Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်အ၀င်နည်း၍ ဆန်ဈေးတက်

ရန်ကုန်ဆန်ဈေးကွက်အတွင်းသို့ နယ်ဒေသများမှ ဆန်အ၀င်နည်း၍ ဆန်ချောနှင့် ပြည်ပပို့

ဆန်ကြမ်းအချို့ ဈေးတက်နေကြောင်း ဘုရင့်နောင်နှင့် ၀ါးတန်းဆန်ဈေးကွက်များအအတွင်းမှ သိရပါတယ်။

 

ပြည်တွင်းစားသုံးမှုများပြားသည့် ပေါ်ဆန်းဆန်တစ်အိတ်လျှင် ပြီးခဲ့တဲ့ ရက်ပိုင်းကထက် ကျပ် ၁၀၀၀ မှ ၁၅၀၀ ကျပ် အထိနှင့် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၅၀၀ မှ ၂၀၀၀ အထိ မြင့်တက်ခဲ့ပါတယ်။

 

ဈေးအတက်များထားတဲ့ ကြားပျံကဲ့သို့ ဆန်ချောဈေးနှုန်းများမှာမူ တစ်အိတ်လျှင် ကျပ် ၁၀၀၀ ခန့် ပြန်လည်ကျဆင်းကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရပါတယ်။

 

ရန်ကုန်ဆန်ဈေးကွက်အတွင်းသို့ နယ်ဒေသများမှ ယခုရက်ပိုင်းအတွင်း ဆန်ဝင်ရောက်မှုမှာ တစ်ရက်လျှင် အိတ်ရေ ခြောက်သောင်းကျော်ရှိကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရပါတယ်။

 

လက်ရှိဆန်ဈေးကွက်အတွင်း ပေါ်ဆန်းရှယ် တစ်အိတ်လျှင် ကျပ် ၃၃,၅၀၀ မှ ၃၅၀၀၀ အထိ၊ ကြားပျံရှယ် တစ်အိတ်လျှင် ၃၇၀၀၀ မှ ၄၀၀၀၀ အထိ၊ မြီးဒုံး တစ်အိတ်လျှင် ကျပ် ၂၆၅၀၀ မှ ၂၇၅၀၀ အထိနှင့် ရက် ၉၀ ရှယ် တစ်အိတ်လျှင် ကျပ် ၂၅၅၀၀ မှ ၂၆၀၀၀ အထိ ဈေးရှိကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရပါတယ်။

 

Source: voice

Read times Last modified on Wednesday, 19 September 2018 11:16
Rate this item
(2 votes)