Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကွမ်းသီး အထွက်နှုန်း ထက်ဝက်ခန့်လျော့ကျ

Unicode

ကွမ်းသီး အထွက်နှုန်း ထက်ဝက်ခန့်လျော့ကျ


ရာသီဥတုပူသဖြင့် ယခုနှစ် ထားဝယ်ခရိုင်တွင် ကွမ်းသီးအထွက်နှုန်း ထက်ဝက်ခန့် လျော့ကျခဲ့သည်ဟု ကွမ်းသီးစိုက်ပျိုး ထုတ်လုပ်ရောင်းချသည့် တောင်သူများထံမှ သိရသည်။

 

ကွမ်းသီး သီးချိန်တွင် အပူရှိန်ပြင်းကာ မိုးမရွာသဖြင့် သီးကင်းများပုပ်၍ ကြွေကျကုန်သဖြင့် မနှစ်က ထက် ထက်ဝက်ခန့်ထွက်နှုန်းလျော့ကျသွားခဲ့သည်ဟု သရက်ချောင်းမြို့နယ်၊ စုံစင်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးသင်းအောင်က ပြောကြားသည်။

 

"မနှစ်တုန်းက ကျွန်တော့်မှာ ကွမ်းသီးနှစ်သိန်း၊ သုံးသိန်းလောက် သီးတယ်။ ဒီနှစ်ကတော့  တစ်ဝက်လောက်ပဲကျန်တယ်။ မနှစ်တုန်းက ပူရှိန်အားပြင်းပြီး မိုးကမရွာတော့ သီးကင်းတွေခြောက်ပြီး ကြွေကုန်တယ် " ဟု ဦးသင်းအောင်က ဆိုသည်။

 

Read More >>>>  ျမန္မာႏိုင္ငံ အထက္ပိုင္း၌ GAP စနစ္ျဖင့္ ေဆာင္းင႐ုတ္ စိုက္ပ်ဳိးရန္ ေဆာင္ရြက္ေန

 

ပြီးခဲ့သည့် သုံးလေးနှစ်ခန့်က ကွမ်းသီးအထွက်နှုန်း လျော့ကျခဲ့ဖူးပြီး နှစ်တိုင်းမဖြစ်ဟု ၎င်းက ပြောကြားသည်။

 

ယခင်က ကွမ်းသီးတစ်ခါခူး ရောင်းလျှင် ငွေကျပ် တစ်သိန်းကျော်ရသော်လည်း ယခုနှစ်တွင် ငွေကျပ် သုံးသောင်းကျော်သာရသည်ဟု တစ်နိုင်တစ်ပိုင် ကွမ်းသီးစိုက်ပျိုးထားသည့် သရက်ချောင်း မြို့နယ်၊ ရန်တောင်ကျေးရွာမှ ဒေါ်ဝင်းအေးက ဆိုသည်။

 

အချို့ခြံရှင်များမှာ ကိုယ်တိုင်မလုပ်နိုင်သဖြင့် ကွမ်းသီးပင်ကို အရေအတွက်၊ သီးကင်းထွက်သည့်အပေါ် မူတည်ကာ သီးစားရောင်းချကြသည်။

 

ယခုနှစ်တွင် တစ်ရက်လျှင် ကွမ်းသီးခြောက် ပိဿာချိန် ၂၀၀ ခန့်သာ ဝယ်ယူရပြီး ယမန်နှစ်က တစ်ရက်လျှင် ကွမ်းသီးခြောက် ပိဿာချိန် ၁၅၀၀ ခန့်ထိ ဝယ်ယူရသည်ဟု လောင်းလုံးမြို့နယ်၊ တောင်ပို့ကျေးရွာမှ ပွဲရုံပိုင်ရှင် ကိုသန့်ဇင်ဌေးက ပြောကြားသည်။

 

ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးဆက်အနေနှင့် မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ် ၃၀ မှစ၍ ဆယ်စုနှစ်တစ်ခုတိုင်းတွင် ကုန်းတွင်းဒေသ၏ အမြင့်ဆုံးအပူချိန်မှာ သုည ဒသမ ၅၇ ဒီဂရီ စင်တီဂရိတ်ထိ အပူချိန်များ မြင့်တက်လာသည်ဟု မိုး/ဇလ၏ အချက်အလက်များအရ သိရသည်။

 

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အပူချိန် သုည ဒသမ ၄ ဒီဂရီစင်တီဂရိတ်မှ သုည ဒသမ ၇ ဒီဂရီ စင်တီဂရိတ်ခန့် မြင့်တက်လာနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်နှင့် ဆက်စပ်ဒေသ များတွင် အပူချိန်များမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၀၁-၂၀၂၀ ခုနှစ်အတွက်  ရာသီဥတုပြောင်းလဲမှုခန့်မှန်းချက်အရ သိရသည်။

 

ထားဝယ်ခရိုင်တွင် စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်မည်ဟု တိုင်းအစိုးရက မူဝါဒချမှတ် ထားသည်။

 

Source: The Voice

 

 

 

 

ကြမ္းသီး အထြက္ႏႈန္း ထက္ဝက္ခန္႕ေလ်ာ့က်

 

ရာသီဥတုပူသျဖင့္ ယခုႏွစ္ ထားဝယ္ခ႐ိုင္တြင္ ကြမ္းသီးအထြက္ႏႈန္း ထက္ဝက္ခန္႕ ေလ်ာ့က်ခဲ့သည္ဟု ကြမ္းသီးစိုက္ပ်ဳိး ထုတ္လုပ္ေရာင္းခ်သည့္ ေတာင္သူမ်ားထံမွ သိရသည္။

 

