Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရခိုင်ပြည်နယ်တွင် ဖန်လုံအိမ်နည်းပညာဖြင့် ငါးခြောက်လုပ်ငန်း ပြုလုပ်

ရခိုင်ပြည်နယ်တွင် ဖန်လုံအိမ်နည်းပညာဖြင့် ငါးခြောက်လုပ်ငန်း ပြုလုပ်

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊ ပြင်ဖြူမော်ကျေးရွာတွင် နေရောင်ခြည်စွမ်းအင်သုံး ဖန်လုံအိမ်နည်းပညာဖြင့် ငါးခြောက်လုပ်ငန်းများကို စမ်းသပ်ဆောင်ရွက်နေပြီဖြစ်သလို အသုံးတည့်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက ထုတ်ပြန်ကြေငြာထားပါတယ်။

 

ငါးခြောက်လှန်းလုပ်ငန်းများ ပြုလုပ်ရာတွင် ယခင်က ငါးများကို လေဟာပြင်ထဲမှာထားပြီး နေရောင်ခံခြင်းဖြင့် ပြုလုပ်ခဲ့ကြပေမယ့်လည်း ယခုအခါ ဖန်လုံအိမ်နည်းပညာဖြင့် ငါးခြောက်လှမ်းရန် စမ်းသပ်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

 

နေရောင်ခြည်စွမ်းအင်သုံး ငါးခြောက်လှမ်းစင်နှင့် အခြောက်ခံအိမ်ထဲတွင် ငါးများကို လှမ်းခြင်းအားဖြင့် ဖုန်နှင့်ပိုးမွှားများ မဝင်အောင် တားဆီးနိုင်သကဲ့သို့ ငါးခြောက်၏ အရည်အသွေးကိုလည်း တိုးတက်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။

 

Read More >>>>>  အစာအဆိပ္သင့္မႈမျဖစ္ေအာင္ ဘယ္လိုျပဳလုပ္မလဲ

 

ထို့အတူ ငါးခြောက်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ပိုးမွှားများကို နှင်ထုတ်ရန် အစားအစာသုံး ပိုးသတ်ဆေးများကိုလည်း သုံးစရာမလိုတော့ကြောင်း သိရပါတယ်။

 

အဆိုပါစီမံချက်ကို ဒိန်းမတ်နိုင်ငံ၏ ရေရှည်တည်တံ့သည့် ကမ်းရိုးတမ်း ရေလုပ်ငန်းအစီအစဉ်မှ ပံ့ပိုးပေးထားခြင်းဖြစ်တယ်လို့ ဒိန်းမတ်သံရုံး၏ ထုတ်ပြန်ထားမှုအရ သိရပါတယ်။

 

 

 

ရခိုင္ျပည္နယ္တြင္ ဖန္လုံအိမ္နည္းပညာျဖင့္ ငါးေျခာက္လုပ္ငန္း ျပဳလုပ္

 

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴခ႐ိုင္၊ ျပင္ျဖဴေမာ္ေက်း႐ြာတြင္ ေနေရာင္ျခည္စြမ္းအင္သုံး ဖန္လုံအိမ္နည္းပညာျဖင့္ ငါးေျခာက္လုပ္ငန္းမ်ားကို စမ္းသပ္ေဆာင္႐ြက္ေနၿပီျဖစ္သလို အသုံးတည့္သည္ဟု ျမန္မာႏိုင္ငံဆိုင္ရာ ဒိန္းမတ္သံ႐ုံးက ထုတ္ျပန္ေၾကျငာထားပါတယ္။

 

ငါးေျခာက္လွန္းလုပ္ငန္းမ်ား ျပဳလုပ္ရာတြင္ ယခင္က ငါးမ်ားကို ေလဟာျပင္ထဲမွာထားၿပီး ေနေရာင္ခံျခင္းျဖင့္ ျပဳလုပ္ခဲ့ၾကေပမယ့္လည္း ယခုအခါ ဖန္လုံအိမ္နည္းပညာျဖင့္ ငါးေျခာက္လွမ္းရန္ စမ္းသပ္ေဆာင္႐ြက္ေနျခင္းျဖစ္ပါတယ္။

 

ေနေရာင္ျခည္စြမ္းအင္သုံး ငါးေျခာက္လွမ္းစင္ႏွင့္ အေျခာက္ခံအိမ္ထဲတြင္ ငါးမ်ားကို လွမ္းျခင္းအားျဖင့္ ဖုန္ႏွင့္ပိုးမႊားမ်ား မဝင္ေအာင္ တားဆီးႏိုင္သကဲ့သို႔ ငါးေျခာက္၏ အရည္အေသြးကိုလည္း တိုးတက္ေကာင္းမြန္ေစတယ္လို႔ ဆိုပါတယ္။

 

Read More >>>>>  အစာအဆိပ္သင့္မႈမျဖစ္ေအာင္ ဘယ္လိုျပဳလုပ္မလဲ

 

ထို႔အတူ ငါးေျခာက္လုပ္ငန္း လုပ္ကိုင္သူမ်ားအေနျဖင့္ ပိုးမႊားမ်ားကို ႏွင္ထုတ္ရန္ အစားအစာသုံး ပိုးသတ္ေဆးမ်ားကိုလည္း သုံးစရာမလိုေတာ့ေၾကာင္း သိရပါတယ္။

 

အဆိုပါစီမံခ်က္ကို ဒိန္းမတ္ႏိုင္ငံ၏ ေရရွည္တည္တံ့သည့္ ကမ္း႐ိုးတမ္း ေရလုပ္ငန္းအစီအစဥ္မွ ပံ့ပိုးေပးထားျခင္းျဖစ္တယ္လို႔ ဒိန္းမတ္သံ႐ုံး၏ ထုတ္ျပန္ထားမႈအရ သိရပါတယ္။

 

#MFID
Source: SME Development Department

Read times Last modified on Thursday, 30 January 2020 14:55
Rate this item
(0 votes)