Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မေလတွင် ပြည်ပသို့ ဆန်တန်ချိန် တစ်သိန်းခွဲ ပြန်လည်တင်ပို့ရန် စီစဉ်

မေလတွင် ပြည်ပသို့ ဆန်တန်ချိန် တစ်သိန်းခွဲ ပြန်လည်တင်ပို့ရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မှ သိရသည်။“အခု အခြေအနေက ဆန်စပါး ဈေးကွက်က ပြည်တွင်းဖူလုံမှုအပြည့်အ ဝရှိတဲ့အပြင် လိုအပ်ရင် ရိက္ခာဖြန့်ဖြူးရေး အတွက် အရန်ဆန်ထားရှိရေးကိုပါ စီစဉ်ဆောင်ရွက် နေပြီဖြစ်တဲ့ အတွက် လုံ လောက်ဇူလုံမှုရှိပါတယ်။

 

ဒါကြောင့် ပြည် ပတင်ပို့မှုကို မေလမှာ စတင်ပြီး ပုံမှန်အ တိုင်းပြန်လည်ဆောင်ရွက်သွားမှာဖြစ်ပါ တယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

၂ဝ၂ဝ ပြည့်နှစ် မေလတွင် ပြည်ပ သို့ ဆန်တင်ပို့ခြင်းကို တန်ချိန် ၁၅ဝဝဝဝ ခန့် တင်ပို့ရန် စီစဉ်ထားပြီး ပင်လယ်ရေကြောင်းမှ တန်ချိန် ၁ဝဝဝဝဝ နှင့် နယ် စပ်မှ တန် ၅ဝဝဝဝ ခန့်ကို တင်ပို့ရန် အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ညှိနှိုင်းသတ်မှတ်ထားရှိကြောင်း သိရသည်။

 

ထို့ပြင် အာဆီယံနိုင်ငံ အချို့နှင့် အိမ်နီးချင်းနိုင်ငံများကို G to G ညှိနှိုင်ရောင်းချရန်ကိုလည်း ဆွေးနွေး စီစဉ်လျက်ရှိကြောင်း သိရသည်။ မေ လအတွက် တန်ချိန် ၁၅၀၀၀၀ သတ်မှတ် မှုတွင် ဆန်၊ ဆန်ကွဲနှင့် ကောက်ညှင်းတို့ ပါဝင်ပြီး ပေါင်းဆန်အပေါ်တွင် တင်ပို့ရန် ပမာဏ ကန့်သတ်ထားမှုမရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ အသင်းချုပ် အနေ နဲ့လည်း မကြာမီ ရောက်ရှိတော့မယ့် မိုးစ ပါးရာသီမှာ စိုက်ပျိုးစရိတ်တွေ ပိုမိုထုတ် ပေးဖို့ကိုလည်း နိုင်ငံတော်အစိုးရကို အ ကြံပြုတင်ပြပြီးဆွေးနွေးညှိနှိုင်းမှုတွေပြု လုပ်လျက်ရှိပါတယ်”ဟု ယင်းကဆက် လက်ပြောသည်။

 

မေလအတွက် ပင်လယ်ရေကြောင်း တွင် ကုမ္ပဏီ ၁၁၂ ခု ခန့်နှင့် နယ်စပ်တွင် ကုမ္ပဏီ ၂၀၀ ခန့်မှ သတ်မှတ်ခွဲဝေ ထားသောပမာဏများကို တင်ပို့ ရောင်းချသွား မည်ဖြစ်ပြီး ပြည်တွင်းဈေးကွက်သည် ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကျော် ဖြစ် ကာ ပြည်ပတင်ပို့မှုသည် ထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းကျော်သာဖြစ်ကြောင်း သိရသည်။

 

ဆန်ပြည်ပတင်ပို့မှုနှင့် ဆက်စပ်ပြီး အရန်ဆန်ထားရှိရေးကို နိုင်ငံတော်၏ အရန် ရိက္ခာအစီ အစဉ်အောက် တွင်ဆောင်ရွက်သွားမည်ဖြစ်ပြီး Exporter များသည် ပြည်ပတင်ပို့မှု၏ ၁ဝ ရာခိုင်နှုန်းပမာဏကို အရန်ဆန်အဖြစ်သတ်မှတ် သိုလှောင်ရုံများတွင် ပေးသွင်း ရမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၉ ၊ ၂ဝ ပြည့်နှစ်တွင် တန်ချိန် နှစ်သန်းကျော်တင်ပို့ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

<<< Zawgyi >>>

 

ေမလတြင္ ျပည္ပသို႔ ဆန္တန္ခ်ိန္ တစ္သိန္းခြဲ ျပန္လည္တင္ပို႔ရန္ စီစဥ္

-------------------------

 

