Food & Livestock



FAO စားနပ်ရိက္ခာ စျေးနှုန်းညွှန်းကိန်း ဇူလိုင်လတွင် အနည်းငယ် ပြန်မြင့်တက်

FAO စားနပ်ရိက္ခာ စျေးနှုန်းညွှန်းကိန်း ဇူလိုင်လတွင် အနည်းငယ် ပြန်မြင့်တက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

၂၀၂၃ ခုနှစ် ဇူလိုင်လအတွက် FAO စားနပ်ရိက္ခာ စျေးနှုန်းညွှန်းကိန်း FAO Food Price Index(FFPI) ပျမ်းမျှ ၁၂၃.၉ ရှိသည်။ ဇွန်လထက် ၁.၃% မြင့်တက်သည်။ 

 

 

photo_2023-08-13_00-39-22.jpg

 

FFPI  ဇူလိုင်လတွင် ပြန်မြင့်တက်လာခြင်းသည် ဟင်းသီးဟင်းရွက်ဆီစျေးနှုန်းညွှန်းကိန်းတွင် မြင့်တက်မှု များခဲ့သည်။ သို့သော် သကြားစျေးနှုန်းအညွှန်းကိန်းသိသိသာသာကျဆင်းခြင်းနှင့် ကောက်နှံ၊ နို့ထွက်ပစ္စည်းနှင့်အသားများအတွက်စျေးနှုန်းညွှန်းကိန်းများ အနည်းငယ် ကျဆင်းခဲ့ခြင်းတို့က ထေပေးလိုက်ကြသဖြင့် ပျမ်းမျှရလဒ်တွင် ၁.၃% မျှသာ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

 

FAO ကောက်နှံဈေးနှုန်းညွှန်းကိန်းသည် ဇူလိုင်လတွင် ပျမ်းမျှ ၁၂၅.၉ မှတ် ရှိပြီး ဇွန်လထက် ၀.၇ မှတ် (၀.၅%) လျော့နည်းသည်။

 

အာဂျင်တီးနားနှင့် ဘရာဇီးတို့တွင် အစေ့ထုတ်ပြောင်း အသစ်ပေါ်သည့် ရာသီဖြစ်နေခြင်း၊ အမေရိကန်တွင် အထွက်နှုန်း ကောင်းခြင်းတို့ကြောင့် နိုင်ငံတကာ အစေ့ထုတ်ပြောင်းဈေးနှုန်း ကျဆင်းသည်။ အစေ့ထုတ်ပြောင်း ဈေးကျသဖြင့် နှံစားပြောင်းလည်း ဈေးကျသည်။

ကမ္ဘာ့မုယောစပါးဈေးသည် တည်ငြိမ်နေသည်။

နိုင်ငံတကာ ဂျုံဈေး ၁.၆% မြင့်တက်သည်။ ပင်လယ်နက်မှ တင်ပို့သည့် ယူကရိန်းဂျုံများ ဆက်လက်တင်ပို့နိုင်ဖွယ် မရှိသဖြင့် ဂျုံဈေး မြင့်တက်သည်။ အမေရိကန်နှင့် ကနေဒါတို့တွင် ဂျုံအထွက်နည်းခြင်းကြောင့်လည်း ဂျုံဈေး မြင့်တက်စေသည်။

 

 FAO ဆန်အားလုံး ဈေးနှုန်းညွှန်းကိန်း All Rice Price Index သည် ဇူလိုင်လတွင် ၂.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာလနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။

ဇူလိုင်လ ၂၀ ရက်တွင် ဘာစမာတီ မဟုတ်သော ဆန်ဖြူ တင်ပို့မှု ပိတ်ပင်လိုက်သဖြင့် ကမ္ဘာ့ဆန်ဈေး ထိုးတက်သွားသည်။ 

 

FAO ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းညွှန်းကိန်း Vegetable Oil Price Index ပျမ်းမျှ ၁၂၉.၈ မှတ် ရှိပြီး ဇွန်လထက် ၁၄.၀ မှတ် (၁၂.၁%) မြင့်တက်သည်။ ၇ လ ဆက်တိုက် ကျဆင်းခဲ့ပြီး ပထမဆုံးအကြိမ် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ နေကြာဆီ၊ စားအုန်းဆီ၊ ပဲပုပ်ဆီ၊ မုန်ညှင်းဆီတို့ ‌ဇူလိုင်လတွင် ဈေးတက်ခဲ့သည်။ 

ကမ္ဘာ့စားအုန်းဆီဈေးနှုန်းများ သိသိသာသာ မြင့်တက်သည်။ 

အမေရိကန်တွင် ပဲပုပ်ပဲ အထွက်နည်းမည်ဟု ခန့်မှန်းထားခြင်းကြောင့် ပဲပုပ်ဆီ ဈေးတက်သည်။

ကနေဒါတွင် ဆီမုန်ညှင်း အထွက်နည်းခြင်းတို့ကြောင့် မုန်ညှင်းဆီ ဈေးတက်သည်။

 

FAO နို့ထွက်ပစ္စည်းစျေးနှုန်းညွှန်းကိန်း Dairy Price Index ပျမ်းမျှ ၁၁၆.၃ မှတ် ရှိသည်။ ဇွန်လထက် ၀.၅ မှတ် (၀.၄%) ကျဆင်းသည်။ ဈေးကျသည်မှာ ၇ လ ဆက်တိုက်ရှိပြီဖြစ်သည်။

 

FAO အသားဈေးညွှန်းကိန်း  Meat Price Index ပျမ်းမျှ ၁၁၇.၈ မှတ် ရှိသည်။ ဇွန်လထက် ၀.၄ မှတ် (၀.၃%) ကျဆင်းသည်။

FAO သကြားဈေးညွှန်းကိန်း Sugar Price Index ပျမ်းမျှ ၁၄၆.၃ မှတ် ရှိသည်။ ဇွန်လထက် ၅.၉ မှတ် (၃.၉%) ကျဆင်းသည်။ ဘရာဇီးနှင့် အိန္ဒိယတွင် ကြံ အထွက်နှုန်း ကောင်းနေပြီး အရည်အသွေးလည်း ကောင်းသဖြင့် ကမ္ဘာ့သကြားဈေးကျသည်။

အင်ဒိုနီးရှားနှင့် တရုတ်တို့ သကြားတင်သွင်းမှု လျော့ကျခြင်းကြောင့်လည်း ကမ္ဘာ့သကြားဈေးနှုန်းများ ကျဆင်းသည်။

Source Food and Agriculture Organization of the United Nations (FAO)


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Sunday, 13 August 2023 00:40
Rate this item
(0 votes)