Food & Livestock



ကမ္ဘာ့ဆန်ဈေး အမြင့်ဆုံးသို့ တက်လာပြီး ပို၍ပင် မြင့်တက်လာနိုင်သည်ဟု FAO ပြောကြား

ကမ္ဘာ့ဆန်ဈေး အမြင့်ဆုံးသို့ တက်လာပြီး ပို၍ပင် မြင့်တက်လာနိုင်သည်ဟု FAO ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီမှ အဆိုအရ ၁၂ နှစ်အတွင်း ဆန်ဈေးသည် အမြင့်ဆုံးသို့ တက်လာခဲ့သည်ဟု ပြောကြားသည်။

 

စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့Food and Agriculture Organization  (FAO) ၏ ဆန်အားလုံးစျေးနှုန်းညွှန်းကိန်း All Rice Price Index သည် ဇူလိုင်လတွင် ၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမှတ် ၁၂၉ ဒသမ ၇ သို့ ရောက်ရှိလာသည်။  ၂၀၁၁ စက်တင်ဘာလ နောက်ပိုင်း အမြင့်ဆုံးအမှတ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

 

အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှု ပိတ်ပင်မှုနှင့် စပါး ထုတ်လုပ်မှုကို ထိခိုက်စေနိုင်သည့် ဆိုးရွားသော ရာသီဥတုအခြေအနေများကြောင့် ၁၂ နှစ်နီးပါးအတွင်း ဆန်ဈေးသည် အမြင့်ဆုံးသို့ တက်သွားခဲ့ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီက ပြောကြားခဲ့သည်။

ထိုင်းဆန်သည် စျေးအတက်ဆုံး ဖြစ်သည်။

 

"ဗီယက်နမ်၏ လက်ရှိဖြစ်ပေါ်နေသော နွေ-ဆောင်းဦး စပါးအတွက် မိုးပြတ်တောက်မှုများနှင့် အရည်အသွေး ကွာဟမှုတို့ ရှိနေသည်။ စပါးထုတ်လုပ်မှုအပေါ် အယ်နီညို၏ ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုများအပေါ် စိုးရိမ်မှုများသည် စျေးတက်အောင် ထပ်မံတွန်းတင်ပေးနေသည်"ဟု FAO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သည့် အိန္ဒိယနိုင်ငံသည် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို ဇူလိုင်လ ၂၀ ရက်တွင် တားမြစ်ခဲ့သည်။  

အစိုးရသည် ပြည်တွင်း ဆန်နှင့် ဆန်ကွဲ ဈေးနှုန်းများ မြင့်တက်လာနေသည်ကိုထိန်းရန် ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ကို့မှုကို ထိန်းချုပ်ထားသည်။ "သင့်တင့်သောစျေးနှုန်းဖြင့်" ဆန် အလုံအလောက် ရှိနေစေရန် အရန်ရိက္ခာအတွက် ဝယ်ယူသိုလှောင်နေသည်။

အိန္ဒိယဆန်သည် ကမ္ဘာ့ဆန်ကုန်သွယ်မှု၏ ၄၀ ရာခိုင်နှုန်းကျော်ရှိသည်။

 

ဆန်ဈေးနှုန်းများ စံချိန်တင် မြင့်တက်နေပြီး ထပ်တက်နိုင်သည်ဟု ကျွမ်းကျင်သူတို့က ခန့်မှန်းထားကြသည်။ 

 

"၂၀၂၃ ဇူလိုင်လအတွက် FAO ဆန်စျေးနှုန်းအညွှန်းကိန်းထက် ၂၀၂၃ ဩဂုတ်လက ပိုမိုမြင့်မားနေတာ တွေ့ရနိုင်တယ်"ဟု ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးဘဏ် Rabobank မှ အကြီးတန်း ဆန်းစစ်သူ Oscar Tjakra က ပြောကြားသည်။

 

အိန္ဒိယ၏ ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှု ပိတ်ပင်လိုက်သည့် အချိန်ကာလသည် အာရှမှ ဆန်တင်ပို့သည့် နိုင်ငံများတွင် ဆန်သစ် မပေါ်သေးသဖြင့် လက်ကျန်နည်းနေသည့်ကာလနှင့် တိုက်ဆိုင်နေသည်ဟု ၎င်းက ပြောကြားသည်။

 

"တခြားနိုင်ငံတွေက ပို့ကုန်ဆန်အပေါ် ကန့်သတ်ချက်တွေ ကျင့်သုံးရင် စျေးနှုန်းတွေ ထပ်တက်လာနိုင်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

 

“ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် ဆန်ကို တင်သွင်းတဲ့နိုင်ငံတွေက ဆန်တွေ တင်သွင်းပြီး အရန်ဆန် သိုလှောင်ဖို့ကြိုးစားနေကြတာကြောင့်လည်း ဈေးက ပိုတက်နိုင်တယ်" ဟု ၎င်းက ပြောကြားသည်။

 

အယ်နီညိုသည် ထိုင်း၊ ပါကစ္စတန်နှင့် ဗီယက်နမ်တို့ကဲ့သို့ အာရှမှ ဆန်အဓိကထုတ်လုပ်သည့် နိုင်ငံများတွင် စပါး အထွက်နည်းအောင် ပြုပါက ကမ္ဘာ့ဆန် ထုတ်လုပ်မှု သိသိသာသာ လျော့ကျမည် ဖြစ်သည်။

 

 “လာမယ့် လအနည်းငယ်အတွင်းမှာ အယ်နီညိုရဲ့ သက်ရောက်မှုက ကမ္ဘာ့ဆန်ဈေးရဲ့ အတက်အကျ ဦးတည်ချက်ကို ဆုံးဖြတ်သွားမှာပါ”ဟု Tjakra က ပြောကြားသည်။

Source cmbc

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Friday, 11 August 2023 19:35
Rate this item
(0 votes)