Food & Livestock
အာရှဆန်ဈေးကွက် တစ်ပတ်တာ ဈေးနှုန်း အခြေအနေ
အာရှဆန်ဈေးကွက် တစ်ပတ်တာ ဈေးနှုန်း အခြေအနေ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဘင်္ဂလားဒေ့ရှ်က ဆန်တန်ချိန် တစ်သိန်းကို တင်ဒါခေါ်ယူပြီး ဝယ်ယူခဲ့ပါသည်။
အာရှဆန်ဈေးကွက်မှာ ဆန်ဝယ်သည့် အချို့ဝယ်လက်များသည် ဈေးသက်သာသော ဆန်များကို ဝယ်ယူနေကြသည်။
ယခုသီတင်းပတ်တွင် ထိုင်းဆန် တစ်တန် $480 အထိ မြင့်တက်ခဲ့သည်။
ထိုင်းနိုင်ငံမှ ဆန်တင်ပို့မှု ဈေးနှုန်းများသည် ၂၀၂၁ ခုနှစ် မေလနောက်ပိုင်း အမြင့်ဆုံးသို့ ယခုသီတင်းပတ်တွင် မြင့်တက်ခဲ့သည်။
ထိုင်းဆန် ဝယ်လိုအား ခိုင်မာနေဆဲ ဖြစ်ခြင်း၊ ဘတ်ငွေ ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် တန်ဖိုးတက်ခြင်း၊ ပြည်တွင်း ဆန်ဝယ်လိုအား များနေခြင်းတို့ ပေါင်းဆုံပြီး ထိုင်းဆန် ဈေးတက်ခဲ့ပါသည်။
၅% ဆန်ကွဲပါ ထိုင်းဆန် <RI-THBKN5-P1> အမျိုးအစား ယခင်သီတင်းပတ်တွင် တစ်တန် $452 ~ $465 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $480 သို့ ခုန်တက်ခဲ့သည်။ ဘတ်ငွေ ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် တန်ဖိုးထပ်တက်လျှင် ထိုင်းပို့ကုန်ဆန်ဈေးနှုန်းလည်း ထပ်တက်ဖွယ် ရှိသည်။
ဆန်ကုန်သည်များ အင်ဒိုနီးရှားသို့ တင်ပို့ရန် ပြည်တွင်းဆန်ဈေးကွက်တွင် ဆက်လက်ဝယ်ယူနေကြဆဲ ဖြစ်သည်။
ဒီဇင်ဘာလလယ်တွင် အင်ဒိုနီးရှားထံမှ ဆန်အမှာစာ တန်ချိန် သိန်းဂဏန်းအထိ ရရှိထားသည်ကို တင်ပို့နေကြစဉ် ပြည်တွင်းဈေးကွက်မှာ ဆန်ဝယ်ယူနေကြခြင်း ဖြစ်သည်။
၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1> အမျိုးအစား ယခုသီတင်းပတ်တွင် ဈေးနှုန်း အတက်အကျမရှိဘဲ ယခင်သီတင်းပတ် ဈေးနှုန်းအတိုင်း တစ်တန် $458 ခေါ်ဈေး ရှိပါသည်။ ၎င်းဈေးနှုန်းသည် ဇူလိုင်လလယ်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်ပါသည်။
ကုန်သည်များသည် နှစ်သစ်ကူးကာလဖြစ်သဖြင့် အလုပ်နားကြပါသည်။
လာမည့် ဇန်နဝါရီ ၂၂ တနင်္ဂနွေနေ့တွင် တရုတ်နှစ်သစ်ကူးမည်ဖြစ်ရာ ယခုကတည်းက အလုပ်နားထားသည့် ကုန်သည်များလည်း ရှိပါသည်။
၅% ဆန်ကွဲပါ အိန္ဒိယ ပေါင်းဆန် <RI-INBKN5-P1> အမျိုးအစား ယခုသီတင်းပတ်တွင် ဈေးနှုန်း အတက်အကျမရှိဘဲ ယခင်သီတင်းပတ် ဈေးနှုန်းအတိုင်း တစ်တန် $375 ~ $382 ခေါ်ဈေး ရှိပါသည်။ ၎င်းဈေးနှုန်းသည် နိုဝင်ဘာလ လကုန်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်ပါသည်။
အိန္ဒိယ ပေါင်းဆန် ဈေးနှုန်းသည် ထိုင်းဆန်နှင့် ဗီယက်နမ်ဆန်တို့ထက် သိသိသာသာ ဈေးသက်သာသဖြင့် အဝယ်လိုက်နေပါသည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



