Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်ဈေးကွက်သို့ ဧရာဝတီတိုင်းဒေသကြီးထွက် ပေါ်ဆန်းဆန်အဝင်များပြီး ဈေးနှုန်းမြင့်တက်

ရန်ကုန် ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) သို့ တစ်ပတ်လျှင် ဆန်အိတ်ရေ တစ်သိန်းကျော် ဝင်ရောက်ရာ ဧရာဝတီတိုင်းဒေသကြီးက ပေါ်ဆန်းမွှေးဆန်က အများဆုံးဖြစ်ကြောင်း သိရပါတယ်။

 

ဒါ့ပြင် ဈေးကွက်အတွင်း ပေါ်ဆန်းဆန် အမျိုးအစားအလိုက် တစ်အိတ်ကို ကျပ် (၃၀၀၀) မှ ကျပ် (၇၀၀၀) ကြား ဈေးနှုန်းမြင့်တက်နေကြောင်း သိရပါတယ်။

 

လက်ရှိ ရန်ကုန်ဆန်ဈေးကွက်ကို အများဆုံးဝင်ရောက်နေတဲ့ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများမှာ ရက် ၉၀ တစ်အိတ်ကို ကျပ် (၂၀၀၀၀) မှ ကျပ် (၂၁၅၀၀)၊ သီးထပ်ရှယ် တစ်အိတ်ကို ကျပ် (၂၀၀၀၀) မှ ကျပ် (၂၀၂၀၀)၊ ဧည့်မထဆန်အမျိုးအစားအလိုက် တစ်အိတ်ကို ကျပ် (၂၀၀၀၀) မှ ကျပ် (၂၀၂၀၀) ရှိပါတယ်။

 

ဒါ့ပြင် ဖျာပုံပေါ်ဆန်းဆန်သစ် တစ်အိတ်ကို အနိမ့်ဆုံးဈေး ကျပ် (၃၀၀၀၀) မှ ကျပ် (၃၅၀၀၀) ကြား၊ ဒေးဒရဲပေါ်ဆန်းဆန်သစ် တစ်အိတ်ကို ကျပ် (၃၂၀၀၀) မှ ကျပ် (၃၅၀၀၀) ကြား၊ မြောင်းမြ၊ ပုသိမ် တစ်အိတ်ကို ကျပ် (၃၂၀၀၀) မှ ကျပ် (၃၆၀၀၀) ကြား၊ ရွှေဘိုပေါ်ဆန်း ဆန်သစ်တစ်အိတ်ကို ကျပ် (၄၀၀၀၀) မှ ကျပ် (၄၃၀၀၀) ကြား၊ အဟောင်း တစ်အိတ်ကို ကျပ် (၄၂၀၀၀) မှ ကျပ် (၄၅၀၀၀၀ ကြား အသီးသီးရှိနေပါတယ်။

 

ဝါးတန်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူတစ်ဦးက “ ပြည်တွင်းမှာ ဆန်ချောစားသုံးမှုတိုးလာပြီး ထုတ်လုပ်မှုကလည်း ပုံမှန်အခြေအနေရှိတဲ့အတွက် ရွှေဘိုပေါ်ဆန်းဈေး မြင့်တက်တာဖြစ်တယ်။ မြန်မာနိုင်ငံမှာ ပေါ်ဆန်းအမျိုးအစား ဆန်ချောများက မိုးရာသီမှာ ဈေးမြင့်တက်လေ့ရှိပြီး မိုးနှောင်းပိုင်းရောက်ရင် ဈေးနှုန်းအမြင့်ဆုံးရောက်လေ့ရှိတယ်။ ရွှေဘိုပေါ်ဆန်းဆန်ဟာ ဈေးကွက်အတွင်းမှာ ဝယ်လိုအားများပြီးတော့ ရောင်းလိုအားနည်းနေတယ်။။ တစ်နိုင်ငံလုံးကလည်း စားသုံးကြတာ နှစ်သက်တော့ဈေးတက်လာတာပေါ့” လို့ ပြောပါတယ်။

 

Read More >>>>>   ရေလုံလောက်စွာ မရသောကြောင့် မိုးပြောင်း အထွက်နှုန်း လျော့ကျနိုင်

 

ရန်ကုန်လူဦးရေ ခြောက်သန်းကျော်အတွက် နေ့စဉ် ဆန်အိတ် (၆၀၀၀၀) မှ (၇၀၀၀၀) အထိ လိုအပ်ကြောင်း သိရပါတယ်။ ရန်ကုန်ဆန်ဈေးကွက်မှာ ပြည်ပတင်ပို့နေတဲ့ တန်းဝင်ဆန်များဖြစ်တဲ့ ဧည့်မထနဲ့ ငစိန်အုပ်စုဝင် ဆန်များက လက်လီဈေးကွက်အတွင်း ဈေးနှုန်း အနည်းငယ်ပြောင်းလဲမှုများ ရှိလာနိုင်ပေမယ့်လည်း အဓိကဖြန့်ဖြူးရောင်းချပေးနေတဲ့ ဆန်လက်ကားဈေးကွက်မှာ ဈေးနှုန်းတည်ငြိမ်မှုရှိနေကြောင်း ဆန်ကုန်သည်များထံမှ သိရပါတယ်။

 

Source: The Farmer Myanmar
# Myanmar Food Industry Directory

Read times Last modified on Thursday, 15 August 2019 16:46
Rate this item
(1 Vote)