Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်း ဆန်လက်ကျန် နည်းပါးမှုနှင့် စပါးအသစ် မပေါ်ခြင်းကြောင့် ဈေးမြင့်တက်နိုင်

ပြည်တွင်းဆန်လက်ကျန် နည်းပါးမှုနှင့် စပါးအသစ် မပေါ်ခြင်းကြောင့် ပြည်တွင်းဆန်ဈေးနှုန်းမှာ သုံးလအတွင်း

မြင့်တက်လာနိုင်ကြောင်း ရန်ကုန်မြို့ရှိ ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင် အတွင်းရေးမှူး ထံမှ သိရပါတယ်။

 

နယ်စပ်ကုန်သွယ်ရေး ကောင်းမွန်လာတဲ့အပြင် စားသုံးသူတွေ တောင်းဆိုတာနဲ့ စပါးဘေးအန္တရာယ်တွေကြောင့် ပြည်တွင်းဆန်ဈေးနှုန်းက လက်ရှိပေါက်ဈေးထက် သုံးလအတွင်း ငွေကျပ်ငါးထောင်အထိ မြင့်တက်လာနိုင်ပါတယ် ဟု ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင် အတွင်းရေးမှူးကပြောကြားခဲ့ပါတယ်။

 

ပြည်ပတင်ပို့သူ များ၏ လိုအပ်ချက်၊ နယ်စပ်ဘက်မှ ဝယ်လိုအားပေါ် မူတည်၍ ဆန်ဈေးနှုန်း မည်မျှ မြင့်တက်နိုင်မည်ဟု အတိအကျ မပြောနိုင်သော်လည်း လက်ရှိပေါက်ဈေးထက် လျော့ကျမည့် အနေအထားမရှိဘဲ ပိုမိုမြင့်တက်ရန်သာရှိကြောင်း သိရပါတယ်။

 

Read More >>>>>  အီကွေဒေါနိုင်ငံသို့ ဆန်ဈေးကွက်သစ်အဖြစ် ထိုးဖောက်တင်ပို့

နောက်စပါးအသစ် မပေါ်မချင်း မိုးစပါးရော လက်ရှိပေါ်မယ့်ဆန်ပါ မရှိသေးဘူး။ ဒီကာလ သုံးလလောက်အထိ နောက်ထပ် အသစ်မပေါ်ခင် အချိန်ထိ ဆန်ဟောင်းကိုပဲ မှီခိုနေရတဲ့ အခြေအနေမှာ ဆန်ဈေးက ဒီထက်မကျနိုင်ဘူး။ ဒီထက် ပိုတက်ဖို့ပဲရှိတယ် ဟု ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင် အတွင်းရေးမှူး ထံမှ သိရပါတယ်။

 

ယခင်က ဆန်စက်များ၌ ၁၀ ဦးခန့် စပါးကြိတ်သော်လည်း ယခုအခါ စပါးလက်ကျန် နည်းပါးသောကြောင့် သုံးဦးခန့်သာ ကြိတ်စရာ စပါးကျန်ရှိသဖြင့် ဈေးကွက်သို့ တင်ပို့သည့် ဆန်အရေအတွက် မှာလည်း ငါးပုံ တစ်ပုံခန့် လျော့နည်းသွားကာ ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားကြောင်း သိရပါတယ်။

 

လက်ရှိ ပြည်တွင်းဆန်ကြမ်း ဈေးနှုန်းမှာ ယခင်လနှင့်ယှဉ်လျှင် ဆန်တစ်အိတ်ကို ငွေကျပ် နှစ်ထောင်ခန့် မြင့်တက်လာပြီး ကုန်စည်ဒိုင်များ၏ လက်ကားဈေးနှုန်းမှာ တစ်အိတ်လျှင် ငွေကျပ် ၂၅၀ဝ၀ ခန့်ရှိကြောင်း သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 11:56
Rate this item
(1 Vote)