Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကျွဲ၊၊ နွားအရှင် တင်ပို့မှုမှ ၁၀ လကျော်အတွင်း ကန်ဒေါ်လာသန်း ၁၀၀ ခန့် ရရှိထား

ပြည်ပသို့ ကျွဲ၊ နွားအရှင်တင်ပို့မှု ပြန်လည်ခွင့်ပြုခဲ့သည့် ၁၀ လကျော်အတွင်း ကောင်ရေရှစ်သောင်းကျော်တင် ပို့ထားပြီး ကန်ဒေါ်လာသန်း ၁၀၀ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်း ဝန် ဦးခင်မောင်လွင်က ပြောသည်။

 

၁၅ နှစ်ခန့်ကြာ ပိတ်ပင်ထား သည့် ပြည်ပသို့ ကျွဲ၊ နွားအရှင်များ တင်ပို့မှုကိုတရားဝင်ခွင့်ပြုကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၇ အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။

 

ဈေးကွက် အခြေအနေနှင့် ပြည်တွင်းမွေးမြူထုတ်လုပ်နိုင်မှု အခြေအနေပေါ်မူတည်၍ သတ် မှတ်လုပ်ထုံးလုပ်နည်းများနှင့်အ ညီ ၂၀၁၇ အောက်တိုဘာ ၉ ရက် ကစတင်ပြီး ပြန်လည်ခွင့်ပြုခြင်း ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

 

မွေးမြူရေးနှင့် ကုသရေးဦး စီးဌာနမှ ကျွဲ၊ နွားအရှင်တင်ပို့မှုကို စမ်းသပ်ကာလ တစ်နှစ်အဖြစ် သတ်မှတ်ကာ အောင်မြင်မှုမရှိ ပါက ရပ်ဆိုင်းမည်ဟု ပြောကြား ထားသည့်အပေါ် လက်ရှိတွင် တင်ပို့မှုများလည်း ရှိနေပြီး အဆက်မပြတ်လုပ်ဆောင်နေသည် ဟု ဦးခင်မောင်လွင်က ဆိုသည်။

 

‘‘ကျွဲ၊ နွားက တောက်လျှောက်တင်ပို့နေမှာ။ လုပ်ကိုင်နေတဲ့ ကုမ္ပဏီကတော့ အများကြီးပဲ။ လက်ရှိကတော့ မြဝတီလည်း ပို့နေတယ်။ ရခိုင်ဘက်လည်း ပို့ နေတယ်။ မူဆယ်ကလည်း ပို့နေ တယ်’’ဟု ၎င်းက ဖြည့်စွက်ပြော ကြားသည်။

 

ရခိုင်နှင့် မြဝတီသို့ ပို့ဆောင် နေသော်လည်း မူဆယ်လမ်း ကြောင်းမှ တင်ပို့မှုက အဓိကဖြစ်သည်ဟု သုံးသပ်ပြောကြား သည်။

 

‘‘အဓိကပို့နေတာကတော့ တရုတ်ဘက်ကို မူဆယ်ကနေ ပို့ နေတာပေါ့’’ဟု ဦးခင်မောင်လွင် က ပြောသည်။

 

ယင်းသို့ ဝန်ကြီးဌာနက ကျွဲ၊ နွားပြည်ပတင်ပို့မှု ကန့်သတ်တားမြစ်ပေးရန် မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ယခုလအတွင်း လွှတ်တော်တွင် အဆိုတင်ခဲ့သည်။ စိုက်ပျိုးရေးစက်ကိရိယာများ အပြည့်အဝ မတင်သွင်း၊ မသုံးစွဲနိုင်မီ လယ်ယာတွင် အသုံးပြုနေသော ခိုင်းကျွဲ၊ ခိုင်းနွားများ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေခြင်းအပေါ် တားမြစ်ပေးရန် အဆိုတင်ခဲ့သည်။ သို့သော် အဆိုကို ကန့်ကွက်သူများ၍ ရှုံးနိမ့်ခဲ့သည်။

 

ကောက်ယူရရှိထားသော စာရင်းများအရ မြန်မာနိုင်ငံတွင် ကျွဲ၊ နွားကောင်ရေ ၁၁ ဒသမ ၅ သန်းရှိကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ကြေညာထားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 10:19
Rate this item
(1 Vote)