Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိသည့်အတွက် အစာကုန်ကြမ်းများ ဈေးနှုန်းတည်ငြိမ်နိုင်

Unicode

တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိသည့်အတွက် အစာကုန်ကြမ်းများ ဈေးနှုန်းတည်ငြိမ်နိုင်


ပြည်တွင်းမှ စိုက်ပျိုးရေးထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိသည့်အတွက် လာမယ့် မိုးကာလအထိ မွေးမြူရေးလုပ်ငန်းသုံး အစာကုန်ကြမ်းများ ဈေးနှုန်းတည်ငြိမ်နိုင်ကြောင်း မြန်မာနိုင်ငံ ငါးပုစွန်အစာထုတ်လုပ်ရောင်းချသူများအသင်းဥက္ကဋ္ဌ ဒေါက်တာသက်မှူး၏ ပြောကြားချက်အရ သိရပါတယ်။


Spreads & Jams (70) ယိုမျိုးစုံလုပ်ငန်းများ (၇၀) ခုကိုရှာရန်နှိပ်ပါ။


လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါကြောင့် ပြည်တွင်းမှ ဆန်၊ ဆန်ကွဲ၊ ဖရဲနှင့် သခွားမွှေးတင်ပို့မှု ရပ်ဆိုင်းနေတဲ့အပြင် ဟင်္သာတမြို့နယ်မှ ပြောင်းများ ထွက်ရှိသော်လည်း တရုတ်နိုင်ငံမှ ဝယ်လက်မရှိသောကြောင့် သတ်မှတ်ထားသော ပေါက်ဈေးအတိုင်း မရရှိကြောင်း သိရပါတယ်။


ထို့ကြောင့် ပြောင်းဈေးနှုန်းဆက်လက်ကျဆင်းနိုင်ပြီး တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းသုံး အစာဈေးနှုန်းမှာ မိုးရာသီမတိုင်မီအထိ ဆက်လက်တည်ငြိမ်နိုင်ကြောင်း သိရပါတယ်။


Read More >>>>>     အဆိပ်အတောက်မဖြစ်အောင် ကြက်ဥများကို ရေခဲသေတ္တာ တံခါးအပေါ်နားမှာ မထည့်ပါနဲ့


တိရစ္ဆာန်အစာအဖြစ် အသုံးပြုရန် ပဲဖတ်နှင့် နှမ်းဖတ်လိုအပ်နေချိန်တွင် အစားထိုး ကုန်ကြမ်းအဖြစ် အသုံးပြုသည့် ပဲပုပ်ဖတ်ကို ပြည်ပမှ တင်သွင်းအသုံးပြုနေရပြီး လက်ရှိတွင် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရပါတယ်။


#MFID

 

 

 

Zawgyi


 


 


 


 


 


 


 

#MFID

Read times Last modified on Wednesday, 04 March 2020 14:28
Rate this item
(0 votes)