Food & Livestock
စိုက်ပျိုးရေးအခြေခံထုတ်ကုန်ဆိုင်ရာ မြန်မာစံချိန်စံညွှန်းများအား ဝယ်ယူလေ့လာနိုင်ပါပြီ
စိုက်ပျိုးရေးအခြေခံထုတ်ကုန်ဆိုင်ရာ မြန်မာစံချိန်စံညွှန်းများအား ဝယ်ယူလေ့လာနိုင်ပါပြီ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် အထောက်အကူပြုသော စံချိန်စံညွှန်းများ ဖော်ထုတ်ချမှတ်နိုင်ရေးနှင့် မြန်မာစံချိန်စံညွှန်းများ ပေါ်ထွက်လာစေရေးအတွက် အမျိုးသားစံချိန်စံညွှန်းကောင်စီက သက်ဆိုင်ရာကဏ္ဍအလိုက် စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီပေါင်း (၂၅)ခု ဖွဲ့စည်းထားရှိပါသည်။
စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီများအနေဖြင့် စံချိန်စံညွှန်းရေးဆွဲရာတွင် အောက်ဖော်ပြပါ အဆင့် (၆) ဆင့်ဖြင့် ရေးဆွဲပြုစုဆောင်ရွက်လျက်ရှိပါသည်-
(က)အဆိုပြုခြင်းအဆင့်
(ခ)ကြိုတင်ပြင်ဆင်ခြင်းအဆင့်
(ဂ)နည်းပညာဆပ်ကော်မတီအဆင့်
(ဃ)အများပြည်သူသဘောထားမှတ်ချက်တောင်းခံခြင်းအဆင့်
(င)အတည်ပြုခြင်းအဆင့်
(စ)ပုံနှိပ်ထုတ်ဝေခြင်းအဆင့်
နည်းပညာဆပ်ကော်မတီ(၂၅)ခု အနက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က စိုက်ပျိုးရေး အခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ပို့ကုန် အလားအလာရှိသည့် လယ်ယာထွက်ကုန်သီးနှံများအား ဦးစားပေးအလိုက် မြန်မာစံချိန်စံညွှန်းများ ရေးဆွဲ လျက်ရှိပါသည်။
စိုက်ပျိုးရေး အခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ အဆင့် တွင် ရေးဆွဲအတည်ပြုပြီးဖြစ်သည့် လယ်ယာထွက်ကုန်သီးနှံအမယ် ၃၂ မျိုးအား အမျိုးသား စံချိန်စံညွှန်းကောင်စီက မြန်မာစံချိန်စံညွှန်းများအဖြစ်ထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။

အဆိုပါ စိုက်ပျိုးရေးအခြေခံထုတ်ကုန်ဆိုင်ရာ မြန်မာစံချိန်စံညွှန်းစာအုပ်များအား လေ့လာ ဖတ်ရှုလိုပါက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (ဖုန်း ၀၉ -၉၅၅၀၃၀၆၀၉) နှင့်ချိတ်ဆက် ဝယ်ယူလေ့လာနိုင်ပါသည်။
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



