Food & Livestock



ဗီယက်နမ်တွင် စပါးလှိုင်လှိုင်ပေါ်ချိန် စပါးဈေး ထိုးကျ

ဗီယက်နမ်တွင် စပါးလှိုင်လှိုင်ပေါ်ချိန် စပါးဈေး ထိုးကျ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် စပါးအသစ်ပေါ်ချိန်တွင် ကုန်သည်များ ကမ်းလှမ်းသည့် စပါးဈေးနှုန်းများသည် လွန်ခဲ့သည့် ခြောက်လတာအတွင်း အနိမ့်ဆုံးသို့ ထိုးကျနေသည်။

 

ဈေးနှုန်းများသည် တစ်ကီလိုဂရမ်လျှင် ဒေါင် ၂,၀၀၀ (US$0.08) အထိ ကျဆင်းသည်။

ပေါက်ဈေး ဒေါင် ၇,၅၀၀-၈,၅၀၀ ဝန်းကျင်သို့ ရောက်ရှိနေသည်။ 

.

.

 Dong Thap ပြည်နယ် Thap Muoi ခရိုင်မှ လယ်သမား Nguyen Van Dong သည် ဆောင်းနွေဦးစပါး တစ်ဟက်တာနီးပါးကုိ ရိတ်သိမ်းရန် ပြင်ဆင်နေပါသည်။

ပြီးခဲ့သည့်လက ကုန်သည်များက သူ့ထံမှ စပါးဝယ်ရန် စပေါ်ငွေ တစ်ကီလိုလျှင် ဒေါင် ၉,၁၀၀ ဖြင့် စရံသတ်ခဲ့သည်။ ယခု သူတို့က တစ်ကီလိုလျှင် ဒေါင် ၈,၃၀၀ သာ ပေးဖို့ သဘောတူသည်။

Dong ၏ လယ်ကွင်းနှင့် သိပ်မဝေးသော နေရာမှ စပါးခင်း ပိုင်ရှင် Mai Van Tuan သည်  စပါးများကို ကုန်သည်များထံ တစ်ကီလိုလျှင် ဒေါင် ၇,၅၀၀ ဖြင့် ရောင်းချဖို့ သဘောတူလိုက်သည်။ တပတ်အတွင်းမှာ ဒေါင် ၂,၀၀၀ နီးပါး ဈေးကျသွားသည်။ 

ပြီးခဲ့သည့် တပတ်တာတွင် စပါးဈေးများ ဆက်တိုက်ကျဆင်းလာသည်။ သို့ဖြစ်ရာ စပါးခင်း တဟက်တာလျှင် ဒေါင် သန်း ၂၀ နီးပါး လျော့နည်းသည်။

 

လက်ရှိတွင် မဲခေါင်ပြည်နယ်များသည် ဆောင်းနွေစပါး ရိတ်သိမ်းသည့် ဧရိယာ ဟက်တာ ၁ ဒသမ ၄ သန်းခန့်ရှိပြီး တစ်ဟက်တာလျှင် ပျမ်းမျှအထွက်နှုန်း ၇ ဒသမ ၂ တန်ရှိသည်။

.

"ဗီယက်နမ်ဆန်ကို တင်သွင်းတဲ့နိုင်ငံတွေက အသင့်အတင့်သာဝယ်ယူနေပြီး စာချုပ်အသစ်မချုပ်ဆိုသေးပါဘူး"ဟု ဆန်တင်ပို့သည့် Viet Hung Company မှ ဒါရိုက်တာ Nguyen Van Don က ပြောကြားသည်။

 

ပို့ကုန်စာချုပ်အသစ်များ မရသေးခြင်း၊ လက်ထဲ ရှိသည့် အရင်းအနှီး ပမာဏ မများခြင်းတို့ကြောင့်  ဗီယက်နမ်ကုမ္ပဏီများသည် ဆန်တင်ပို့ရန်အတွက် ကြိတ်ခွဲဖို့ စပါးဝယ်ယူရန် လက်နှေးနေကြသည်။

 

စပါးဈေး တစ်ကီလိုလျှင် ဒေါင် ၇၅၀၀-၈၅၀၀ အနိမ့်ဆုံးအဆင့် ဖြစ်ပြီး ထပ်ကျဖွယ္မရှိဟု ၎င်းက ပြောကြားသည်။ 

 

ယခုနှစ် ဆောင်းနွေစပါး သီးနှံမှာ စပါးစိုက်ပျိုးသူများသည် အစောပိုင်းက ဈေးမြင့်မှုကြောင့် အမြတ်ကျန်ခဲ့ကြသည်။ ပျမ်းမျှအားဖြင့် တဟက်တာလျှင် ဒေါင် ၂၅ သန်းမှ သန်း ၃၀ အထိ ရကြသည်။ 

Source vnexpress 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)