Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းငါးစျေးကွက်တွင် ငါးပုတ်သင်များစျေးကောင်းရ

ပြည်တွင်းငါးစျေးကွက်အတွင်း စျေးကောင်းရနေသည့် ငါးပုတ်သင်မျာကို မျိုးထိန်းသိမ်းပြီး ငါးထွက်ရှိမှုနှုန်း

ပိုမိုများပြားစေရန် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူးထံမှ သိရသည်။

 

ငါးပုတ်သင်သည် ပြည်တွင်းငါးစျေးကွက်အတွင်း စားသုံးမှုများပြားကာ စျေးကောင်းရသည့် စျေးကွက်ခိုင်မာမှုရှိသော ငါးအမျိုးအစားဖြစ်သည့်အတွက် အဆိုပါ ငါးပုတ်သင်များကို မျိုးထိန်းသိမ်းပြီး ငါးထွက်ရှိနှုန်း ပိုမိုကောင်းမွန်လာစေရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

“ငါးပုတ်သင်က စျေးကောင်းရရှိပြီး စျေးကွက်ခိုင်မာတဲ့အတွက် ပြည်တွင်းစားသုံးမှုပိုလျှံဖို့ ပထမအဆင့်အနေနဲ့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ ပြည်ပပို့နိုင်အောင် လုပ်မှာပါ။ လတ်တလောကတော့ ငါးလုပ်ငန်းဦးစီးဌာနနဲ့ ပူးပေါင်းပြီး သုတေသနလုပ်ငန်းတွေလုပ်နေပါတယ်” ဟုမြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူးက ပြောပြသည်။

 

ငါးပုတ်သင်ကို တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲလတို့တွင် အများဆုံးဖမ်းဆီးရမိပြီးအထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မုတ္တမပင်လယ်ကွေ့တို့တွင် ငါးပုတ်သင်များကို ပိုမိုတွေ့ရကြောင်း၊ ပြည်တွင်းငါးစျေးကွက်အတွင်း ငါးပုတ်သင်အစိုတစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ခန့်ရှိနေပြီး ငါးပုတ်သင်ခြောက်တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀၀ ခန့်စျေးရှိကြောင်း သိရသည်။

 

Source: YDNP

The Myanmar Food Industry Guide

Read times
Rate this item
(0 votes)