ကြမ္းသီး သီးခ်ိန္တြင္ အပူရွိန္ျပင္းကာ မိုးမရြာသျဖင့္ သီးကင္းမ်ားပုပ္၍ ေၾကြက်ကုန္သျဖင့္ မႏွစ္က ထက္ ထက္ဝက္ခန္႕ထြက္ႏႈန္းေလ်ာ့က်သြားခဲ့သည္ဟု သရက္ေခ်ာင္းၿမိဳ ႔နယ္၊ စံုစင္ေက်းရြာ အုပ္ခ်ဳပ္ ေရးမွဴး ဦးသင္းေအာင္က ေျပာၾကားသည္။

 

"မႏွစ္တုန္းက ကြ်န္ေတာ့္မွာ ကြမ္းသီးႏွစ္သိန္း၊ သံုးသိန္းေလာက္ သီးတယ္။ ဒီႏွစ္ကေတာ့  တစ္ဝက္ေလာက္ပဲက်န္တယ္။ မႏွစ္တုန္းက ပူရွိန္အားျပင္းၿပီး မိုးကမရြာေတာ့ သီးကင္းေတြေျခာက္ၿပီး ေၾကြကုန္တယ္ " ဟု ဦးသင္းေအာင္က ဆိုသည္။

 

Read More >>>>  ျမန္မာႏိုင္ငံ အထက္ပိုင္း၌ GAP စနစ္ျဖင့္ ေဆာင္းင႐ုတ္ စိုက္ပ်ဳိးရန္ ေဆာင္ရြက္ေန

 

ၿပီးခဲ့သည့္ သံုးေလးႏွစ္ခန္႕က ကြမ္းသီးအထြက္ႏႈန္း ေလ်ာ့က်ခဲ့ဖူးၿပီး ႏွစ္တိုင္းမျဖစ္ဟု ၎က ေျပာၾကားသည္။

 

ယခင္က ကြမ္းသီးတစ္ခါခူး ေရာင္းလွ်င္ ေငြက်ပ္ တစ္သိန္းေက်ာ္ရေသာ္လည္း ယခုႏွစ္တြင္ ေငြက်ပ္ သံုးေသာင္းေက်ာ္သာရသည္ဟု တစ္ႏိုင္တစ္ပိုင္ ကြမ္းသီးစိုက္ပ်ဳိးထားသည့္ သရက္ေခ်ာင္း ၿမိဳ ႔နယ္၊ ရန္ေတာင္ေက်းရြာမွ ေဒၚဝင္းေအးက ဆိုသည္။

 

အခ်ဳိ ႔ၿခံရွင္မ်ားမွာ ကိုယ္တိုင္မလုပ္ႏိုင္သျဖင့္ ကြမ္းသီးပင္ကို အေရအတြက္၊ သီးကင္းထြက္သည့္အေပၚ မူတည္ကာ သီးစားေရာင္းခ်ၾကသည္။

 

ယခုႏွစ္တြင္ တစ္ရက္လွ်င္ ကြမ္းသီးေျခာက္ ပိႆာခ်ိန္ ၂၀၀ ခန္႕သာ ဝယ္ယူရၿပီး ယမန္ႏွစ္က တစ္ရက္လွ်င္ ကြမ္းသီးေျခာက္ ပိႆာခ်ိန္ ၁၅၀၀ ခန္႕ထိ ဝယ္ယူရသည္ဟု ေလာင္းလံုးၿမိဳ ႔နယ္၊ ေတာင္ပို႕ေက်းရြာမွ ပြဲ႐ံုပိုင္ရွင္ ကိုသန္႕ဇင္ေဌးက ေျပာၾကားသည္။

 

ကမ႓ာႀကီးပူေႏြးလာမႈ၏ အက်ဳိးဆက္အေနႏွင့္ ျမန္မာႏိုင္ငံတြင္ လြန္ခဲ့သည့္ ႏွစ္ ၃၀ မွစ၍ ဆယ္စုႏွစ္တစ္ခုတိုင္းတြင္ ကုန္းတြင္းေဒသ၏ အျမင့္ဆံုးအပူခ်ိန္မွာ သုည ဒသမ ၅၇ ဒီဂရီ စင္တီဂရိတ္ထိ အပူခ်ိန္မ်ား ျမင့္တက္လာသည္ဟု မိုး/ဇလ၏ အခ်က္အလက္မ်ားအရ သိရသည္။

 

ျမန္မာႏိုင္ငံ တစ္ဝန္းလံုးတြင္ အပူခ်ိန္ သုည ဒသမ ၄ ဒီဂရီစင္တီဂရိတ္မွ သုည ဒသမ ၇ ဒီဂရီ စင္တီဂရိတ္ခန္႕ ျမင့္တက္လာႏိုင္ၿပီး ရန္ကုန္တိုင္းေဒသႀကီး၊ ျမစ္ဝကြ်န္းေပၚႏွင့္ ဆက္စပ္ေဒသ မ်ားတြင္ အပူခ်ိန္မ်ားမည္ျဖစ္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန၏ ၂၀၀၁-၂၀၂၀ ခုႏွစ္အတြက္  ရာသီဥတုေျပာင္းလဲမႈခန္႕မွန္းခ်က္အရ သိရသည္။

 

ထားဝယ္ခ႐ိုင္တြင္ စိုက္ပ်ဳိးေရးႏွင့္ ခရီးသြားလုပ္ငန္းကို ျမွင့္တင္မည္ဟု တိုင္းအစိုးရက မူဝါဒခ်မွတ္ ထားသည္။

 

Source: The Voice

Read times Last modified on Tuesday, 04 February 2020 17:13
Rate this item
(0 votes)