ေမလတြင္ ျပည္ပသို႔ ဆန္တန္ခ်ိန္ တစ္သိန္းခြဲ ျပန္လည္တင္ပို႔ရန္စီစဥ္ထားေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ မွ သိရသည္။“အခု အေျခအေနက ဆန္စပါး ေဈးကြက္က ျပည္တြင္းဖူလုံမႈအျပည့္အ ဝရွိတဲ့အျပင္ လိုအပ္ရင္ ရိကၡာျဖန႔္ျဖဴးေရး အတြက္ အရန္ဆန္ထားရွိေရးကိုပါ စီစဥ္ေဆာင္႐ြက္ ေနၿပီျဖစ္တဲ့ အတြက္ လုံ ေလာက္ဇူလုံမႈရွိပါတယ္။

 

ဒါေၾကာင့္ ျပည္ ပတင္ပို႔မႈကို ေမလမွာ စတင္ၿပီး ပုံမွန္အ တိုင္းျပန္လည္ေဆာင္႐ြက္သြားမွာျဖစ္ပါ တယ္”ဟု ျမန္မာႏိုင္ငံ ဆန္စပါးအသင္း ခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

 

၂ဝ၂ဝ ျပည့္ႏွစ္ ေမလတြင္ ျပည္ပ သို႔ ဆန္တင္ပို႔ျခင္းကို တန္ခ်ိန္ ၁၅ဝဝဝဝ ခန႔္ တင္ပို႔ရန္ စီစဥ္ထားၿပီး ပင္လယ္ေရေၾကာင္းမွ တန္ခ်ိန္ ၁ဝဝဝဝဝ ႏွင့္ နယ္ စပ္မွ တန္ ၅ဝဝဝဝ ခန႔္ကို တင္ပို႔ရန္ အတြက္ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ ေရးဝန္ႀကီးဌာနႏွင့္ ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္တို႔ ညႇိႏႈိင္းသတ္မွတ္ထားရွိေၾကာင္း သိရသည္။

 

ထို႔ျပင္ အာဆီယံႏိုင္ငံ အခ်ိဳ႕ႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားကို G to G ညႇိႏႈိင္ေရာင္းခ်ရန္ကိုလည္း ေဆြးေႏြး စီစဥ္လ်က္ရွိေၾကာင္း သိရသည္။ ေမ လအတြက္ တန္ခ်ိန္ ၁၅၀၀၀၀ သတ္မွတ္ မႈတြင္ ဆန္၊ ဆန္ကြဲႏွင့္ ေကာက္ညႇင္းတို႔ ပါဝင္ၿပီး ေပါင္းဆန္အေပၚတြင္ တင္ပို႔ရန္ ပမာဏ ကန႔္သတ္ထားမႈမရွိေၾကာင္း သိရသည္။

 

“ကြၽန္ေတာ္တို႔ အသင္းခ်ဳပ္ အေန နဲ႔လည္း မၾကာမီ ေရာက္ရွိေတာ့မယ့္ မိုးစ ပါးရာသီမွာ စိုက္ပ်ိဳးစရိတ္ေတြ ပိုမိုထုတ္ ေပးဖို႔ကိုလည္း ႏိုင္ငံေတာ္အစိုးရကို အ ႀကံျပဳတင္ျပၿပီးေဆြးေႏြးညႇိႏႈိင္းမႈေတြျပဳ လုပ္လ်က္ရွိပါတယ္”ဟု ယင္းကဆက္ လက္ေျပာသည္။

 

ေမလအတြက္ ပင္လယ္ေရေၾကာင္း တြင္ ကုမၸဏီ ၁၁၂ ခု ခန႔္ႏွင့္ နယ္စပ္တြင္ ကုမၸဏီ ၂၀၀ ခန႔္မွ သတ္မွတ္ခြဲေဝ ထားေသာပမာဏမ်ားကို တင္ပို႔ ေရာင္းခ်သြား မည္ျဖစ္ၿပီး ျပည္တြင္းေဈးကြက္သည္ ထုတ္လုပ္မႈ၏ ၇၀ ရာခိုင္ႏႈန္းေက်ာ္ ျဖစ္ ကာ ျပည္ပတင္ပို႔မႈသည္ ထုတ္လုပ္မႈ၏ ၂၀ ရာခိုင္ႏႈန္းေက်ာ္သာျဖစ္ေၾကာင္း သိရသည္။

 

ဆန္ျပည္ပတင္ပို႔မႈႏွင့္ ဆက္စပ္ၿပီး အရန္ဆန္ထားရွိေရးကို ႏိုင္ငံေတာ္၏ အရန္ ရိကၡာအစီ အစဥ္ေအာက္ တြင္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး Exporter မ်ားသည္ ျပည္ပတင္ပို႔မႈ၏ ၁ဝ ရာခိုင္ႏႈန္းပမာဏကို အရန္ဆန္အျဖစ္သတ္မွတ္ သိုေလွာင္႐ုံမ်ားတြင္ ေပးသြင္း ရမည္ျဖစ္ေၾကာင္း သိရသည္။ ၂၀၁၉ ၊ ၂ဝ ျပည့္ႏွစ္တြင္ တန္ခ်ိန္ ႏွစ္သန္းေက်ာ္တင္ပို႔ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

 

ပြည့်ရည်ဖူး

Read times Last modified on Tuesday, 05 May 2020 19:08
Rate this item
(0 votes)