Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ဆန်ဈေးကွက်သစ် ပိုမိုရရှိရေး အာဖရိကသို့ ဈေးကွက်သွားရှာမည်

Unicode

 
မြန်မာ့ဆန်ဈေးကွက်သစ် ပိုမိုရရှိရေး အာဖရိကသို့ ဈေးကွက်သွားရှာမည်


မြန်မာ့ဆန် ပိုမိုရောင်းချနိုင်ရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က အောက်တိုဘာလအတွင်း အိုင်ဗရီကို့စ်၊ ဂါနာနဲ့ ဘီနင်အပါအဝင် အခြား အာဖရိကနိုင်ငံအချို့သို့ သွားရောက်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။


အခုလို အာဖရိကသို့ ဆန်စပါးဈေးကွက်သွားရောက်ရှာဖွေရာတွင် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို လိုက်ပါရန် ဖိတ်ကြားသွားမှာဖြစ်ပြီး လက်ရှိမှာ ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရပါတယ်။

 

Bread & Cakes ေပါင္မုန္႔ႏွင့္ကိတ္မုန္႔လုပ္ငန္းေပါင္း ၃၆ ခုကိုႏွိပ္၍ရွာရန္။

 

 

အများအားဖြင့် အာဖရိကဈေးကွက်ဟာ ဆန်အကျိုးအကြေများကိုသာ ဝယ်လိုအားများတဲ့အတွက် အခြားဆန်အမျိုးအစားများနဲ့ အရေအတွက် အများအပြားရောင်းချနိုင်ရန် ရည်ရွယ်ပြီး အာဖရိကသို့ သွာရောက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။


အာဖရိကနိုင်ငံအနေနဲ့လည်း အခုအခါ ဆန်ကွဲအပြင် တခြားအဆင့်မြင့်ဆန်တွေကို ဝယ်ယူမှုတိုးလာပြီး စိတ်ဝင်စားမှုလည်းရှိလာကြောင်း သိရပါတယ်။


 မြန်မာနိုင်ငံအနေနဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၃၀ ရက်အထိ အာဖရိကဈေးကွက်နိုင်ငံများသို့ ဆန်မက်ထရစ်တန်ချိန် (၅၀၀၀၀၀) ခန့်နဲ့ ဆန်ကွဲ မက်ထရစ်တန်ချိန် ( ၁၈၀၀၀) ကျော် တင်ပို့ထားကြောင်း ပြည်ပတင်ပို့မှုစာရင်းများအရ သိရပါတယ်။

 

Read More >>> >>    တ႐ုတ္ႏုိင္ငံက ျမန္မာ့စပါးမ်ားကို တရားဝင္ ဝယ္ယူရန္ ကမ္းလွမ္းထား

 

Source: The Myanmar Times

 

 

ျမန္မာ့ဆန္ေစ်းကြက္သစ္ ပိုမိုရရွိေရး အာဖရိကသုိ႔ ေစ်းကြက္သြားရွာမည္

 

ျမန္မာ့ဆန္ ပိုမိုေရာင္းခ်ႏုိင္ရန္အတြက္ ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႔က ေအာက္တိုဘာလအတြင္း အိုင္ဗရီကုိ႔စ္၊ ဂါနာနဲ႔ ဘီနင္အပါအဝင္ အျခား အာဖရိကႏုိင္ငံအခ်ိဳ႕သို႔ သြားေရာက္ရန္ စီစဥ္ေနေၾကာင္း ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္မွ သိရပါတယ္။


အခုလို အာဖရိကသုိ႔ ဆန္စပါးေစ်းကြက္သြားေရာက္ရွာေဖြရာတြင္ အစိုးရအဖြဲ႔မွ တာဝန္ရွိသူမ်ား ပါဝင္ရန္အတြက္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားကို လုိက္ပါရန္ ဖိတ္ၾကားသြားမွာျဖစ္ၿပီး လက္ရွိမွာ ညွိႏႈိင္းေနဆဲျဖစ္ေၾကာင္း သိရပါတယ္။

 

Bread & Cakes ေပါင္မုန္႔ႏွင့္ကိတ္မုန္႔လုပ္ငန္းေပါင္း ၃၆ ခုကိုႏွိပ္၍ရွာရန္။

 

အမ်ားအားျဖင့္ အာဖရိကေစ်းကြက္ဟာ ဆန္အက်ိဳးအေၾကမ်ားကိုသာ ဝယ္လိုအားမ်ားတဲ့အတြက္ အျခားဆန္အမ်ိဳးအစားမ်ားနဲ႔ အေရအတြက္ အမ်ားအျပားေရာင္းခ်ႏုိင္ရန္ ရည္ရြယ္ၿပီး အာဖရိကသုိ႔ သြာေရာက္ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ တာဝန္ရွိသူတစ္ဦးက ဆိုပါတယ္။

 


အာဖရိကႏုိင္ငံအေနနဲ႔လည္း အခုအခါ ဆန္ကြဲအျပင္ တျခားအဆင့္ျမင့္ဆန္ေတြကို ဝယ္ယူမႈတိုးလာၿပီး စိတ္ဝင္စားမႈလည္းရွိလာေၾကာင္း သိရပါတယ္။

 


 ျမန္မာႏုိင္ငံအေနနဲ႔ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ေအာက္တုိဘာ ၁ ရက္မွ ၾသဂုတ္ ၃၀ ရက္အထိ အာဖရိကေစ်းကြက္ႏိုင္ငံမ်ားသို႔ ဆန္မက္ထရစ္တန္ခ်ိန္ (၅၀၀၀၀၀) ခန္႔နဲ႔ ဆန္ကြဲ မက္ထရစ္တန္ခ်ိန္ ( ၁၈၀၀၀) ေက်ာ္ တင္ပို႔ထားေၾကာင္း ျပည္ပတင္ပို႔မႈစာရင္းမ်ားအရ သိရပါတယ္။

 

Read More >>> >>    တ႐ုတ္ႏုိင္ငံက ျမန္မာ့စပါးမ်ားကို တရားဝင္ ဝယ္ယူရန္ ကမ္းလွမ္းထား

 

 

Source: The Myanmar Times

Read times Last modified on Tuesday, 18 February 2020 17:31
Rate this item
(0 votes)