Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးမွေးမြူရေးစခန်းများကို BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ပေးမည်ဟုသိရ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနအောက်ရှိ ငါးမွေးမြူရေးစခန်းနှစ်ခုနှင့် ရေယာဉ်လွန်းကျင်း လုပ်ငန်းတစ်ခုတို့တွင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များကို နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

 

နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI) ခေါ်ယူခဲ့ပြီး ယခုအခါ ဒုတိယအဆင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ  သိရပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ နယ်၊ လှပဒါးကျေးရွာရှိမြေဧက ၂၀၁.၇၈ ဧက ကျယ်ဝန်းသည့် လှပဒါးငါးမွေးမြူရေးစခန်း၊ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့ နယ် ဂျောင်ဝိုင်းကျေးရွာရှိ မြေဧက ၂၇.၉၇ ဧက ကျယ်ဝန်းတဲ့ ရေယာဉ်လွန်းကျင်းလုပ်ငန်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့ နယ်ရှိ ဧက ၃၀၀ ကျယ်ဝန်းသည့် မအူပင် ဝါးတောငါးမွေးမြူရေးစခန်းတို့ကို  နှစ်ရှည်လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်းသိရပါတယ်။

 

Read More >>>>   မူဆယ်ကုန်သွယ်ရေးဇုန်တွင် တင်ပို့တဲ့ ကုန်တင် ကုန်ချ ဝန်ဆောင်ခများမြင့်တက်လာ

 

တင်ဒါအဆိုပြုလွှာတစ်စုံလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် ငါးလုပ်ငန်းဦးစီးဌာန၊ စီမံရေးရာဌာနစု၊ ရုံးအမှတ် ၃၆ နေပြည်တော်တွင် ဇူလိုင်လ ၁၇ ရက်နေ့မှ သြဂုတ်လ ၂၀ ရက်နေ့အထိ၊ ရုံးဖွင့်ချိန် နံနက် ၉း၃၀ နာရီမှ နေ့လည် ၃း၃၀ နာရီအထိ ဝယ်ယူနိုင်ပြီး အိတ်ဖွင့်တင်ဒါများကို သြဂုတ်လ ၂၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ၊ ရုံးဖွင့်ချိန် နံနက် ၉း၃၀ နာရီမှ နေ့လည် ၃း၃၀ နာရီအထိ၊   တင်သွင်းနိုင်ပြီး စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် တင်ဒါဖွင့်မည်ဖြစ်ကြောင်း သိရပါတယ်။

 

အသေးစိတ်များကို ငါးလုပ်ငန်းဦးစီးဌာနချုပ်ရုံးချုပ်၊ ဖုန်း ၀၆၇-၄၀၈၄၇၄၊ ၀၆၇-၄၁၈၅၃၁ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။  www.moali.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

# Myanmar Food Industry Directory (WWH)

Read times Last modified on Friday, 12 July 2019 12:49
Rate this item
(0 votes)