင်ငံက မွေးမြူရေးငါး ၁ဝ မျိုးကို မေ  ၁  ရက်ကစပြီး  ဥရောပသမဂ္ဂကို တင်ပို့ခွင့်ရပါပြီ။ မြန်မာနိုင်ငံမှာ တင်ပို့ခွင့်ရတာ ဒီဇင်ဘာ ၁ ရက်လို့ ဝက်ဘ်ဆိုက်က ကြေညာပေမယ့် ကျွန်တော်တို့မှာ ဆက်ပြီး လုပ်ရတဲ့ အပိုင်းတွေ ရှိပါတယ်။

 

မြန်မာနိုင်ငံ မှာရှိတဲ့ အအေးခန်းစက်ရုံ ၁၂ဝ ကျော်ထဲမှာ  ဥရောပသမဂ္ဂ နိုင်ငံတွေဆီ တင်ပို့တဲ့စက်ရုံက ၂၉ ရုံပဲ ရှိပါတယ်။အဲဒီထဲမှာမှ မွေးမြူရေးငါး တင်ပို့ဖို့   စက်ရုံ  ၁၇  ရုံကို  ဥရောပသမဂ္ဂ လိုအပ်ချက်အရ  အဆိုပြုချက် ထပ်တောင်းတယ်'' ဟု ဦးသက်နိုင် ကပြောသည်။

 

ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသည့် အမျိုးသား ဓာတ်ကြွင်းစောင့်ကြည့်မှု အစီအစဉ်တွင် မွေးမြူရေးကန် ၃၂ ကန်ရှိ သည့်အနက် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသ ကြီးတို့ရှိ မွေးမြူရေးကန် ၂၇ ကန်မှ ငါးမြစ် ချင်း၊ ငါးကြင်းဖြူ၊ ငါးခေါင်းပွ၊ ရွှေဝါ၊ ငါးတန်၊ ငါးခုံးမကြီး၊ တီလားဗီးယား၊ တိုက်ဂါးပုစွန်၊ ဗီနားမင်းပုစွန်ဖြူနှင့် ကဏန်းပျော့တို့ကို ဥရောပသမဂ္ဂနိုင်ငံများသို့တင်ပို့ခွင့် ရရှိခြင်း ဖြစ်သည်။

 

Read More >>>>>> ရာသီဥတု ပူပြင်းတဲ့အချိန်မှာ ဖာလူဒါ လုပ်သောက်ကြရအောင်

 

ယခင်က မြန်မာနိုင်ငံရှိ အအေးခန်းစက်ရုံ ၂၉ ရုံသည် သဘာဝမှ ရရှိသည့်ငါးများကို ဥရောပ သမဂ္ဂနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ယင်းစက်ရုံ ၂၉ ရုံထဲမှ ၁၇ ရုံမှာ သဘာဝနည်းဖြင့်  မွေးမြူသည့် ငါးများတင်ပို့သည့် အပြင်  လက်ရှိမွေးမြူနေသည့်  ငါး ၁ဝ မျိုး ကို ထပ်မံ၍ မေ ၁ ရက်မှစတင်ကာ ဥရောပ သမဂ္ဂနိုင်ငံများသို့   တင်ပို့ခွင့် ရရှိခြင်း ဖြစ်သည်။   

 

Source: Myawaddy

Read times Last modified on Monday, 29 April 2019 11:23
Rate this item
(1 Vote)