Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ကုန်သည်များ စပေါ်ယွမ်ငွေသုံးသိန်းပေးသွင်းမှ သစ်သီးရောင်းဝယ်ခွင့်ပြုမည်

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် သစ်သီးလာရောက်ဝယ်ယူသည့် တရုတ်ကုန်သည်များကို စပေါ်ငွေအဖြစ် ယွမ်ငွေသုံးသိန်းပေးသွင်းပြီးမှသာ

သစ်သီးရောင်းဝယ်ခွင့်ပြုမည်ဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည် ဒိုင်ထံမှ သိရသည်။

 

အောက်တိုဘာလ ၃၀ ရက်နေ့က တရုတ်နိုင်ငံရှိ ဝမ်တိန်ချန်ဟော့သစ်သီးကွင်းတွင်ပြုလုပ်သည့် တရုတ်-မြန်မာ သစ်သီးလုပ်ငန်းရှင်များ ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း ယင်းကုန်စည်ဒိုင်ထံမှ သိရသည်။

 

တချို့က မပေးတာတို့၊ လိမ်သွားတာတို့ရှိတဲ့အတွက် တရုတ်ဘဏ်မှာ အကောင့်ဖွင့်ပြီး စပေါ်ငွေတင်ခိုင်းတာပါ။ ပြီးရင် တရုတ်ဘက်ကုန်စည်ဒိုင်က ကတ်ထုတ်ပေးတယ်။ အသီးရာသီပြီးရင် အလျော်ပေးစရာရှိရင်ဖြတ်ထားပြီး ပြန်အမ်းပေးတယ်” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်တာဝန်ခံ ဒေါ်ကြည်ကြည်ခိုင်က ပြောကြားသည်။

 

စပေါ်ငွေယွမ်သုံးသိန်းပေးသွင်းရန်အပြင် ဖရဲ၊ သခွားကုန်ဖိုးငွေများကို မြန်မာပွဲစားများသို့ အသီးလှယ်ပြီး သုံးရက်အတွင်း ပေးချေရန်၊ ဖရဲ၊ သခွားကားများကို သုံးရက်အတွင်း ကားလှယ်ပေးရန်နှင့် စည်းကမ်းဖောက်ဖျက်သည့် နှစ်ဖက်ပွဲရုံကုန်သည်များကို အမည်ပျက်စာရင်းသွင်းမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

 

ကုန်သည်များ လိုက်နာရမည့်စည်းကမ်းများကို သစ်သီးရောင်းသူ၊ ဝယ်သူများအကြား တစ်နှစ်တစ်ကြိမ် အစည်းအဝေးပြုလုပ်သတ်မှတ်ပေးခြင်းဖြစ်ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံအကြား သစ်သီးဝလံများ အရောင်းအဝယ်ပြုလုပ်ရာတွင် ဖြစ်ပေါ်လာသည့်ပြဿနာများကို ဖြေရှင်းရန်အတွက် နှစ်နိုင်ငံတာဝန်ရှိသူများပါဝင်သည့် ပဋိပက္ခဖြေရှင်းရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားကြောင်း ယင်းကုန်စည်ဒိုင်ထံမှ သိရသည်။

 

စပေါ်ငွေပေးသွင်းမှသာ သစ်သီးရောင်းဝယ်ခွင့်ပြုခြင်းကို သရက်သီး၊ ဖရဲသီး၊ သခွားမွှေး၊ နာနတ်သီးရာသီများတွင် ဆောင်ရွက်ခြင်းဖြစ်ပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် လက်ရှိအချိန်အထိ အမည်ပျက်စာရင်းသွင်းထားသည့် ကုန်သည်မရှိသေးကြောင်း၊ ပြီးခဲ့သည့် ၇ နှစ်ခန့်ကသာ ကုန်သည်တစ်ဦးကို အမည်ပျက်စာရင်းသွင်းထားဖူးကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်ထံမှ သိရသည်။

 

လက်ရှိတွင် ဖရဲသီးထွက်ရှိသည့်ရာသီဖြစ်သောကြောင့် အောက်တိုဘာ ၃၁ ရက် နေ့၌ မူဆယ် ၁၀၅ မိုင်သို့ ဖရဲသီးကားအစီးရေ ၁၂၅ စီးဝင်ရောက်ကာ ဖရဲသီးတစ်တန်လျှင် အနိမ့်ဆုံးယွမ် ၈၅၀ မှ အမြင့်ဆုံး ယွမ် ၃၈၀၀ အထိ ပေါက်ဈေးရှိကြောင်း မူဆယ်ရှိ သစ်သီးကုန်စည်ဒိုင်များထံမှ သိရသည်။

 

Source: Voice

Read times
Rate this item
(2 votes)