Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မှိုစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ဆောင်မည်

"""  Unicode *** 

မှိုစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ဆောင်မည်

မြန်မာနိုင်ငံတွင် မှိုစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်တွင်း၊ ပြည််ပအဖွဲ့အစညးများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံ စားသုံးမှိုအစုအဖွဲ့မှ နိုဝင်ဘာလ ၁ ရက်တွင် သိရပါတယ်။

 

မှိုစိုက်ပျိုးရေးလုပ်ငန်းသည် အခြား စိုက်ပျိုးရေးလုပ်ငန်းများကဲ့သို့ စိုက်ပျိုးမြေဧရိယာများစွာမလိုသည့်အပြင် ရက်ပိုင်း၊ လပိုင်းအတွင်း အရင်းပြန်ပေါ်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ကျပ် ၁၀၀၀၀ ရင်းနှီးပါက ကျပ် ၅၀၀၀၀ ခန့် ရရှိနိုင်ကြောင်း သိရပါတယ်။

 

"မှိုစျေးကွက်က ပြည်တွင်းဟိုတယ်လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေသာမက ရပ်ကွက်စျေးဆိုင်တွေမှာပါ တွင်တွင်ကျယ်ကျယ် ရောင်းချမှုရှိလာတယ်။ မှိုစျေးနှုန်းအနေနဲ့ တစ်ပိဿာကို ကျပ် ၄၀၀၀ အထက်ရှိတယ်။ မြို့ပြတွေမှာဆိုရင် တစ်ပိဿာ ကျပ် ၅၀၀၀ ကနေ ကျပ် ၆၀၀၀ အထိရှိပါတယ်  " ဟု မြန်မာနိုင်ငံ စားသုံးမှိုအစုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

Read More >>>>>   ဖရဲသီးရေခဲချောင်းလုပ်စားရအောင်

 

မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် ကောက်ရိုးမှို၊ ကြွက်နားရွက်မှိုများကို အများဆုံး စိုက်ပျိုးလုပ်ကိုင်သူများပြားလာသည့်အပြင် ရှီတာကီးမှို၊ ကြယ်သီးမှိုနှင့် အပ်မှိုများကိုလည်း စမ်းသပ်စိုက်ပျိုးလာကြောင်းနှင့် ရာသီဥတုဒဏ်ခံနိုင်သောမှိုများကိုသာ ရွေးချယ်စိုက်ပျိုးမှုရှိလာကြောင်း သိရပါတယ်။

 

"နည်းပညာနဲ့စျေးကွက်ချိတ်ဆက်မှုပိုင်းကတော့ အားနည်းနေသေးတယ်။ မှိုစိုက်ပျိုးတာက စိုက်ပျိုးစရိတ် နည်းပါးတာရယ် တစ်ပတ်အတွင်း ငွေပြန်ရနိုင်လို့ တစ်နိုင်တစ်ပိုင်လုပ်ကိုင်သူကတော့ များလာတယ်  " ဟု ၎င်းကထပ်မံပြောကြားခဲ့ပါတယ်။

 

မှိုစိုက်ပျိုးရာတွင် မှိုမျိုးစေ့ထုပ်ကို ဝယ်ယူစိုက်ပျိုးပါက တစ်ပတ်အတွင်း မှိုထွက်ရှိ၍ တစ်လခွဲအထိ မှိုထုတ်ယူနိုင်ပြီး မျိုးစေ့ထုပ်ပိုး၍ စိုက်ပျိုးမည်ဆိုပါက စတင်စိုက်ပျိုးချိန်မှစ၍ တစ်လအတွင်းမှ သုံးလအထိ မှိုထုတ်ယူနိုင်သောကြောင့် တစ်နှစ်လျှင် ၅ ကြိမ် ဝန်းကျင်အထိ မှိုစိုက်ပျိုးထုတ်လုပ်နိုင်ကြောင်း သိရပါတယ်။

 

Source: Pyimyanmar

 

 

 

မိႈစိုက္ပ်ဳိးေရးလုပ္ငန္းမ်ား ဖြံ႔ၿဖိဳးတိုးတက္လာဖို႕အတြက္လုပ္ေဆာင္သြားမည္

 

ျမန္မာႏိုင္ငံတြင္ မိႈစိုက္ပ်ဳိးေရးလုပ္ငန္းမ်ား ဖြံ႔ၿဖိဳးတိုးတက္လာေစရန္ ျပည္တြင္း၊ ျပည္္ပအဖြဲ႔အစညးမ်ားႏွင့္ ပူးေပါင္းလုပ္ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံ စားသံုးမိႈအစုအဖြဲ႔မွ ႏိုဝင္ဘာလ ၁ ရက္တြင္ သိရပါတယ္။

