Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မင်းဘူးဒေသထွက် လက်ပံပွင့်ခြောက်များ ရခိုင်ပြည်နယ်သို့တင်ပို့ရောင်းချရ

ယခုနွေဦးပေါက်ကာလတွင် မင်းဘူးဒေသ သီးနှံရောင်းဝယ်ရေးပွဲရုံများအနေဖြင့် လက်ပံပွင့်ခြောက်များကို ရခိုင်ပြည်နယ်သို့ တင်ပို့ ရောင်းချနေရပြီး

အဆိုပါလက်ပံပွင့်ခြောက်များကို ရခိုင်ဒေသတွင် မိုးတွင်းကာလစားသုံးရန် ဟင်းချက်စရာအဖြစ် ဝယ်ယူကြကြောင်း သိရသည်။

 

တင်ပို့ရောင်းချ
 "ယခုလိုကာလဆို လက်ပံပွင့်ခြောက်တွေ ကို ရခိုင်ဘက်က မှာယူနေတာကြောင့် နေ့စဉ် တင်ပို့ပေးနေရတယ်။ ရခိုင်တွေက မန်ကျည်း သီးမှည့်လှောင်သလို လက်ပံပွင့်ခြောက်တွေ ကို ကြိုတင်ဝယ်ပြီး လှောင်ကြတယ်။ မိုးတွင်း ကာလ သွားရေး၊ လာရေးခက်ခဲတဲ့အချိန်တွေ မှာ ငါး၊ ပုစွန်တွေနဲ့ရောပြီး ချက်စားကြတယ်။ တချို့က ချဉ်ဟင်းချက်စားကြသလို သုပ်စား တာလည်းရှိတယ်။ လက်ရှိမှာလည်း လက်ပံ ပွင့်ခြောက် တစ်ပိဿာကျပ် ၂၅၀ဝ ဈေးနဲ့ တင်ပို့ရောင်းချပေးနေရပါတယ်"ဟု မင်းဘူး မြို့ ဆင်ဖြူကျွန်းသီးနှံပွဲရုံပိုင်ရှင် မလတ်က ပြောဆိုသည်။

 

မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းစသည့် မြို့များသို့ အဓိကထားတင်ပို့ရောင်းချကြောင်း၊ ရခိုင်ဒေသတွင် လက်ပံပွင့်ခြောက်များကိုပြုတ်ပြီး ကြိုးဖြင့်သီတာ တစ်ပွင့်လျှင် ကျပ် ၅၀ဖြင့် ဈေးနှင့်ကားဂိတ်များ၌ ရောင်းချကြသည်ကို တွေ့ရကြောင်း၊ လက်ပံပွင့်ခြောက်ကို ရခိုင်ဒေသ တစ်ခုတည်းသာ တင်ပို့ရောင်းချရကြောင်း သိရသည်။

 

အခြောက်လှန်းရောင်းချ

"ကျွန်မတို့ ရွာထဲမှာရော၊ ရွာပြင်မှာပါ။ လက်ပံပင်တွေရှိပါတယ်။ အခုလို နွေဦးပေါက် ကာလမှာ လက်ပံပွင့်တွေက ရဲရဲနီပြီး ပွင့်ကြတယ်။ ယခင်ကတော့ လက်ပံပွင့်ခြောက် ဝယ်ယူတာမရှိခဲ့ပါဘူး။ ယခုနောက်ပိုင်း ပွဲရုံ တွေက လက်ပံပွင့်ခြောက်တွေ ဝယ်ယူတယ်လို့ သိရတဲ့အတွက် လက်ပံပွင့်တွေလိုက်ကောက်ပြီး အခြောက်လှန်းကာ ပွဲရုံကို ရောင်းကြချပါတယ်"ဟု မင်းဘူးမြို့ ကျောက်တန်းကျေးရွာနေ မယုက ပြောပါသည်။

 

လက်ပံပွင့်အစို ငါးပိဿာကိုနေလှန်း အခြောက်ခံပါက အပွင့်ခြောက် တစ်ပိဿာရကြောင်း၊ မည်သည့်အရင်းမှ စိုက်ထုတ်စရာ မလိုဘဲ ဒေသခံများအတွက် အပိုဝင်ငွေရရှိကာ စားဝတ်နေရေးအထောက်အကူပြုလုပ် လျက်ရှိကြောင်း သိရသည်။

 

Source: Myanmar Time

Read times Last modified on Tuesday, 26 February 2019 11:36
Rate this item
(0 votes)