Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အမေရိကန်မုန့်ဆိုင်များ မြန်မာပြည်တွင် ဖွင့်မည်

အမေရိကန် လက်လုပ် မုန့်လုပ်ငန်းဖြစ်သည့် Auntie Anne'sTM ဆိုင်များကို ရန်ကုန်မြို့ တွင် Yoma Strategic က

မကြာ မီ ဖွင့်လှစ်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၇ ရက်တွင် သတင်းထုတ်ပြန် သည်။

 

 FOCUS Brands ကုမ္ပဏီ နှင့် Yoma Strategic ကုမ္ပဏီတို့ ကြား သဘောတူညီမှုအရ ရန်ကုန်မြို့၌ အဆိုပါဆိုင်ကို လာမည့်လ တွင် ဖွင့်လှစ်ကာ ငါးနှစ်အတွင်း ဆိုင်ခွဲများ ထပ်မံတိုးချဲ့မည်ဟု Yoma Strategic က သတင်း ထုတ်ပြန်သည်။

 

‘‘မြန်မာ့ရိုးရာ မုန့်ပဲသရေစာ တွေ ရောင်းချမှုများပြားနေပေ မယ့် နိုင်ငံတကာအသိအမှတ်ပြု အမှတ်တံဆိပ်တွေရှိလာမှ ပြည် တွင်း စားသောက်ကုန်ဈေးကွက် က ပိုမိုပြည့်စုံစေမှာပါ’’ဟု Yoma Strategic အမှုဆောင်အရာရှိ ချုပ် Mr. Melvyn Pun က ပြော သည်။

 

Yoma Strategic သည် အစားအစာနှင့် အဖျော်ယမကာ ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ တွင် KFC ကြက်ကြော် ၂၆ ဆိုင် ဖွင့်လှစ်ထားပြီး မကြာမီ တရုတ် အစားအစာ Little Sheep ဟော့ ပေါ့ကို ဖွင့်လှစ်ရန် စီစဉ်ထား သည်။

 

 ၂၀၂၃ တွင် နိုင်ငံတကာ နှင့် ပြည်တွင်းအမှတ်တံဆိပ် ခြောက်ခုဖြင့် ဆိုင်ခွဲ ၁၂၅ ခုအထိ ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်ဟု Mr. Pun က ပြောသည်။

 

Auntie Anne'sTM မုန့်ဆိုင် သည် အမေရိကန်နိုင်ငံတွင် ဆိုင် ခွဲ ၆၀၀ ကျော်နှင့် နိုင်ငံ ၃၀ ကျော်၌ ဆိုင်ခွဲ ၁,၈၀၀ ကျော် ဖွင့်လှစ် ထားသည်။

 

Source: 7 days new

Read times
Rate this item
(1 Vote)