Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သင်္ကြန်ကာလအတွက် စားသောက်ကုန်များ ကြိုတင်ဝယ်ယူစုဆောင်းမှုများကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ရောင်းအားကောင်းနေ

ရန်ကုန်မြို့ ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် သင်္ကြန်ကာလအတွက် စားသောက်ကုန်များကို ကြိုတင်ဝယ်ယူစုဆာင်းမှုများကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရပါတယ်။

 

ထိုသို့ဝယ်ယူသူများပြားကာ အရောင်းအဝယ်ကောင်းလာသော်လည်း ဈေးနှုန်းများ မြင့်တက်ခြင်းမရှိဘဲ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး စသည့် စားသောက်ကုန်များမှာ ပြီးခဲ့သည့်နှစ်က အခြေအနေနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကျဆင်းနေကြောင်း သိရပါတယ်။

 

"ကြက်သွနိက တစ်ပိဿာကို ငွေကျပ် ၃၀၀ လောက်ကနေ ၅၀၀ လောက်အထိပဲရှိတယ်။ မနှစ်ကနဲ့ယှဉ်ရင် ဈေးမတက်တဲ့အပြင် ကျနေသေးတယ်။ ကြက်သွန်ဖြူက တစ်ပိဿာကို ငွေကျပ် ၁၂၀၀ ကနေ ၁၆၀၀ ကြား၊ အာလူးဆိုရင် တစ်ပိဿာကို ငွေကျပ် ၃၀၀ ကနေ ၆၀၀ လောက်ရှိတယ်" ဟု ဦးသန်းမြင့်က ပြောကြားခဲ့ပါတယ်။

 

ယခုကာလအတွင်း ဝယ်ယူသူအများစုသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆင်ခြေဖုံးဒေသများရှိ လက်လီဈေးအသီးသီးတွင် တစ်ဆင်ပြန်လည်ရောင်းချသူများဖြစ်သည်။

 

ပြီးခဲ့သည့်နှစ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကြက်သွန်ဈေးနှုန်းများ ကျဆင်းခြင်းသည် ဈေးကွက်အတွင်း ကြက်သွန်အသစ်အများအပြား ဝင်ရောက်မှုရှိသကဲ့သို့ အစိုဓာတ်များသဖြင့် လှောင်လက်များက ဝယ်ယူခြင်းမရှိသောကြောင့်ဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Thursday, 04 April 2019 12:40
Rate this item
(1 Vote)