Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲ၊ နှမ်း စျေးကွက်တွင် မြေထောက်ပဲနှင့် ပဲနီပြား စျေးကောင်းရရှိနေ

မန္တလေး ပဲ၊ နှမ်း စျေးကွက်တွင် မြေထောက်ပဲနှင့် ပဲနီပြားအရောင်း အဝယ်ကောင်းမွန်လာပြီး စျေးကောင်း ရရှိနေကြောင်း

ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ကပြောပြ၍ သိရသည်။

 

ယခင်က ပဲ၊ နှမ်း စသည့်ကုန်စည်များထဲတွင် မြေထောက်ပဲနှင့် ပဲနီပြားကို ပြည်တွင်းစျေးကွက်အတွင်း ဝယ်ယူမှုနည်းခြင်းကြောင့် အရောင်းအဝယ်အေးခဲ့ကြောင်း၊ ယခုအခါ မြေထောက်ပဲနှင့် ပဲနီပြားကို ကုန်သည်များ ဝယ်ယူမှုများပြားလာပြီး အရောင်းအဝယ်မှာလည်း ကောင်းနေကြောင်း သိရသည်။

 

KM Fashion

Click Here >>> KM Fashion Shop

 

“မြေထောက်ပဲနဲ့ ပဲနီပြားက အရင်တစ်ပတ်လောက်က အဝယ်သိပ်ပြီးမလိုက်တာကြောင့် မန္တလေးစျေးကွက်ထဲ စျေးကောင်းသိပ်မရခဲ့ဘူး။ အခုလက်ရှိမှာတော့ အရောင်းအဝယ်ပြန်ကောင်းမွန်လာတဲ့အပြင် ပြည်ပကပါ ဝယ်ယူမှုတွေရှိလာတာကြောင့် စျေးကောင်းပြန်ရနေပါတယ်” ဟု ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး က ပြောပြသည်။

 

မန္တလေး ပဲ၊ နှမ်းစျေးကွက်တွင် ဇန်နဝါရီ ၁၆ ရက်ပေါက်စျေးအရ မြေထောက်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၃၅,၀၀၀၊ ပဲနီပြား သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၃၅,၀၀၀ သာရှိခဲ့ပြီး ယနေ့ပေါက်စျေးအရ မြေထောက်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၄၀,၀၀၀၊ ပဲနီပြား သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၃၈,၀၀၀ ထိရှိပြီး စျေးကောင်းရရှိနေကြောင်း သိရသည်။

 

အလားတူ မန္တလေး ပဲ၊ နှမ်း စျေးကွက်တွင် ယနေ့ပေါက်စျေးအရ နှမ်းဖြူ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၉၅,၀၀၀၊ နှမ်းနက်(စမုန်) သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၀၈,၀၀၀ ထိပေါက်စျေးရှိကြောင်း မန္တလေး ကုန်စည်ဒိုင်မှ သိရသည်။

 

Source: YDNP

Myanmar Food Industry Guide

Read times Last modified on Wednesday, 25 January 2023 13:49
Rate this item
(0 votes)