 

မိႈစိုက္ပ်ဳိးေရးလုပ္ငန္းသည္ အျခား စိုက္ပ်ဳိးေရးလုပ္ငန္းမ်ားကဲ့သို႕ စိုက္ပ်ဳိးေျမဧရိယာမ်ားစြာမလိုသည့္အျပင္ ရက္ပိုင္း၊ လပိုင္းအတြင္း အရင္းျပန္ေပၚသည့္ လုပ္ငန္းတစ္ခုျဖစ္ၿပီး က်ပ္ ၁၀၀၀၀ ရင္းႏွီးပါက က်ပ္ ၅၀၀၀၀ ခန္႕ ရရွိႏိုင္ေၾကာင္း သိရပါတယ္။

 

"မိႈေစ်းကြက္က ျပည္တြင္းဟိုတယ္လုပ္ငန္းေတြ၊ စားေသာက္ဆိုင္ေတြသာမက ရပ္ကြက္ေစ်းဆိုင္ေတြမွာပါ တြင္တြင္က်ယ္က်ယ္ ေရာင္းခ်မႈရွိလာတယ္။ မိႈေစ်းႏႈန္းအေနနဲ႕ တစ္ပိႆာကို က်ပ္ ၄၀၀၀ အထက္ရွိတယ္။ ၿမိဳ႔ျပေတြမွာဆိုရင္ တစ္ပိႆာ က်ပ္ ၅၀၀၀ ကေန က်ပ္ ၆၀၀၀ အထိရွိပါတယ္  " ဟု ျမန္မာႏိုင္ငံ စားသံုးမိႈအစုအဖြဲ႔မွ တာ၀န္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

 

Read More >>>>>   ဖရဲသီးေရခဲေခ်ာင္းလုပ္စားရေအာင္

 

ျမန္မာႏိုင္ငံရွိ ေဒသအသီးသီးတြင္ ေကာက္႐ိုးမိႈ၊ ၾကြက္နားရြက္မိႈမ်ားကို အမ်ားဆံုး စိုက္ပ်ဳိးလုပ္ကိုင္သူမ်ားျပားလာသည့္အျပင္ ရွီတာကီးမိႈ၊ ၾကယ္သီးမိႈႏွင့္ အပ္မိႈမ်ားကိုလည္း စမ္းသပ္စိုက္ပ်ဳိးလာေၾကာင္းႏွင့္ ရာသီဥတုဒဏ္ခံႏိုင္ေသာမိႈမ်ားကိုသာ ေရြးခ်ယ္စိုက္ပ်ဳိးမႈရွိလာေၾကာင္း သိရပါတယ္။

 

"နည္းပညာနဲ႕ေစ်းကြက္ခ်ိတ္ဆက္မႈပိုင္းကေတာ့ အားနည္းေနေသးတယ္။ မိႈစိုက္ပ်ဳိးတာက စိုက္ပ်ဳိးစရိတ္ နည္းပါးတာရယ္ တစ္ပတ္အတြင္း ေငြျပန္ရႏိုင္လို႕ တစ္ႏိုင္တစ္ပိုင္လုပ္ကိုင္သူကေတာ့ မ်ားလာတယ္  " ဟု ၎ကထပ္မံေျပာၾကားခဲ့ပါတယ္။

 

မိႈစိုက္ပ်ဳိးရာတြင္ မိႈမ်ဳိးေစ့ထုပ္ကို ဝယ္ယူစိုက္ပ်ဳိးပါက တစ္ပတ္အတြင္း မိႈထြက္ရွိ၍ တစ္လခြဲအထိ မိႈထုတ္ယူႏိုင္ၿပီး မ်ဳိးေစ့ထုပ္ပိုး၍ စိုက္ပ်ဳိးမည္ဆိုပါက စတင္စိုက္ပ်ဳိးခ်ိန္မွစ၍ တစ္လအတြင္းမွ သံုးလအထိ မိႈထုတ္ယူႏိုင္ေသာေၾကာင့္ တစ္ႏွစ္လွ်င္ ၅ ႀကိမ္ ဝန္းက်င္အထိ မိႈစိုက္ပ်ဳိးထုတ္လုပ္ႏိုင္ေၾကာင္း သိရပါတယ္။

 

Source: Pyimyanmar

 

 

Read times Last modified on Monday, 10 February 2020 15:46
Rate this item
(0 votes)