Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဈေးကွက်သစ်တစ်ခုအနေနဲ့ မြန်မာ့ဆန်ကို ဖီလစ်ပိုင်သို့ တိုးချဲ့တင်ပို့

မြန်မာ့ဆန်တင်ပို့မှုအတွက် ဈေးကွက်သစ်တစ်ခုအနေနဲ့ ယခုနှစ်တွင် ဖီလစ်ပိုင်ဈေးကွက်သို့ တိုးချဲ့တင်ပို့လျက်ရှိတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

 

ဒီနှစ်မှာ ဖီလစ်ပိုင်ဈေးကွက်ထပ်ရတယ်။ ဖီလစ်ပိုင်အစိုးရခေါ်တဲ့ ဆန်တင်ဒါမှာလည်း မြန်မာနိုင်ငံက အောင်မြင်ခဲ့တယ်။ သူတို့ဘက်က မြန်မာ့ဆန်ကို ကြိုက်တယ်။ လက်ရှိလည်း ဖီလစ်ပိုင်ဘက်ကို ပို့နေတယ်လို့ ၎င်းကပြောပါတယ်။

 

လက်ရှိတွင် ဖီလစ်ပိုင်ဈေးကွက်အပြင် အာဖရိကဈေးကွက်များကိုလည်း တင်ပို့နေပြီး အာဖရိကဈေးကွက်ကို ဆန်တင်ပို့ဖို့ ပို့ကုန်လိုင်စင် လာရောက်လျှောက်ထားသူတွေလည်း ရှိတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

အိုင်ဗရီကို့စ်နိုင်ငံက မြန်မာ့ဆန် ဖျက်ဆီးလိုက်မှုနဲ့ ပတ်သက်ပြီး မြန်မာ့ဆန်ဈေးကွက်အပေါ် အနည်းငယ်သက်ရောက်မှုရှိပေမယ့်လည်း ပြည်ပဆန်တင်ပို့မှုအပေါ် ထိခိုက်မှုမရှိဘူးလို့ ယင်းဌာနမှ သိရပါတယ်။

 

Read More >>>>>  တရုတ်နိုင်ငံက သကြားကို တင်လဲရည်အဖြစ်ပြောင်းကာ တင်ပို့ခြင်းကိုသာ လက်ခံ


လက်ရှိ တရုတ်နိုင်ငံဘက်က လုံခြုံရေးတင်းကြပ်ကာ အဖမ်းအဆီးများ ပြုလုပ်နေတာကြောင့် တရုတ်နိုင်ငံကို ဆန်တင်ပို့မှု ရပ်ဆိုင်းထားရတဲ့အပြင် အခုရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ နွေစပါးများမှာလည်း လျှပ်စစ်မီးနဲ့ အခြောက်ခံစက်အခက်အခဲတွေကြောင့် စပါးဈေးများကျဆင်းကာ ပြည်တွင်းမှာ ဆန်လက်ကျန်များနေခြင်းဖြစ်ပါတယ်။

 

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ဧပြီလ ၂၆ ရက်နေ့အထိ ပြည်ပကို ဆန်တင်ပို့မှုအနေနဲ့ တန်ချိန် ၁.၃ သန်းကျော် တင်ပို့ထားပြီး တင်ပို့ငွေ အမေရိကန်ဒေါ်လာ ၄၁၂ သန်းကျော်ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

 

Source: The Voice

Read times Last modified on Monday, 27 May 2019 17:43
Rate this item
(1 Vote)