Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးတိုင်းရှိ ငါးမွေးအင်း ၁၇၅ ခု တစ်နှစ်တာ ငါးမွေးခွင့် လေလံတင် ရောင်းချမည်

မန္တလေးတိုင်းဒေသ ကြီး ငါးလုပ်ငန်းဦးစီးဌာနလက် အောက်ရှိ ငါးမွေးအင်း ၁၇၅အင်း တွင် တစ်နှစ်တာငါးမွေးမြူရေး

လုပ်ငန်း လုပ်ကိုင်ခွင့်အတွက် လာမည့်ဧပြီ၌ လေလံတင်ရောင်း ချမည်ဟု တိုင်းဦးစီးမှူးဦးလှဝင်း ကပြောသည်။

 

မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်း၊ မြင်းခြံ၊ တောင်သာ၊ ငါန်း ဇွန်၊ ညောင်ဦး၊ စဥ့်ကိုင်၊ တံတား ဦး၊ ပုသိမ်ကြီးနှင့် အမရပူရမြို့ နယ်များရှိ ငါးမွေးအင်းများကို ၂၀၁၈-၁၉ ဘဏ္ဍနှစ်အတွင်း  ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် ဧပြီ ၂၄ ရက်မှ စတင် ကာ မန္တလေးမြို့သရက်ကုန်းရပ် ကွက် ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် လေလံတင် ရောင်းချမည် ဖြစ်သည်။

 

‘‘တိုင်းဒေသကြီးအတွက် ရသင့်ရထိုက်တဲ့အခွန်အခလည်း ရ ရှိမယ်၊ ရေချိုငါးထုတ်လုပ်မှုလည်းတိုးတက်မယ်၊ အင်းတွေတိမ်ကော ပျက်စီးခြင်းမှလည်း ကာကွယ်အောင် လေလံတင်ရောင်းချတာပါ’’ ဟု ဦးလှဝင်းက ပြောသည်။

 

 လေလံတင်ရောင်းချမည့် အင်းများသည် အနည်းဆုံးကြမ်း ခင်းဈေးကျပ်တစ်သောင်းမှ ကျပ် သိန်း ၄၀၀ ခန့်ရှိပြီး ဈေးပြိုင်စနစ်  ဖြင့် လေလံဆွဲဝယ်ယူသူများ သည် အဆိုပါအင်းများတွင် ငါး မွေးမြူရေးလုပ်ငန်း တစ်နှစ်တာ လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။

 

မန္တလေးတိုင်းဒေသကြီး အ တွင်း ငါးမွေးအင်း ၂၇၂ ခုရှိပြီးလေလံ ပယ်ဖျက်ထားသည့်တောင်သမန်အင်းနှင့် ဆည်မြောင်းဦးစီးဌာန လက်အောက်ရှိ အင်းများမှအပ ကျန်ရှိအင်းများ အားလုံး လေလံတင် ရောင်းချသည်။

 

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က မန္တလေးတိုင်းဒေသကြီး အတွင်း အင်း ၁၂၂အင်းနှင့် ငါးဖမ်းလုပ် ကွက် ၁၁ခုကို တစ်နှစ်တာ ငါး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခွင့် လေလံတင်ရောင်းချရာက ကျပ် သိန်း ၅,၃၀၀ကျော် ရရှိပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ကျပ် သိန်း ၃,၉၀၀ ကျော်ရရှိခဲ့သည်။

 

Source: 7 days new

Read times Last modified on Wednesday, 19 September 2018 10:55
Rate this item
(0 votes)