Food & Livestock
ပြည်တွင်းဈေးကွက်သို့ မတ်ပဲအသစ်အ၀င်များခြင်းကြောင့် ဈေးနှုန်းထပ်မံကျဆင်း
အစိုးရချေးငွေများ ပြန်ဆပ်ရန် တောင်သူများက ပြည်တွင်းဈေး ကွက်သို့ မတ်ပဲအသစ်များ
ရောင်း ချခြင်းကြောင့် တစ်တန်လျှင် ကျပ် ၃၀,၀၀၀ ခန့်ထပ်မံ ဈေးကျလာ ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေး မှူး ဦးမင်းကိုဦးကပြောသည်။
အိန္ဒိယအစိုးရ၏ ပြည်ပမှ ပဲတင်သွင်းမည့် မူဝါဒအပြောင်း အလဲကို စောင့်မျှော်နေချိန်တွင် နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့်ပါကစ္စ တန်နိုင်ငံများကလည်း မြန်မာနိုင် ငံမှ မတ်ပဲတင်သွင်းမှုကို လျှော့ချ ထားသည်။ ထိုအချိန်တွင် ပဲစိုက် တောင်သူများက အစိုးရထံမှ ချေး ယူထားသည့် စိုက်ပျိုးစရိတ် ချေး ငွေပြန်လည်ပေးဆပ်ရန် စိုက်သိမ်း ထားသည့် မတ်ပဲများထုတ်ရောင်း လာသဖြင့် ဈေးနှုန်းထပ်မံကျဆင်း ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြ သည်။
‘‘ဒီလကုန်မှာတော့ အိန္ဒိယ အစိုးရရဲ့ ပဲတင်သွင်းမှုအဖြေ ထွက်လာမယ်လို့ မျှော်မှန်းထားပါ တယ်။ ပြည်တွင်းဈေးကွက်က သူ့ရဲ့မူဝါဒအခြအနေပေါ်မှာ မူ တည်ပါတယ်’’ ဟုဦးမင်းကိုဦးက ပြောသည်။
ပြည်တွင်း ဈေးကွက်တွင် မတ်ပဲတစ်တန်လျှင် ဈေးနှုန်း ၆ ရာခိုင်နှုန်းခန့်ထပ်မံကျဆင်းပြီး ပဲ စင်းငုံတစ်တန်လျှင် ၄ ရာခိုင်နှုန်း ကျော်ဈေးကျလာသည်။ မတ်လ တတိယပတ်တွင် မတ်ပဲတစ်တန် လျှင် ကျပ် ၅၀၅,၀၀၀ မှ မတ်လ စတုတ္ထပတ်တွင်ကျပ် ၄၇၅,၀၀၀ သို့ ဈေးကျဆင်းခဲ့သည်။ ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၃၉၅,၀၀၀ မှ ကျပ် ၃၇၇,၀၀၀ သို့ဈေးကျဆင်း လာကြောင်း ဘုရင့်နောင်ပဲကုန် စည်ဒိုင်မှ ကုန်သည်တစ်ဦးကပြော သည်။
အထွက်နှုန်း နည်းမည်ဟု ခန့်မှန်းထားသူများသည် ယခုနှစ် ပြည်တွင်းပဲဈေးကွက်အခြေအ နေဆိုးကြောင့် ၎င်းတို့ပိုင်ပဲခင်း များကို ရိတ်သိမ်းခြင်းမပြုတော့ ကြောင်း ဧရာဝတီတိုင်းနှင့်မကွေး တိုင်းမှ လယ်သမားအချို့ကပြော သည်။
မတ်ပဲတစ်တင်းလျှင် ကျပ် ၁၆,၀၀၀ ဈေးရှိနေချိန် ပဲစိုက်ခင်း တစ်ဧကအထွက်နှုန်း ငါးတင်းခန့်သာရရှိနိုင်မည်ဟု ခန့်မှန်းထား သော တောင်သူများက ရိတ်သိမ်း စရိတ်မကာမိသဖြင့် မရိတ်သိမ်း တော့ကြောင်း လယ်သမားအချို့ က ဆိုသည်။
လက်ရှိမတ်ပဲဈေး နှုန်းအရ တစ်ဧက ၁၀ တင်းအ ထက်ထွက်ရှိမှသာ အနည်းငယ် အဆင်ပြေကြောင်း ကျောင်းကုန်း မြို့နယ်နေ တောင်သူဦးပြူးကဆို သည်။
မတ်ပဲကဲ့သို့ ပဲစင်းငုံသည် တစ်တင်းလျှင် ကျပ် ၁၂,၀၀၀ မှ ၁၃,၀၀၀ ခန့်သာ ဈေးရှိခြင်း ကြောင့် တောင်သူအများစုက မ ရိတ်သိမ်းကြောင်း မကွေးတိုင်းရှိ ပဲကုန်သည်ဦးလှဝင်းက ပြောသည်။ ပဲစင်းငုံသည်ပျမ်းမျှတစ် ဧကအထွက်နှုန်း ခြောက်တင်း ခန့်သာရှိပြီး ရိတ်သိမ်းခအပါအ၀င် အလုပ်သမားခတစ်ဧကလျှင် ကျပ် ၇၀,၀၀၀ ခန့်ရှိခြင်းကြောင့် တောင်သူများက မရိတ်သိမ်းတော့ ကြောင်း ၎င်းကဆိုသည်။
Source: 7 days new