Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ တင်ပို့သည့် သစ်သီးယာဉ်များ အထောက်အထားပြည့်စုံမှသာ ဝင်ခွင့်ပြုဟုဆို

Unicode ျဖင့္ဖတ္ရန္

 

တရုတ်နိုင်ငံသို့ တင်ပို့သည့် သစ်သီးယာဉ်များ အထောက်အထားပြည့်စုံမှသာ ဝင်ခွင့်ပြုဟုဆို

 

တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့သည့်ယာဉ်များကို အထောက်အထားပြည့်စုံမှသာ ဝင်ရောက် ခွင့်ပြုနေကြောင်း မူဆယ်မြို့သစ်သီးပွဲရုံများက နိုဝင်ဘာ ၄ ရက်တွင် ထုတ်ပြန်သည်။

 

ကုန်သည်များအနေဖြင့် သစ်သီးတင်ဆောင်ရန် ယာဉ်ခေါ်ယူ ရာတွင် ယာဉ်မောင်း၊ ယာဉ်နှင့် ပတ်သက်သော စာရွက်စာတမ်း များ (ယာဉ်မောင်းလိုင်စင်၊ မှတ် ပုံတင်၊ ယာဉ်ဝှီးတက်၊ ယာဉ်လိုင် စင်) များ ပြည်စုံမှုရှိ၊ မရှိ သေချာ စစ်ဆေးပြီးမှသာ ခေါ်ယူရန် ထုတ်ပြန်ချက်က တိုက်တွန်းထားသည်။

 

ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံ တင်၊ ယာဉ်ဝှီးတက်နှင့် ယာဉ်လိုင် စင်များထဲမှ တစ်ခုမပါလျှင်ပင် ဝင်ရောက်ခွင့်ရရှိမည်မဟုတ်ဟု တရုတ်နိုင်ငံက အသိပေးထား ကြောင်း ဖရဲ၊ သခွားအသင်းဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။

 

‘‘သူတို့ သတ်မှတ်ချက်အ တိုင်း ဆောင်ရွက်ရတာပေါ့။ ဝင် ခွင့်မရလို့ သုံးလေးရက်ကြာမယ် ဆိုရင် ကုန်တွေပုပ်လို့ ဆုံးရှုံးနိုင် တယ်’’ဟု ၎င်းက ပြောသည်။

 

Read  More >>>>>  ဒေသထွက် ဖရဲသီးများ အရောင်းအဝယ် ကောင်းလာ

 

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ သို့ မူဆယ်-ရွှေလီလမ်းကြောင်း မှ သစ်သီးတင်ယာဉ်ဝင်ရောက်မှု များပြားနေသဖြင့် တင်းကျပ်စွာစိစစ်နေပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းကိုပါ စစ်ဆေးနေသဖြင့် ကုန် သည်များအနေဖြင့် ဂရုစိုက်ငှား ရမ်းရန် သစ်သီးပွဲရုံ တာဝန်ရှိသူများက ပြောကြားသည်။

 

 လတ်တလောဈေးကွက် အရ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှတစ်ဆင့် တရုတ်ဘက် သို့ ရာသီသီးနှံထွက်အဖြစ် ဖရဲ သီး အဓိက တင်ပို့နေကြောင်း ကုန်သွယ်ရေးဇုန်ပွဲရုံများက ထုတ် ပြန်သည်။

 

Agar (8)ေက်ာက္ေက်ာထုတ္လုပ္ငန္းမ်ား (၈) ခုကိုရွာရန္ႏွိပ္ပါ။

 

 ဖရဲသီးဝယ်လိုအားဈေး ကွက်သည် တရုတ်နိုင်ငံကိုသာ အဓိကအားထားရသည့် အခြေ အနေရှိပြီး လတ်တလောဈေး ကွက်အခြေအနေအရ တရုတ် နိုင်ငံတွင် ဖရဲသီးပေါ်ချိန်နှင့် တိုက်နေသည့်အပြင် ဝယ်လိုအား လျော့နည်းနေကြောင်း ဖရဲ၊ သခွား အသင်းဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြော သည်။

တရုတ်နိုင်ငံသို့ ဖရဲသီးတင် ပို့မှုမှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ၆၆၀,၀၁၆ တန်မှ ဒေါ်လာ ၇၆ ဒသမ ၈၇၄ သန်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ၈၀၀,၄၂၄ တန်အ တွက် ဒေါ်လာ ၇၇ ဒသမ ၄၆ သန်းနှင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် တွင် ၇၄၈,၄၇၂ တန် တင်ပို့မှုမှဒေါ်လာ ၆၆ ဒသမ ၄,၅၂၉ သန်း ရရှိခဲ့သည်။

 

Source: 7 day news

 

 

တ႐ုတ္နိုင္ငံသို႔ တင္ပို႔သည့္ သစ္သီးယာဥ္မ်ား အေထာက္အထားျပည့္စုံမွသာ ဝင္ခြင့္ျပဳဟုဆို

 

တ႐ုတ္နိုင္ငံသို႔ သစ္သီးတင္ပို႔သည့္ယာဥ္မ်ားကို အေထာက္အထားျပည့္စုံမွသာ ဝင္ေရာက္ ခြင့္ျပဳေနေၾကာင္း မူဆယ္ၿမိဳ႕သစ္သီးပြဲ႐ုံမ်ားက နိုဝင္ဘာ ၄ ရက္တြင္ ထုတ္ျပန္သည္။

