Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြံစိုက်တောင်သူများထံ ကြိုတင်ငွေချေးပြီး ပြန်ဝယ်မည်

သကြားထုတ်လုပ်သည့် စက်ရုံအသစ်များ များပြာလာခြင်းကြောင့် ကြံစိုက်ဧကကို တိုးချဲ့စိုက်ပျိုးရန်

လိုအပ်ပြီး၊ တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် သကြားထုတ်စက်ရုံများက ကြံစိုက်တောင်သူများအား ကြိုတင်ချေးငွေထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 Shwe Byain Phyu

ယခုနှစ် ဒီဇင်ဘာကြံရာသီကာလကစပြီး ကြံတစ်ဧကလျှင် ငွေကျပ်နှစ်သိန်းမှ သုံးသိန်အထိ ကြိုတင်ချေးငွေ ထုတ်ချေးပေးရန် စီစဉ်ထားကြောင်း သိရသည်။

 

“စစ်ကိုင်းတိုင်းဒေသကြီးမှာ သကြားစက်ရုံအသစ်တွေ တိုးချဲ့လာတာတွေ ရှိတဲ့အတွက် တောင်သူတွေအနေနဲ့ ကြံစိုက်ဧက တိုးချဲ့ဖို့လိုလာပါတယ်။ ဒါကြောင့်မို့ သကြားစက်ရုံတွေကနေ ကြံစိုက်တောင်သူတွေကို ကြိုတင်ချေးငွေတွေ၊ မြေဩဇာတွေ ထုတ်ပေးဖို့ စီစဉ်လာတာပါ” ဟု မြန်မာနိုင်ငံကြံ၊ သကြားလုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူက ပြောသည်။

 

မြန်မာနိုင်ငံတွင် ကြံစိုက်တောင်သူပေါင်း သုံးသိန်းကျော်ရှိပြီး၊ နှစ်စဉ်ပျမ်းမျှ ကြံစိုက်ဧကပေါင်း ၄ ဒသမ ၅သိန်းကျော် စိုက်ပျိုးလျက်ရှိကြောင်း၊ သကြားထုတ်လုပ်မှုသည် နှစ်စဉ်ပျမ်းမျှ တန်ချိန်ပေါင်း လေးသိန်းခွဲမှ ငါးသိန်းအထိရှိကြောင်း သိရသည်။

 

အထူးသဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့်စစ်ကိုင်းတိုင်းတွင် အဓိက စိုက်ပျိုးလျက်ရှိကြောင်း သကြားစက်ရုံသစ်များ ထပ်တိုးဖွင့်လှစ်ခြင်းကြောင့်၊ ကြံလိုအပ်ချက်မြင့်လာမည်ဖြစ်သည်။

 

ယခုနှစ် ကြံရာသီ ဒီဇင်ဘာမှလာမည့် ၂၀၂၃ခုနှစ်၊ ဧပြီအထိ စက်ရုံအရောက် ကြံတစ်တန်ကို ငွေကျပ် ၈၀၀၀၀နှုန်းဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြံ၊ သကြား လုပ်ငန်းရှင်များအသင်းက သိရသည်။

 

Source: MND
Myanmar Food Guide

Read times Last modified on Wednesday, 21 September 2022 11:40
Rate this item
(0 votes)