Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယခု နှစ်အတွင်း အိန္ဒိယနိုင်ငံမှ ပဲမျိုးစုံ တန်ချိန် ငါးသိန်းခန့် ဝယ်ယူမည်

ယခုနှစ်အတွင်း  အိန္ဒိယနိုင်ငံ အနေဖြင့် ပြည်ပမှ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတန်ချိန် ငါးသိန်းခန့်  ဝယ်ယူမည်ဖြစ် ကြောင်း  မတ် ၂၉ရက်က အိန္ဒိယနိုင်ငံ ဆိုင်ရာ ဝန်ကြီးဌာနမှ

ထုတ်ပြန်ခဲ့ကြောင်း  မြန်မာနိုင်ငံ  ပဲမျိုးစုံနှင့် နှမ်းကုန်သည် အသင်း အတွင်းရေးမှူး ဦးမင်းကိုဦး၏ ပြောပြချက်အရ သိရသည်။

 

မတ်ပဲတင်သွင်းမှုကို တစ်နှစ်ခွဲတမ်းအတွက် တန်ချိန် တစ်သိန်းခွဲ၊ ပဲစင်းငုံ တန်ချိန် နှစ်သိန်းနှင့် ပဲတီစိမ်းတန်ချိန် တစ်သိန်း ခွဲကို ၂ဝ၁၉ ခုနှစ် ဧပြီ ၁ ရက်မှ ၂ဝ၂ဝ ပြည့်နှစ် မတ် ၃၁ ရက် ကာလအတွင်း ဝယ်ယူမည်ဖြစ်သည်။

 

အဆိုပါ   တန်ချိန် ကန့်သတ်ချက်သည်  အိန္ဒိယနိုင်ငံ အစိုးရနှင့် တခြားနိုင်ငံများကြား ရေးထိုးထားသည့်    နားလည်မှု စာချွန်လွှာ (MoU) တစ်ခု အောက်တွင် ရှိသော သွင်းကုန် ကတိကဝတ်များအပေါ်  သက်ရောက်မှု မရှိကြောင်း  ယင်း ထုတ် ပြန်ချက်တွင် ပါရှိသည်။

 

ယခင်ရက်များက မတ်ပဲ တစ်တန်လျှင် ငွေကျပ် ၆၈၈ဝဝဝ ခန့်နှင့် ပဲစင်းငုံတစ်တန် လျှင် ငွေကျပ် ၇၆၁ဝဝဝ ခန့်ရှိခဲ့ရာမှ ယင်းကဲ့သို့ ထုတ်ပြန်လိုက်ခြင်းကြောင့် ဧပြီ ၁ရက်တွင် မတ်ပဲတစ်တန်လျှင် ငွေကျပ် ၇၄ဝဝဝဝ ခန့်  ပေါက်ဈေးရှိခဲ့ပြီး ပဲစင်းငုံ တစ်တန်လျှင် ငွေကျပ် ၈၄၃ဝဝဝ ခန့်ပေါက်ဈေးရှိခဲ့ရာ ရက်ပိုင်းအတွင်း   မတ်ပဲတစ်တန်လျှင်ငွေကျပ်ငါးသောင်း ကျော်မြင့် တက်ခဲ့ပြီး ပဲစင်းငုံ တစ်တန်လျှင် ငွေကျပ် တစ်သိန်းနီးပါး မြင့်တက်ခဲ့သည်။

 

အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုသတ်မှတ် ချက်မထွက်ပေါ်မီကပင်   ပြည်တွင်းဈေးကွက်၌ မတ်ပဲနှင့် ပဲစင်းငုံ ဝယ်ယူမှုမှာ  ပုံမှန် အရောင်းအဝယ် ရှိနေကြောင်း သိရသည်။

 

ပဲစင်းငုံထွက်ရှိမှုသည် ယခင်နှစ်များက နှစ်စဉ် ပုံမှန် တန်ချိန် နှစ်သိန်းခွဲခန့်ထွက်ရှိရာ မှ ယခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  ပဲစင်းငုံတန်ချိန်  ငါးသောင်းခန့်  (၃ဝ ရာခိုင်နှုန်းခန့်) သာ  ထွက်ရှိမည်ဟုခန့်မှန်း ထားသည်။ မတ်ပဲ မှာ ပုံမှန် နှစ်စဉ် တန်ချိန် ခြောက်သိန်းကျော်ထွက်ရှိရာမှ   ယခုနှစ်တွင် တန်ချိန် သုံးသိန်းကျော်သာ  ထွက်ရှိမည် ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းက ခန့်မှန်းထားကြောင်း သိရသည်။

 

Source: Myawaddy

Read times Last modified on Wednesday, 03 April 2019 16:40
Rate this item
(1 Vote)