Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ဆန်ဖျက်ဆီးခံရမှုကြောင့် ဈေးကွက်ထိခိုက်မှုမရှိ အာဖရိကအပါအဝင် ပို့ကုန်ခွင့်ပြုထားသည့်နိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၆၀ဝ၀ဝ ကျော် ဆက်လက်တင်ပို့

မြန်မာ့ဆန်ဖျက်ဆီးခံရမှုကြောင့် ပြည်ပတင်ပို့သည့်ဈေးကွက်ထိခိုက်မှု မရှိဘဲ အာဖရိကအပါအဝင် ပို့ကုန်လိုင် စင်ခွင့်ပြုထားသည့်နိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၆၀ဝ၀ဝ ကျော်ဆက် လက်တင်ပို့လျက်ရှိကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ဧပြီ ၂၄ ရက်ကထုတ်ပြန်ထားသည်။

 

 အဆိုပါဆန်ဖျက်ဆီးခံရမှုဖြစ်စဉ် ဖြစ်ပေါ်ခဲ့သော်လည်း မြန်မာ့ဆန်များတင်ပို့သည့်ဈေးကွက်ကို ထိခိုက်မှုမရှိဘဲ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်မှ ဧပြီ ၁၉ ရက်အထိ ပို့ကုန်လိုင်စင်ခွင့်ပြုထားသည့် အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၂၇၉၉၅ တန်၊ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၁၉၀၊ ဆန်ကွဲတန် ၁၁၅၀၊ ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် ၁၅၂၇၁ တန်နှင့် ဆန်ကွဲတန် ၁၉၀၁၀ စုစုပေါင်းဆန်နှင့်ဆန်ကွဲတန်ချိန် ၆၄၆၁၆ တန် တို့ကို ပုံမှန်အတိုင်းဆက်လက်တင်ပို့လျက်ရှိသည်။

 

ထုတ်ပြန်ခဲ့

မြန်မာနိုင်ငံမှတင်ပို့ခဲ့သည့် ဆန်တန်ချိန် ၁၈၀ဝ၀ ကို အိုင်ဗရီကို့စ် နိုင်ငံအာဏာပိုင်များက စားသုံးရန်မသင့်ဟုကြေညာ၍ ဖျက်ဆီးခဲ့သည့် သတင်းကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးလျက်ရှိပြီး ဧပြီ ၂၃ ရက်ကလည်း ယင်းဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကုန်သည်စက်မှုအသင်းချုပ်၊ ဆန်စပါး အသင်းချုပ်နှင့် ဆန်များရောင်းချခဲ့သည့်ကုမ္ပဏီများနှင့်တွေ့ဆုံပြီး တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့သည်။

 

Read More >>>>>>   အပူချိန်မြှင့်တက်မှုကြောင့် ဒူးရင်းသီးစားသုံးသူများအတွက် သတိပြုရန်သတိပေးထား

 

 စာချုပ်ပါအတိုင်း

အဆိုပါထုတ်ပြန်ချက်တွင် ယင်းဆန်များကို စာချုပ်ပါအတိုင်း အရည်အသွေး၊ အလေးချိန်များအတိုင်း ဆန်တင်ပို့မှုတွင် နှစ်ပေါင်း များစွာအတွေ့အကြုံရှိသည့် ကုမ္ပဏီများက ရောင်းချခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာအရည်အသွေးစစ်ဆေးသည့်ကုမ္ပဏီများမှလည်း ယင်းကိစ္စ မျိုး ယခင်ကဖြစ်ပွားခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းနှင့် နိုင်ငံတကာလုပ်ထုံး လုပ်နည်းနှင့်အညီ တိကျစွာလိုက်နာ၍ သင်္ဘောပေါ်သို့တင်ပေးခဲ့ခြင်း ဖြစ်ကြောင်းပါရှိသည်။

 

မထိခိုက်

"ဆန်တင်ပို့မှုလုံးဝမရပ်ဘူး။ ဆန်တောက်လျှောက်လည်းတင်ပို့ နေပါတယ်။ အခုဆိုရင် ဖိလစ်ပိုင်တို့ အခြားနိုင်ငံတွေက ကျွန်တော်တို့ ဆီက ဆန်ကိုဝယ်လာပါတယ်။ အာဖရိကကလည်း ပိုပြီးဝယ်လာတယ်။ မြန်မာနိုင်ငံက ဆန်တွေကို အာဖရိကဈေးကွက်ကို ဆက်ပြီးတင်ပို့ သွားမှာပါ။ ဒီကုမ္ပဏီတွေကလည်း ယုံကြည်မှုရှိကြတယ်။ ဒီသင်္ဘော တစ်စင်းဖျက်ဆီးခံရတာနဲ့ပဲ ဆန်ဈေးတွေကို လုံးဝမထိခိုက်ပါဘူး"ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောဆိုသည်။

 

တာဝန်ယူရမည်

ဆန်ရောင်းချခဲ့သည့် မြန်မာကုမ္ပဏီသုံးခုသည် FOB (ရန်ကုန်) စနစ်ဖြင့်ရောင်းချခဲ့ခြင်းဖြစ်ပြီး ထိုစနစ်အရ ကုန်ရောင်းသူသည် ရောင်း ချမည့်ကုန်ပစ္စည်းကိုတင်ပို့ရမည့် သင်္ဘောပေါ်သို့ရောက်ရှိသည်အထိ တင်ပို့ပေးရန်တာဝန်ရှိပြီး ဝယ်ယူသူသည် ကုန်ပစ္စည်း သင်္ဘောပေါ်သို့ ရောက်ရှိပြီးသည်နှင့်တစ်ပြိုင်နက် ကုန်ပစ္စည်းနှင့်ပတ်သက်၍ ပေါ် ပေါက်လာသည့်ဆုံးရှုံးမှုနှင့် ကုန်ကျစရိတ်အားလုံးကို တာဝန်ယူရမည် ဖြစ်ရာ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှဆန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် ငွေကြေးအရ နစ်နာမှုမရှိကြောင်းနှင့် ဆန်များ ဖျက်ဆီးခံရခြင်းအပေါ် တာဝန်မရှိကြောင်း ယင်းဝန်ကြီးဌာနက ပြောဆိုသည်။

 

အသေးစိတ်စစ်ဆေးမည်

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် တာဝန်ရှိသူများပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ဆန်တင်ပို့သည့်ကုမ္ပဏီများ၊ အရည်အသွေးစစ်ဆေးသည့် Bureau Veritas ကုမ္ပဏီနှင့်ဆန်ဝယ်ယူသည့် OLam International   ကုမ္ပဏီတို့ကို အသေးစိတ်ဆက်လက်စုံစမ်းစစ်ဆေးသွားမည် ဖြစ်သည်။

Source: Myanmar Time

Read times Last modified on Friday, 26 April 2019 10:42
Rate this item
(1 Vote)