Food & Livestock



ယူရီးယား တင်ပို့မှုကို ဆိုင်းငံ့ထားရန် ဓာတ်မြေဩဇာ ထုတ်လုပ်သူများကို တရုတ်အစိုးရ ညွှန်ကြားထား

ယူရီးယား တင်ပို့မှုကို ဆိုင်းငံ့ထားရန် ဓာတ်မြေဩဇာ ထုတ်လုပ်သူများကို တရုတ်အစိုးရ ညွှန်ကြားထား

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ပြည်တွင်းမှာ ဓာတ်မြေဩဇာ ဈေးတက်ပြီးနောက် ယူရီးယားတင်ပို့မှုကို ဆိုင်းငံ့ထားရန် တရုတ်နိုင်ငံမှ ဓာတ်မြေဩဇာ ထုတ်လုပ်သူအချို့ကို တရုတ်အစိုးရက ညွှန်ကြားထားသည်။

 

တရုတ် ယူရီးယား ဓာတ်မြေဩဇာ တင်ပို့မှု လေိာ့ကျလျှင် ကမ္ဘာ့ဈေးကွက်ထဲ  ဓာတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်လာမည်ဖြစ်ပြီး ဓာတ်မြေဩဇာ တင်သွင်းရသည့်နိုင်ငံများမှ လယ်သမားများ ဓာတ်မြေဩဇာအတွက် ကုန်ကိစရိတ် မြင့်တက်မည် ဖြစ်သဖြင့် ဓာတ်မြေဩဇာ လျှော့သုံးကြရမည် ဖြစ်သည်။

 

တရုတ်နိုင်ငံမှ အဓိကကျသည် ဓာတ်မြေဩဇာ ထုတ်လုပ်သူအချို့သည် အစိုးရထံမှ ညွှန်ကြားချက် ရရှိပြီးနောက် ယခုလအစောပိုင်းမှစ၍ ဓာတ်မြေဩဇာ ပို့ကုန်သဘောတူညီချက်စာချုပ်အသစ်များ လက်မှတ်ရေးထိုးခြင်းကို ရပ်ဆိုင်းလိုက်ကြသည်။ 

လက်ရှိတွင် ယူရီးယား တစ်မျိုးတည်းကိုသာ တားမြစ်ထားသည်။

 

တရုတ်နိုင်ငံ၏ သိုလှောင်မှု လက်ကျန်နည်းပါးခြင်းနှင့် ပို့ကုန်မြင့်မားခြင်းတို့ ပေါင်းဆုံနေသဖြင့်ယူရီးယားဈေးနှုန်းများ မြင့်မားလာစေသည်။

 

တရုတ်နိုင်ငံသည် ယူရီးယားကို ကမ္ဘာပေါ်တွင် ထိပ်တန်းထုတ်လုပ်သူနှင့် သုံးစွဲသူဖြစ်သည်။ တရုတ်ယူရီးယားကို အဓိကအားဖြင့် အိန္ဒိယ၊ တောင်ကိုရီးယား၊ မြန်မာနှင့် ဩစတြေးလျတို့ထံ တင်ပို့သည်။

 

တရုတ်နိုင်ငံတွင် ထင်ရှားသည့် ယူရီးယား ထုတ်လုပ်သူများမှာ

• နိုင်ငံပိုင် China BlueChemical Ltd

• Sinofert Holdings Ltd

• Cangzhou Dahua Co

• CNAMPGC Holding Co

• Shandong Hualu Hengsheng Chemical Co

စသည်တို့ ဖြစ်ပါသည်။

 

Source  Bloomberg


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 08 September 2023 12:10
Rate this item
(0 votes)