Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြံရာသီချိန်တွင် ကြံသကာလုပ်ငန်းများ ဝင်ငွေကောင်းလျက်ရှိ

ယခုကာလသည် ကြံခုတ်သိမ်းချိန်ရာသီဖြစ်၍ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်ရှိ ဘန်းပြင်းကျေးရွာ၊

မြေနီကုန်းကျေးရွာ၊ သိုက်ချောင်းကျေးရွာ၊ ဓမ္မသော်ကျေးရွာ၊ ဂက်အစ်ကုန်းကျေးရွာနှင့် ကိုးအုံစုကျေးရွာတို့မှ ကြံစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ကြံများကို သကြားစက်များသို့ တိုက်ရိုက်တင်ပို့ရောင်းချခြင်းများ ရှိသကဲ့သို့ အချို့တောင်သူများမှာလည်း တစ်နိုင်တစ်ပိုင် ကြကံသကာချက်လုပ်၍ ရောင်းချခြင်း၊ ကြံသကာပြု လုပ်သည့်ဖိုများသို့ ရောင်းချခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။

Tharaphu 

ကြံသကာချက်လုပ်ရာတွင် ကြံတစ်တန်လျှင် အရည်ပုံး ၃၀ ရရှိကာ ၁၀ ဒယ်ချက်လုပ်ရရှိပြီး ကြံသကာ ပိဿာချိန် ၆၀ ထွက်ရှိကြောင်း သိရသည်။ ကြံတစ်တန်ချက်လုပ်မှု စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် ၉၈,၅၀၀ ခန့် ကုန်ကျကြောင်း၊ တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ ဖြင့် ရောင်းချရပြီး ဝင်ငွေအနေဖြင့် တစ်တန်လျှင် ကျပ် ၁၂၀,၀၀၀ ရရှိကြောင်း၊ ကြံတစ်တန် ချက်လုပ်မှုအတွက် အကျိုးအမြတ်အနေဖြင့် ကျပ် ၂၁,၅၀၀ ခန့်ရရှိကြောင်း၊ တစ်ရက်လျှင် လေးတန်ကျ ချက်လုပ်နိုင်သောကြောင့် တစ်ရက်ဝင်ငွေအနေဖြင့် ကျပ် ၈၆,၀၀၀ ခန့်ရရှိကြောင်း သိရသည်။

 

ယခုနှစ် ကြံစိုက်ပျိုးတောင်သူများအနေဖြင့် ကြံများရောင်းချရာတွင် သကြားစက်သို့ အရောက် ကြံတစ်တန်လျှင် ကျပ် ၇၅,၀၀၀ စျေးနှုန်းဖြင့် ရောင်းချရခြင်း၊ ကြံသကာချက်လုပ်ရောင်းချသူများအနေဖြင့် နေ့စဉ်ချက်လုပ်ခြင်း မရှိသော်လည်း ကျိုချက်သည့်ရက်များတွင် အကျိုးအမြတ် ကျပ် ၈၀,၀၀၀ ကျော်ရရှိနေသည့်အတွက် ယခုနှစ် ကြံရာသီတွင် ကြံသကာလုပ်ငန်းများ ဝင်ငွေကောင်းလျက်ရှိနေကြောင်း ကြံချက်လုပ်သူ တစ်ဦးထံမှ သိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: The Mirror

Myanmar Food Industry Guide

Read times Last modified on Wednesday, 18 January 2023 16:18
Rate this item
(0 votes)