 

ကုန္သည္မ်ားအေနျဖင့္ သစ္သီးတင္ေဆာင္ရန္ ယာဥ္ေခၚယူ ရာတြင္ ယာဥ္ေမာင္း၊ ယာဥ္ႏွင့္ ပတ္သက္ေသာ စာရြက္စာတမ္း မ်ား (ယာဥ္ေမာင္းလိုင္စင္၊ မွတ္ ပုံတင္၊ ယာဥ္ဝွီးတက္၊ ယာဥ္လိုင္ စင္) မ်ား ျပည္စုံမႈရွိ၊ မရွိ ေသခ်ာ စစ္ေဆးၿပီးမွသာ ေခၚယူရန္ ထုတ္ျပန္ခ်က္က တိုက္တြန္းထားသည္။


ယာဥ္ေမာင္းလိုင္စင္၊ မွတ္ပုံ တင္၊ ယာဥ္ဝွီးတက္ႏွင့္ ယာဥ္လိုင္ စင္မ်ားထဲမွ တစ္ခုမပါလၽွင္ပင္ ဝင္ေရာက္ခြင့္ရရွိမည္မဟုတ္ဟု တ႐ုတ္နိုင္ငံက အသိေပးထား ေၾကာင္း ဖရဲ၊ သခြားအသင္းဥကၠ႒ ဦးနိုင္ဝင္းက ေျပာသည္။


‘‘သူတို႔ သတ္မွတ္ခ်က္အ တိုင္း ေဆာင္ရြက္ရတာေပါ့။ ဝင္ ခြင့္မရလို႔ သုံးေလးရက္ၾကာမယ္ ဆိုရင္ ကုန္ေတြပုပ္လို႔ ဆုံးရႈံးနိုင္ တယ္’’ဟု ၎က ေျပာသည္။


Read  More >>>>>  ေဒသထြက္ ဖရဲသီးမ်ား အေရာင္းအဝယ္ ေကာင္းလာ


ျမန္မာနိုင္ငံမွ တ႐ုတ္နိုင္ငံ သို႔ မူဆယ္-ေရႊလီလမ္းေၾကာင္း မွ သစ္သီးတင္ယာဥ္ဝင္ေရာက္မႈ မ်ားျပားေနသျဖင့္ တင္းက်ပ္စြာစိစစ္ေနၿပီး မူးယစ္ေဆးဝါးသုံးစြဲျခင္းကိုပါ စစ္ေဆးေနသျဖင့္ ကုန္ သည္မ်ားအေနျဖင့္ ဂ႐ုစိုက္ငွား ရမ္းရန္ သစ္သီးပြဲ႐ုံ တာဝန္ရွိသူမ်ားက ေျပာၾကားသည္။


 လတ္တေလာေဈးကြက္ အရ မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ ေရးဇုန္မွတစ္ဆင့္ တ႐ုတ္ဘက္ သို႔ ရာသီသီးႏွံထြက္အျဖစ္ ဖရဲ သီး အဓိက တင္ပို႔ေနေၾကာင္း ကုန္သြယ္ေရးဇုန္ပြဲ႐ုံမ်ားက ထုတ္ ျပန္သည္။

 

Agar (8)ေက်ာက္ေက်ာထုတ္လုပ္ငန္းမ်ား (၈) ခုကိုရွာရန္ႏွိပ္ပါ။


 ဖရဲသီးဝယ္လိုအားေဈး ကြက္သည္ တ႐ုတ္နိုင္ငံကိုသာ အဓိကအားထားရသည့္ အေၿခ အေနရွိၿပီး လတ္တေလာေဈး ကြက္အေျခအေနအရ တ႐ုတ္ နိုင္ငံတြင္ ဖရဲသီးေပၚခ်ိန္ႏွင့္ တိုက္ေနသည့္အျပင္ ဝယ္လိုအား ေလ်ာ့နည္းေနေၾကာင္း ဖရဲ၊ သခြား အသင္းဥကၠ႒ ဦးနိုင္ဝင္းက ေျပာ သည္။


တ႐ုတ္နိုင္ငံသို႔ ဖရဲသီးတင္ ပို႔မႈမွ ၂၀၁၆-၁၇ ဘ႑ာႏွစ္ ၆၆၀,၀၁၆ တန္မွ ေဒၚလာ ၇၆ ဒသမ ၈၇၄ သန္း၊ ၂၀၁၇-၁၈ ဘ႑ာႏွစ္ ၈၀၀,၄၂၄ တန္အ တြက္ ေဒၚလာ ၇၇ ဒသမ ၄၆ သန္းႏွင့္ ၂၀၁၈-၁၉ ဘ႑ာႏွစ္ တြင္ ၇၄၈,၄၇၂ တန္ တင္ပို႔မႈမွေဒၚလာ ၆၆ ဒသမ ၄,၅၂၉ သန္း ရရွိခဲ့သည္။


Source: 7 day news

 

 

 

Read times Last modified on Wednesday, 26 February 2020 10:08
Rate this item
(0 votes)