Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သင်္ကြန်ရက်များအတွင်း ကျွေးမွေးလေ့ရှိတဲ့ အစားအစာများ

သင်္ကြန်ရေ ဘယ်လိုပဲပက်ပက် သင်္ကြန်မှာလုပ်စားကြတဲ့မုန့်တွေ၊ စတုဒီသာကျွေးတဲ့မုန့်တွေကတော့ ရိုးရာမပျက်ရှိနေဆဲဖြစ်ပါတယ်။

မုန့်လုံးရေပေါ်

“မုန့်လုံးရေပေါ်တွေ စားကြ၊ ငရုတ်သီးပါရင်တော့ အားနာ၊ စိတ်မဆိုးတတ်ဘူး မဟုတ်လား” ဆိုတဲ့ သီချင်းစာသားလေးကို တော်တော်များများ မှတ်မိကြမှာပါ။ မုန့်လုံးရေပေါ်ဆိုတာက သင်္ကြန်မင်းသားကြီးလို့တောင်ပြောလို့ရပါတယ်။ ပြောဖို့အကောင်းဆုံးအချိန် သူသူငါငါ လူတွေစုပြီး မုန့်လုံးရေပေါ်လုံးကြတဲ့အချိန်ပါ။ စချင်နောက်ချင်စိတ်နဲ့ မုန့်လုံးရေပေါ်ထဲကို ငရုတ်သီးထည့်လေ့ရှိတဲ့ ဓလေ့ကအခုအချိန်အထိ ရှိနေဆဲပါပဲ။ ဒါပေမယ့် ငရုတ်သီးထည့်ထားတဲ့ မုန့်လုံးရေပေါ်ထက်စာရင် ဘာမှမထည့်ထားတဲ့ မုန့်လုံးရေပေါ်ကို စားမိဖို့က ပိုများပါတယ်။

 

မုန့်လက်ဆောင်း

သင်္ကြန်မှာ အများဆုံး စတုဒိသာကျွေးလေ့ရှိတာကတော့ မုန့်လက်ဆောင်းပါပဲ။ ထန်းလျက်ရည် နဲ့ရှိသလို အုန်းနို့လည်းပဲ ရှိပါတယ်။ အုန်းနို့ကသွေးတိုးတက်တော့ လူကြီးတွေနဲ့က သိပ်မကိုက်ပါဘူး။ ထန်းလျက်ရည်နဲ့ကမှ ရင်အေးတာပါ။ တစ်နိုင်တစ်ပိုင် မဏ္ဍပ်လေးတွေမှာပဲဖြစ်ဖြစ်၊ ကိုယ်ရပ်ကွက်ထဲမှာပဲဖြစ်ဖြစ် မုန့်လက်ဆောင်း စတုဒိသာကျွေးတာက ချစ်ဖို့ကောင်းတဲ့ ဓလေ့တစ်ခုပါပဲ။

 

ရွှေရင်အေး

ရွှေရင်အေးဆိုတာကတော့ တော်တော်များများရဲ့ အကြိုက်ပါပဲ။ ရွှေရင်အေးထဲမှာဆိုရင် အုန်းနို့စိမ်ထားတဲ့ ကျောက်ကျော၊ မုန့်လက်ဆောင်းဖတ်၊ ပေါင်မုန့်၊ ကောက်ညှင်း၊ မျှော့ချောင်း၊ သာကူစေ့လေးတွေ စသည်ဖြင့်အစုံပါဝင်ပါတယ်။ ရွှေရင်အေးနဲ့ မုန့်လက်ဆောင်းဆိုတာက ဒွန်တွဲနေတဲ့ မုန့်တွေပါ။ ရေခဲစိမ်ထားတဲ့ ချိုမွှေးအေးရွှေရင်အေးဆိုတာက နာမည်နဲ့လိုက်အောင် နွေပူပူမှာ ရင်ကိုအေးမြစေပါတယ်။

 

မုန့်ကြာစိနဲ့သာကူ

သာကူကတော့ လူတိုင်းသောက်ဖူးကြမှာပါ။ သကြားရည်မပျစ်မကျဲနဲ့ သာကူစိကို ကြိုထားတာက တော်တော်အရသာရှိပါတယ်။ သူလည်း မုန့်လက်ဆောင်းလိုပဲ သကြားနဲ့သောက်လို့ရသလို ထန်းလျက်နဲ့လည်းသောက်ကြပါတယ်။ သာကူကြီးပဲသောက်လေ့ရှိကြသလို မုန့်ကြာစိထည့်ပြီးတော့လည်းသောက်ကြပါတယ်။

 

ကျောက်ကျောတို့၊ ပေါင်မုန့်နို့ဆမ်းတို့ လုပ်စားကြတဲ့သူတွေရှိကြသလို နောက်ပိုင်း ကြာဇံကြော်တို့၊ ခေါက်ဆွဲကြော်တို့ကျွေးတဲ့မဏ္ဍပ်တွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ရိုးရာရေသဘင်ပွဲမှာ မြန်မာ့မုန့်တွေကို အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း တွေ့ရလေ့ရှိပါတယ်။

 

Source: akhayar

Read times Last modified on Wednesday, 10 April 2019 11:26
Rate this item
(1 Vote)