Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်း ဆန်ဈေးကွက်အတွင်း ရှိသင့်သည်ထက် ဈေးနှုန်းမြင့်တက်နေမှုများကို စောင့်ကြည့်၍ ဆောင်ရွက်ပေးမည်

ပြည်တွင်းဆန်ဈေးကွက် အတွင်း ရှိသင့်သည့် ဆန်ဈေးထက် ပိုမိုမြင့်တက်နေခြင်းကြောင့် စောင့်ကြည့်၍ စားသုံးသူများ အတွက် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း

 

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်း၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)၌ ယနေ့တွင် လတ်တလောဖြစ်ပေါ်နေသော ဆန်ဈေးနှုန်း ကြီးမြင့်ခြင်းအပေါ် ဆန်လက်လီဆိုင်များ၊ အကျိုးဆောင်များ၊ ပွဲရုံပိုင်ရှင်၊ ဆန်ကုန်သည်များ တွေ့ဆုံဆွေးနွေး ခဲ့ကြရာမှ သိရပါတယ်။

 

''လတ်တလော ဆန်ဈေးကြီးမြင့်တာတွေနဲ့ ပတ်သက်လို့ စောင့်ကြည့်ဦးမယ်။ အလွန့် အလွန်ဖြစ်လာမှ နိုင်ငံတော် အစိုးရကို တင်ပြပြီး စားသုံးသူတွေအတွက် ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေ လုပ်ပေးမယ်'' ဟုမြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦး ကပြောကြားခဲ့ပါတယ်။

 

 

ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ဆန်တစ်အိတ်လျှင် ငွေကျပ် ၇ဝဝဝ မှ ၈ဝဝဝ အထိ မြင့်တက်မှုများ ရှိပါတယ်။

 

 

''ဆန်ဈေးနှုန်းနဲ့ပတ်သက်လို့ အသိပေးပြီးပါပြီ။ မလိုလားအပ်ဘဲ ဆန်ဈေးတွေ တက်တာ၊ မမှန်မကန်သတင်းတွေ လုပ်မယ်ဆိုရင်တော့ ဖော်ထုတ်မယ်။ ဈေးကွက်စီးပွားရေးအရ အဓမ္မဖြစ်တာ မလိုလားဘူး။

 

 

အားလုံးပူးပေါင်းဆောင်ရွက်ကြရင် ဆန်ဈေး ပြန်လည်တည်ငြိမ်နိုင်ပါတယ်'' ဟု ဦးအောင်သန်းဦး ကပြောကြားခဲ့ပါတယ်။

 


ယခုကဲ့သို့ ဆန်ဈေးနှုန်းများ မြင့်တက်ခြင်းသည် စားသုံးသူများ၏ ဆန်ဈေးကွက် အကြောင်း နားမလည်ခြင်းလည်း ပါဝင်ပြီး ယခုကဲ့သို့ ဆန်ဈေးမြင့်တက်နေမှုကို အချိန်မီ တားဆီးနိုင်ရန် လိုအပ်ကြောင်း သိရပါတယ်။

 


Source: Myawady

Read times Last modified on Tuesday, 18 September 2018 10:18
Rate this item
(1 Vote)