Food & Livestock



မွေးမြူရေးငါးတန် တစ်ပိဿာလျှင် ငွေကျပ် ခုနှစ်ထောင်ကျော် စျေးကောင်းရရှိ

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း ဒေသထွက် မွေးမြူရေးငါးတန်တစ်ပိဿာလျှင်

ငွေကျပ် ၇,၅၀၀ ထိ စျေးကောင်းရရှိနေသည်ဟု ပန်းတနော်မြို့နယ် ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ မွေးမြူရေးတာဝန်ခံက ပြောပြ၍သိရသည်။

 

ပန်းတနော်မြို့နယ်တွင် မွေးမြူရေး ငါးတန်းများ ထွက်ရှိပြီး ဇန်နဝါရီလက ငါးတန်တစ်ပိဿာလျှင် ငွေကျပ် ၄,၅၀၀ ထိသာစျေးရရှိခဲ့ပြီး ယခုဖေဖော်ဝါရီလတွင် ငါးတန်တစ်ပိဿာလျှင် ငွေကျပ် ၇,၅၀၀ ထိ‌ စျေးကောင်း ရရှိနေသည်ဟု သိရသည်။

Yarobi

Click Here >>> Yarobi Co., Ltd.

“ပန်းတနော်မြို့နယ်က မွေးမြူရေး ငါးတန်တွေမွေးမြူထက်ရှိပါတယ်။ လက်ရှိ ဒုတိယအသုတ် ငါးကန်တွေဖော်တဲ့အချိန် စျေးကောင်းရရှိနေတာဖြစ်ပါတယ်။ အရင်လကထက် ငါးတန်းတစ်ပိဿာကို ငွေကျပ် ၃,၀၀၀ ထိ‌ စျေးကောင်းရရှိခဲ့တယ်။ အခုလို ငါးတန်တွေ စျေးကောင်းရရှိတာကလည်း ငါးတန်တွေကို ရန်ကုန်စျေးကွက်ကနေ အဝယ်လိုက်နေတာကြောင့်ပါ။ ငါးတန်တွေ ပြည်ပစျေးကွက်ကို ပြန်လည်တင်ပို့ ရောင်းချနေတာကြောင်းလည်း စျေးကောင်းရရှိနေတာပါ။ ဒေသငါးတန်မွေးမြူရေးလုပ်ငန်းတွေမှာ ယခုနှစ် ငါးတန်တွေ အထွက်နည်းနေတာ ကြောင့်ဟု” ပန်းတနော်မြို့နယ် ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ မွေးမြူရေးတာဝန်ခံက ပြောပြသည်။

 

ပန်းတနော်မြို့နယ်တွင် ငါးတန်မွေးမြူရေးလုပ်ငန်းရှင်များက မွေးမြူထွက်ရှိသည့် ငါးတန်များနှင့် သဘာဝအတိုင်း ဖမ်းယူရရှိသည့် မြစ်ငါးတန်ငါးများကို ရန်ကုန်စျေးကွက်သို့ တိုက်ရိုက်တင်ပို့ရောင်းချနေကြသည်။ အဆိုပါ ငါးတန်များကို ရန်ကုန်မြို့နယ်မှတစ်ဆင့် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့ ပြန်လည်တင်ပို့ရောင်းချနေသည်ဟု သိရ သည်။

 

ငါးတန်စျေးကောင်းလာခြင်းကြောင့် ယခုနှစ်နွေရာသီ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရာတွင် ငါးတန်အကောင်ရေ တိုးချဲ့မွေးမြူသွားရန် ပြင်ဆင်နေသည်ကို ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ မွေးမြူရေးတာဝန်ခံကပြောပြ ၍ သိရသည်။

 

Source: DNP

Myanmar Food Industry Guide

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Wednesday, 22 February 2023 11:18
Rate this item
(1 Vote)