Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သိုလှောင်ရုံအပြည့် ပဲစင်းငုံများ ဝယ်ယူထား၍ မိုးရာသီတွင် အခြားသီးနှံပြောင်းလဲ စိုက်ပျိုးရန် ပဲ၊ နှမ်းအသင်းအကြံပြု

ပြည်တွင်းပဲကုန်သည် အများစုတွင် သိုလှောင်ရုံအပြည့် ပဲစင်းငုံများ ဝယ်ယူထားရခြင်း ကြောင့် လာမည့် မိုးရာသီတွင် ဆီ ထွက်သီးနှံနှင့်

အခြားပဲမျိုးများ ပြောင်းလဲစိုက်ပျိုးရန် မြန်မာနိုင်ငံ  ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း က အကြံပြုချက်ထုတ်ပြန်သည်။

 

အိန္ဒိယနိုင်ငံသို့ တင်ပို့ရန် ပြည်တွင်းပဲစင်းငုံ လုံလောက်စွာ သိုလှောင်ထားနိုင်သည့် အခြေ အနေမျိုးရှိနေခြင်းကြောင့် ၂၀၁၇ သြဂုတ်ကစတင်၍ ပြည်ပမှ ပဲတင် သွင်းမှုကန့်သတ်ချက်ကို ၂၀၁၈ မေလဆန်းအထိ တစ်စုံတစ်ရာ ပြောင်းလဲခြင်းမရှိပေ။ ထို့ကြောင့် မိုးရာသီ ပဲစင်းငုံစီးပွားဖြစ် ထပ်မံစိုက်ပျိုးမည်ဆိုပါက တောင်သူ လယ်သမားများ စိုက်ပျိုးစရိတ်ဆုံး ရှုံးမည့်အခြေအနေမျိုး ဖြစ်နိုင်သ ဖြင့် အချိန်မီ ပြောင်းလဲစိုက်ပျိုး နိုင်ရန် အသင်းက အကြံပြုချက် ထုတ်ပြန်သည်။

 

ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်း စပ်ညှိနှိုင်းရေး အထူးလုပ်ငန်းအအဖွဲ့အစည်းအဝေးကို ဧပြီ ၂၈ ရက်တွင် ပြုလုပ်ခဲ့ပြီးနောက် မြန် မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည် အသင်း အဖွဲ့ဝင်များ၊ ပညာရှင် များ၏အကြံပြုချက်ဖြင့် ထုတ်ပြန် ခြင်းဖြစ်သည်။

 

အိန္ဒိယနိုင်ငံမှ ပဲဝယ်ယူမည့် အခြေအနေ မပြောင်းလဲပါက ပြည်တွင်းပဲကုန်သည်များတွင် သိုလှောင်ပမာဏ များနေခြင်းကြောင့် ငွေကြေးလည်ပတ်ရန် ခက်ခဲနေသည်ဟု ဘုရင့်နောင်မှ ပဲကုန်သည်တစ်ဦးက ပြောသည်။

 

၂၀၂၀ တွင် ပဲစင်းငုံအသစ် စိုက်ပျိုးမည့် အခြေအနေနှင့်ပတ် သက်၍ ၂၀၁၉ အိန္ဒိယနိုင်ငံ၏ အခြေအနေကို လေ့လာပြီး အကြံ ပြုမည်ဟု အထက်ပါအစည်းအ ဝေးတက်ရောက်ခဲ့သည့် ဘုရင့် နောင်မှ ပဲကုန်သည်က ပြော သည်။  ယခုနှစ် မိုးရာသီတွင် ပဲစင်း ငုံကို စီးပွားဖြစ် စိုက်ပျိုးမည်မ ဟုတ်သော်လည်း မျိုးပဲထားရှိရန်၊ တိရစ္ဆာန်ကျွေးရန်နှင့် လောင်စာ အတွက် ထင်းအဖြစ်သုံးရန် ပဲစင်း ငုံအချို့တစ်ဝက်ကိုလည်း စိုက်ပျိုး ရဦးမည်ဟု တောင်တွင်းကြီးမြို့ နယ်မှ ပဲစိုက်တောင်သူတစ်ဦးက ပြောသည်။

 

ပဲစင်းငုံအစား ဆီထွက်သီးနှံ ဖြစ်သော နှမ်း၊ မြေပဲ၊ နေကြာ၊ ပြောင်း၊ ပဲတီစိမ်းနှင့် အခြားပြည် တွင်း ဈေးကွက်ဝင် သီးနှံများ ပြောင်းလဲစိုက်ပျိုးသင့်သည်ဟု စီးပွားကူးသန်း ဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးတိုးအောင်မြင့် က ဧပြီ ၂၉ ရက်တွင် ၎င်း၏ဖေ့စ် ဘွတ်ခ်၌ ရေးသားအကြံပြုထားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 13:49
Rate this item
(4 votes)