Food & Livestock



စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ခွင့်ပြုမည့် လယ်ယာနှင့် စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများစာရင်း ထုတ်ပြန်ကြေညာ

စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ခွင့်ပြုမည့်  လယ်ယာနှင့် စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများစာရင်း ထုတ်ပြန်ကြေညာ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် ရက်စွဲဖြင့်  ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ သတင်းလွှာ ( ၁၅ / ၂၀၂၃ ) ထုတ်ပြန်ထားသည်ကို မျှဝေအပ်ပါသည်။ 


 

အကြောင်းအရာ။ စစ်တွေကုန်သွယ်ရေးစခန်းမှသာတင်ပို့ခွင့်ပြုမည့် ကုန်ပစ္စည်းများသတ်မှတ်ထုတ်ပြန်ခြင်း

 

၁။ ကုန်သွယ်မှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရန်နှင့် တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်မှုတွင် အောက်ပါ လယ်ယာထွက်ကုန်နှင့် စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းတို့ကို စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ရန် သတ်မှတ်လိုက်သည်-

 

(က) လယ်ယာထွက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်း

 

( ၁ ) ဆန်၊ ဆန်ကွဲ

 

( ၂ ) ပဲမျိုးစုံ

 

( ၃ ) နှမ်း၊ မြေပဲ၊ မြေပဲဆံ

 

( ၄ ) ကြက်သွန်နီ

 

( ခ ) ရေထွက်ပစ္စည်း

 

( ၁ ) ရေချို၊ ရေငန်ငါးမျိုးစုံ

 

၂။ အဆိုပါသတ်မှတ်ချက်အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့မှစတင်၍ ဆောင်ရွက်ရန် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

 

ကုန်သွယ်ရေးဦးစီးဌာန


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

374773090_766188385517758_451387911167407759_n.jpg

Read times Last modified on Tuesday, 05 September 2023 19:42
Rate this item
(0 votes)