Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မလေးရှားကြက်ဥ အစာအဆိပ်သင့် ပိုးပါသဖြင့် ပြန်လည်သိမ်းဆည်း

မလေးရှားကြက်ဥ အစာအဆိပ်သင့် ပိုးပါသဖြင့် ပြန်လည်သိမ်းဆည်း 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

 

မလေးရှားနိုင်ငံရှိ မွေးမြူရေးခြံတစ်ခုမှ တင်သွင်းလာသော ကြက်ဥများတွင် အစာအဆိပ်သင့်စေသည့် ဘက်တီးရီးယားပိုးများ ပါရှိနေခြင်းကြောင့် ပြန်လည်သိမ်းဆည်းခဲ့ကြောင်း စင်ကာပူစားနပ်ရိက္ခာအေဂျင်စီ (SFA) က သောကြာနေ့ (အောက်တိုဘာ ၁၄)တွင် ပြောကြားခဲ့သည်။

 

စင်ကာပူနယ်စပ် မလေးရှားနိုင်ငံ ဂျိုဟိုး  Yong Peng မှာ တည်ရှိသည့် Teo Seng Layer Farm 1 ကြက်မွေးမြူရေးခြံမှ တင်သွင်းသည့် ကြက်ဉအသုတ်လိုက်အတွင်း Salmonella enteritidis ပါဝင်မှုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။ 

အဆိုပါ ဘက်တီးရီးယား ပိုးပါသည့် ကြက်ဉကို အစိမ်းလိုက်ဖြစ်စေ၊ မကျက်တကျက်ဖြစ်စေ စားမိပါက ဝမ်းလျှောမည်ဖြစ်သည်။ ကိုယ်အပူရှိန် တက်ခြင်း၊ အော့အန်ခြင်း စသဖြင့် အစာအဆိပ်သင့်မည် ဖြစ်သည်။ 

အဆိုပါ ကြက်ဥများကို တင်သွင်းစဉ်က အခွံအပေါ်တွင် အနီရောင်ဖြင့် ကုတ်နံပါတ် CEJ027 ခပ်နှိပ်ထားသဖြင့် အခွံပေါ်မှ ကုတ်နံပါတ်ကို ကြည့်ပြီး သိနိုင်သည်။

 

EGG_CE_J_027.jpg

 

အဆိုပါ ကြက်ဥတစ်သုတ်စာ တင်သွင်းထားသည့် ကုမ္ပဏီ ၆ ခုကို ကြက်ဥများ ဖြန့်ဖြူးခြင်း ရပ်ထားရန်နှင့် ဖြန့်ဖြူးပြီးသား ကြက်ဥများ ပြန်သိမ်းဆည်းရန် အေဂျင်စီက ညွှန်ကြားထားသည်။

Source straittimes

Read times
Rate this item
(0 votes)